Accelerated Mobile Pages (AMP) ကို Google Feed မှာ စတင်ဖော်ပြပေးနေ

date_range 16 July 2017

Accelerated Mobile Pages (AMP) ကို Google Feed မှာ စတင်ဖော်ပြပေးနေ

visibility 260 Views

                ကျွန်တော်တို့ Facebook မှာ မိုးကြိုးသွားပုံလေးနဲ့ Link တွေကိုနှိပ်လိုက်ရင် Loading မရှိပဲ အထဲကစာတွေကိုဖတ်ရှုလို့ရတာကို မြင်ဖူးကြမှာပါ။ ဒီလိုချက်ချင်း Loading မတက်ပဲကြည့်လို့ရတဲ့ Link တွေကို Facebook မှာတော့ Instant Articles လို့သုံးနှုန်းပြီး Google ကတော့ Accelerated Mobile Pages (AMP) လို့သုံးနှုန်းပါတယ် (ဒီအကြောင်းကို ကျွန်တော်တို့ရဲ့ ဆောင်းပါးတစ်ခု မှာ ဖော်ပြပေးထားပါတယ်)။


                လွန်ခဲ့တဲ့ ဖေဖော်ဝါရီလလောက်မှာ Google မှ AMP ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ Mobile မှာ Google Search လုပ်တဲ့အခါကျရင် Websites တွေ မြန်မြန်ဆန်ဆန် Loading တက်လာဖို့အတွက် AMP ကို အသုံးပြုလို့ရပါတယ်။ ဒီလိုပြုလုပ်နိုင်တာဟာလည်း HTML Files တွေ၊ CSS Files တွေ၊ ပုံတွေနဲ့ ဗီဒီယိုတွေကို Google Server ကနေ ကောင်းကောင်းမွန်မွန် Cache သိမ်းထားနိုင်တာကြောင့်လည်းဖြစ်ပါတယ်။  

                AMP Support ကို အရင်က Google ရဲ့ Mobile Search Results တွေနဲ့ Google+, Google News တို့လို App တွေမှလွဲပြီး မမြင်တွေ့ခဲ့ရပေမဲ့ အခုအခါမှာ Google App (Google Feed) မှာပါ AMP Web Pages တွေကိုမြင်တွေ့နေရပြီပဲဖြစ်ပါတယ်။ Google App ပေါ်မှာရှာဖွေတဲ့အခါ Search Results တွေကိုလည်း AMP Support နဲ့အတူပြသပေးနိုင်တော့မှာဖြစ်ပါတယ်။


                Google ရဲ့ AMP Support ဟာ Websites တွေ Loading တက်တာမြန်ပေမဲ့ AMP Support ကို Disable လုပ်လို့ရတဲ့ Option လည်းမပါ၀င်သလို AMP အသုံးပြုထားတဲ့ Web Pages တွေမှာ Comment တွေ၀င်ရောက်ဖတ်ရှုလို့မရတဲ့အတွက် အဆင်မပြေပါဘူး။ ဒါပေမဲ့ သတင်းတွေကို Loading မကြာပဲ မြန်မြန်ဆန်ဆန် ဖတ်ရှုချင်တဲ့သူတွေအတွက်တော့ AMP Support ကအဆင်ပြေစေနိုင်မှာပါ။

References
Android Police
About Author
Assinged Tags
Google Google App Google AMP Instant Articles Google News Google Plus Accelerated Mobile Pages AMP
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed