Instant Articles Platform ပေါ်ကို Google ရဲ့ AMP နဲ့ Apple News ကို ဆွဲထည့်လိုက်တဲ့ Facebook

date_range 28 May 2017

Instant Articles Platform ပေါ်ကို Google ရဲ့ AMP နဲ့ Apple News ကို ဆွဲထည့်လိုက်တဲ့ Facebook

visibility 650 Views

                Instant Articles တွေဆိုတာ Mobile Users တွေအတွက် မြန်မြန်ဆန်ဆန်နဲ့၊ ချက်ချင်းဖတ်ရှုနိုင်အောင် Optimized လုပ်ထားတဲ့ Articles တွေ ဖြစ်ပါတယ်။ Facebook App မှာ Instant Articles တွေဆိုရင် မိုးကြိုးသွားပုံလေးနဲ့ ပြသထားပြီး Facebook အနေနဲ့ Instant Articles တွေကို ၂၀၁၅ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

                Google ရဲ့ AMP (Accelerated Mobile Pages) ဆိုတာကလည်း Facebook ရဲ့ Instant Articles တွေနဲ့ ဆင်တူပြီး AMP Articles တွေဆိုရင် မိုးကြိုးသွားပုံလေးဘေးမှာ AMP ဆိုပြီး Google Search Result မှာ ပြသပါတယ်။ Apple News ကတော့ Apple ရဲ့ကိုယ်ပိုင် News Platform ပဲဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် Instant Articles, AMP, Apple News စတာတွေဟာ News Publishing Platforms တွေဖြစ်သလို၊ ပြိုင်ဘက်တွေလည်း ဖြစ်ကြပါတယ်။

                Instant Articles တွေဟာ စတင်မိတ်ဆက်ခဲ့တဲ့ အချိန်တုန်းကတော့ The New York Times တို့၊ The Guardian တို့လို့ Major Publishers ကြီးတွေကိုယ်တိုင် အသုံးပြုခဲ့ကြပေမယ့်၊ Website Traffic မရခြင်း၊ ကြော်ငြာအရေအတွက် ကန့်သတ်ထားခြင်း၊ Content Limit ရှိခြင်း စတာတွေကြောင့် News Publishers တွေ အသုံးနည်းသွားကြပါတယ်။

                အဓိကအချက်ကတော့ Website Traffic မရခြင်းပါပဲ။ စာဖတ်သူတွေအတွက်ကတော့ မြန်မြန်ဆန်ဆန်၊ ချက်ချင်းဖတ်ရှုနိုင်တယ်ဆိုပေမယ့် Publishers တွေအတွက်ကတော့ Website ထဲကို လူမဝင်တော့တာကြောင့် Website ရပ်တည်နိုင်ဖို့ အခက်အခဲတွေ့ရပါတယ်။

                ဒီအချက်တွေကြောင့် Instant Articles တွေဟာ ပြိုင်ဘက် AMP ကို အကြီးအကျယ် ရှံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ Facebook အနေနဲ့ ပြိုင်ဘက်တွေနဲ့ ဆက်ပြီးပြိုင်မနေတော့ပဲ Apple New နဲ့ AMP ကို Instant Articles Platform ပေါ်ကို ဆွဲထည့်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေငြာလိုက်တာပဲ ဖြစ်ပါတယ်။

                အခုလိုမျိုး ဆွဲထည့်လိုက်တာကြောင့် Publishers တွေအနေနဲ့ Article တစ်ခုကို Instant Article Format နဲ့ Publish လုပ်လိုက်ပြီဆိုတာနဲ့ AMP Article Format အနေနဲ့ရော၊ Apple News Format အနေနဲ့ပါ ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။

                Facebook အနေနဲ့ ဒီလိုအကွက်ရွေ့လိုက်တာဟာ Publishers တွေအတွက် Format တွေမတူညီတဲ့ News Platform သုံးခုစလုံးအတွက် ခေါင်းစားနေစရာမလိုအောင် လုပ်ပေးလိုက်တာပဲဖြစ်ပြီး အခုလတ်တစ်လောမှာတော့ Google AMP အတွက်ပဲ SDK (Software Development Kit) Extension ရရှိဉီးမှာပါ။ Apple News အတွက် SDK Extension ကိုတော့ လာမယ့်ရက်သတ္တပါတ်တွေထဲမှာ ထုတ်ပေးသွားဖို့ရှိတယ်လို့ သိရှိရပါတယ်။

                Facebook ရဲ့ Blog Post မှာ Engineering Director တစ်ဉီးဖြစ်တဲ့ Piyush Mangalick ရေးသားထားတာကတော့

“Instant Articles တွေအတွက် ​SDK ဟာ Developers တွေအနေနဲ့ (CMS) Content Management System ထဲမှာရှိနေတဲ့ Articles တွေကို Instant Articles တွေအနေနဲ့ လွယ်လွယ်ကူကူပြသနိုင်အောင် ပြုလုပ်ပေးပြီးသားပါ။ မတူညီတဲ့ Platforms တွေကို တူညီသွားစေဖို့အတွက် Support လုပ်ပေးလိုက်တဲ့အခါမှာတော့ Publishers တွေအနေနဲ့ Instant Articles Style Editor ထဲမှာ ပြုလုပ်ထားတဲ့ Custom Styling Templates တွေကို AMP မှာရော၊ Apple News မှာပါ လွယ်လွယ်ကူကူ ထည့်သွင်းနိုင်တော့မှာ ဖြစ်ပါတယ်”

လို့ ရေးသားထားပါတယ်။

                ပြိုင်ဘက်ဖြစ်တဲ့ YouTube ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် Video Platform ပေါ်ကို အသုံးပြုသူတွေ ရောက်ရှိလာဖို့ ကြိုးစားနေတဲ့ Facebook ဟာ စာဖတ်သူတွေနဲ့ Publishers တွေရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အခုလိုမျိုး SDK အသစ်ကို Facebook Journalism Project ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ထုတ်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။

References
Gadgets 360
About Author
Assinged Tags
Google Facebook Google AMP Instant Articles Apple News
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed