လကမ္ဘာကို ပစ္စည်းတွေပို့ပေးတဲ့ ဝန်ဆောင်မှုတစ်ခု လုပ်ချင်နေတဲ့ Amazon သူဌေး Jeff Bezos

date_range 03 March 2017

လကမ္ဘာကို ပစ္စည်းတွေပို့ပေးတဲ့ ဝန်ဆောင်မှုတစ်ခု လုပ်ချင်နေတဲ့ Amazon သူဌေး Jeff Bezos

visibility Views

                SpaceX ရဲ့ CEO Elon Musk က လကမ္ဘာကို ခရီးသည်တွေ အလည်အပါတ် ခေါ်တော့မယ်ဆိုတော့ (အဲ့ဒီ့သတင်းကို ဒီလင်ခ့် မှာဖတ်ရှုနိုင်ပါတယ်) Amazon သူဌေး Jeff Bezos ကလည်း အားကျမခံ လကမ္ဘာကို ပစ္စည်းတွေပို့ပေးတဲ့ ဝန်ဆောင်မှုတစ်ခု လုပ်ချင်နေတယ်လို့ ကုမ္ပဏီရဲ့ အတွင်းအစီရင်ခံစာတစ်ခုမှာ ရေးထားကြောင်း The Washington Post က ဆိုထားပါတယ်။

                Blue Origin ဆိုတဲ့ အာကာသခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်သူလည်းဖြစ်၊ The Washington Post ကိုလည်း ပိုင်ဆိုင်သူ Jeff Bezos ဟာ နောက်နောင်လူသားတွေ လကမ္ဘာပေါ်မှာ အခြေချနေထိုင်တဲ့အခါ ကောင်းမွန်တဲ့ ပစ္စည်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတစ်ခု လိုအပ်လာမှာလို့ ကုမ္ပဏီရဲ့ အတွင်းအစီရင်ခံစာမှာ ထပ်မံရေးသားထားပါသေးတယ်။

                NASA ရဲ့ အကြီးအကဲတွေနဲ့ အမေရိကန်သမ္မတ Trump ရဲ့  အစိုးရအာဏာလွှဲပြောင်းရေးအဖွဲ့ဆီကို ပို့ပေးထားတဲ့ Blue Origin ကုမ္ပဏီရဲ့ အစီရင်ခံစာထဲမှာတော့ Amazon Prime နဲ့ဆင်တူတဲ့ ပစ္စည်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတစ်ခုကို ကမ္ဘာမြေနဲ့ လကမ္ဘာအကြား ပြုလုပ်သွားမယ်လို့ ဆိုထားပါတယ်။

                အဲ့ဒီ့ အစီအရင်ခံစာထဲမှာပဲ ပေါင် ၁၀,၀၀၀ လောက်ရှိတဲ့ပစ္စည်းများကို ကမ္ဘာမြေနဲ့ လကမ္ဘာအကြား သယ်ယူပို့ဆောင်နိုင်မယ့် Blue Moon ဆိုတဲ့ အာကာသလွန်းပျံယဥ်ရဲ့ ဒီဇိုင်းပုံစံအကြမ်းကိုလည်း တင်ပြထားတဲ့အပြင် လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်း၊ နေရောင်ခြည်အမြဲတမ်းလိုလို ရနိုင်မယ့်နေရာကိုလည်း လွန်းပျံယဥ်ဆင်းသက်ဖို့အတွက် Bezos က မောင်ပိုင်စီးထားတယ်လို့ ရေးသားထားပါတယ်။

                ပုဂ္ဂလိက ကုမ္ပဏီတစ်ခုအနေနဲ့ လူသားတွေတောင် အခြေမချနိုင်သေးတဲ့ လကမ္ဘာပေါ်မှာတောင် လွန်းပျံယဥ်ဆင်းသက်ဖို့နေရာကို အဲ့ဒီ့လို မောင်ပိုင်စီးလို့ရနေပြီလား ဆိုတာကတော့ အငြင်းပွားဖွယ်အဆင့်မှာပဲ ရှိနေပါသေးတယ်။

References
The Verge
About Author
Assinged Tags
SpaceX Elon Musk Space Travel Amazon Amazon Prime Jeff Bezos NASA Donald Trump Blue Origin Blue Moon
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed