Blue Origin ရဲ့အနာဂါတ်အတွက် Amazon ရှယ်ယာတွေကို တစ်နှစ်တစ်ခါ ရောင်းချသွားမယ့် Jeff Bezos

date_range 07 April 2017

Blue Origin ရဲ့အနာဂါတ်အတွက် Amazon ရှယ်ယာတွေကို တစ်နှစ်တစ်ခါ ရောင်းချသွားမယ့် Jeff Bezos

visibility 200 Views

                အာကာသခရီးသွားကုမ္ပဏီတွေလည်းဖြစ်၊ ပြိုင်ဘက်တွေလည်းဖြစ်တဲ့ Blue Origin နဲ့ SpaceX ကြားက ပြိုင်ဆိုင်မှုဟာ တစ်နေ့တစ်ခြား ပြင်းထန်လာပါတယ်။

                Amazon သူဌေး Jeff Bezos ဟာ Blue Origin ရဲ့အနာဂါတ်အတွက် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်တန်ဖိုးရှိတဲ့ Amazon ကရှယ်ယာကို တစ်နှစ်တစ်ခါ ရောင်းချသွားဖို့ စီစဉ်နေတယ်လို့ SpaceNews မီဒီယာကနေ သတင်းရရှိခဲ့ပါတယ်။

                Microsoft သူဌေး Bill Gates ပြီးရင် လက်ရှိ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးဖြစ်တဲ့ Amazon သူဌေး Jeff Bezos ရဲ့ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ သန်း ၇၈,၀၀၀ ဒေါ်လာတောင် ရှိပါတယ်။ ဒီတော့ ရာစုနှစ်တစ်ခုလောက်ထိ Amazon ရဲ့ ရှယ်ယာတွေကို ရောင်းချသွားနိုင်မှာပါ။

                နောက်ပြီး Jeff Bezos ဒီလိုမျိုး ကျားကွက်ရွှေ့လိုက်တာကလည်း SpaceX ကို စိန်ခေါ်လိုက်တဲ့ သဘောပါပဲ။ Jeff Bezos လောက် မချမ်းသာတဲ့ Elon Musk အတွက်ကတော့ မျက်ခုံးလှုပ်စရာပါ။ ဒါပေမယ့် SpaceX ဘက်ကလည်း အောင်မြင်မှုတွေရရှိခဲ့ပြီး ဖြစ်တာကြောင့် အနာဂါတ်မှာ SpaceX နဲ့ Blue Origin ကြားက ပြိုင်ဆိုင်မှုဟာ ပိုပြီးပြင်းထန်လာဖို့ ရှိပါတယ်။

                ကုမ္ပဏီနှစ်ခုစလုံးမှာ အောင်မြင်မှုရရှိပြီးသား လွန်းပျံယာဉ်တွေရှိနေပြီး ဒီလွန်းပျံယာဉ်တွေဟာ တစ်ခါလွှတ်တင်ပြီးရင် အလကားမဖြစ်သွားပဲ ပြန်လည်ပြင်ဆင်လွှတ်တင်နိုင်တဲ့ အထိနည်းပညာတွေကလည်း အထွတ်အထိပ်ရောက်ရှိနေပါပြီ။ ကုမ္ပဏီနှစ်ခုစလုံးကလည်း ၂၀၁၈ ခုနှစ်မှာ အာကာသထဲကို အာကာသခရီးသွားတွေ ခေါ်ဆောင်သွားဖို့ ပြင်ဆင်နေကြပါတယ်။

                Blue Origin ရဲ့ New Shepard လွန်းပျံယာဉ်ဟာဆိုရင် လွှတ်တင်လိုက်၊ ပြင်ဆင်လိုက်၊ ပြန်လွှတ်တင်လိုက် လုပ်ခဲ့တာ အခုဆိုရင် ငါးကြိမ်မြောက်တောင် ရှိခဲ့ပါပြီ။ ဒီလိုအောင်မြင်မှုတွေရရှိပြီးပေမယ့်လည်း နောက်ထပ် Project တွေအတွက် အခုလိုမျိုး ငွေကြေးလိုအပ်တာလည်း ဖြစ်ပါတယ်။

                Blue Origin အနေနဲ့ New Glenn ဆိုတဲ့ လွန်းပျံယာဉ်အသစ်ကို စတင်ပြုလုပ်နေပြီး New Glenn ဟာ New Shepard ထက်ပိုပြီးမြင့်မယ့်အပြင်၊ Blue Origin ကိုယ်ပိုင်ပြုလုပ်ထားတဲ့ BE-4s လို့ခေါ်တဲ့ Rocket Engine တွေ ခုနှစ်လုံးထိအောင် တပ်ဆင်သွားမှာဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
SpaceX Elon Musk Space Travel Amazon Jeff Bezos Blue Origin
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed