Google Allo ကို Desktop မှာ Web Version အနေနဲ့ မကြာမီအသုံးပြုနိုင်မည်

date_range 09 July 2017

Google Allo ကို Desktop မှာ Web Version အနေနဲ့ မကြာမီအသုံးပြုနိုင်မည်

visibility 340 Views

                Google ရဲ့ အသုံးပြုရလွယ်ကူပြီး Google Assistant လည်း Text-Based အနေနဲ့ပါ၀င်တဲ့ “Allo” Smart Messaging App ကို စက်တင်ဘာလ ၂၀၁၆ မှာ စပြီးမိတ်ဆက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ Messaging App တွေအနေနဲ့ Facebook Messenger, Viber, Line, WeChat နဲ့ Whatsapp တို့ဟာ ကြီးစိုးနေတဲ့အချိန်မှာ Allo လေးအနေနဲ့ ထိုးဖောက်ရမလွယ်ကူခဲ့ပါဘူး။ 

                ဒါပေမဲ့လည်း Sync Service မှာအကောင်းဆုံးဖြစ်တဲ့ Google ဟာ Allo ကိုပြုလုပ်ရာမှာတော့ အတော်လေးကိုပေါ့ပါးပြီး အသုံးပြုရလွယ်ကူရိုးရှင်းတဲ့ Messaging App တစ်ခုဖြစ်အောင်ပြုလုပ်ထားတာကို တွေ့မြင်ရမှာပါ။ Viber တို့လိုပဲ ဖုန်းနံပါတ်နဲ့ပဲအလွယ်တကူ Account ဖွင့်နိုင်ပြီး မိမိ Contact တွေဟာ Google Allo Account ပြုလုပ်ထားတယ်ဆိုရင် Allo Contacts အနေနဲ့ စကားပြောနိုင်မှာပါ။ 


                Google မှ “Allo” Smart Messaging App ကို Web Version ပြုလုပ်နေပြီး နောက်ထပ်ရက်သတ္တပတ်အနည်းငယ် ကြာမြင့်ဦးမယ် ဆိုတဲ့အကြောင်းကို Google Allo နဲ့ Google Duo တို့ရဲ့ ဦးစီးမှုးဖြစ်တဲ့ Amit Fulay ရဲ့ Tweet တစ်ခုအရသိရှိရပါတယ်။


                Desktop App အနေနဲ့ထွက်ရှိဖို့မျှော်လင့်ထားပေမဲ့ စမ်းသပ်အသုံးပြုထားတဲ့ Screenshot တွေအရ Web ပေါ်မှာပဲ "https://allo.google.com/desktop" ကနေ၀င်ပြီး အသုံးပြုရဖွယ်ရှိပါတယ် (လက်ရှိမှာတော့အသုံးပြုလို့မရသေးပါဘူး)။

                Features တွေမစုံလင်သေးပဲ ထွက်လာတာသိပ်မကြာသေးတဲ့ Google Allo ဟာ တခြားနာမည်ကြီး Messaging App တွေကိုတော့ လတ်တလောမှာ မယှဉ်ပြိုင်နိုင်သေးပါဘူး။ SMS Service ကိုလည်း Google Hangouts ကနေ ရုပ်သိမ်း လိုက်တဲ့အပြင် Allo ပေါ်မှာလည်း မမြင်တွေ့ရသေးတာမို့ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးပြုလုပ်ဖို့လိုသေးတယ်လို့ မြင်မိပါတယ်။

References
Android Police
About Author
Assinged Tags
Google Websites Allo Web Apps Messaging App Google Hangouts Hangouts Instant Messaging Web Development Google Allo
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed