Hangouts မှ SMS Services ကို ရုပ်သိမ်းလိုက်ပြီဖြစ်တဲ့ Google

date_range 23 May 2017

Hangouts မှ SMS Services ကို ရုပ်သိမ်းလိုက်ပြီဖြစ်တဲ့ Google

visibility 150 Views

                ယနေ့ကစပြီးတော့ Google မှ Hangouts App ထဲမှ SMS Services တွေအကုန်လုံးကို ရုတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။ အခုမှ ရုတ်တရက်ကြီး ရုတ်သိမ်းလိုက်တာမျိုးမဟုတ်ပဲ Google ဘက်မှ Hangouts အသုံးပြုသူများကို တစ်လကြိုတင်အသိပေးခဲ့ပါတယ်။ Hangouts ရဲ့ SMS Feature ဟာ ကျွန်တော်တို့လို Manufacturers တွေရဲ့ Stock SMS App ပဲအသုံးပြုသူတွေအတွက်တော့ အသုံးမလိုပေမဲ့ တခြား Google ရဲ့ Chat Service နဲ့အတူ SMS ကိုပါပေါင်းပြီးအသုံးပြုတဲ့သူတွေအတွက်ကတော့ ဒီသတင်းဟာ ၀မ်းနည်းစရာကောင်းပါတယ်။

                Google ကနေပြီးတော့ Allo Messaging App ကိုအသစ်ထုတ်လုပ်ခဲ့ပေမဲ့လည်း Hangouts လိုတော့ SMS Services တွေပါ၀င်လာခြင်းမရှိသေးပါဘူး။ နောက်ထပ်ထွက်မယ့် Update တွေမှာကော ပါ၀င်လာမှာလားဆိုတာကို Google ဘက်မှ ကြေညာချက်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ Google မှထုတ်လုပ်ထားတဲ့ Android Messages ဆိုတဲ့ App လေးဟာလည်း အသုံးပြုလို့ကောင်းပေမဲ့ Google Chats တွေနဲ့အတူ SMS ကိုပါ အတူတူ App တစ်ခုတည်းစုစုစည်းစည်း မြင်ချင်သူများအဖို့ကတော့ အဆင်မပြေပါဘူး။ တကယ်လို့သာ သင်ဟာ Hangouts ကို SMS Feature ပါတွဲသုံးတယ်ဆိုရင်တော့ အခုအခါမှာ App နှစ်ခုပြန်ခွဲသုံးရဖို့ရှိပါတယ်။

                Facebook Messenger နဲ့ Signal App တွေမှာလည်း SMS Feature တွေပါ၀င်ပေမဲ့လည်း SMS အတွက် Function တွေဟာသိပ်မစုံလင်တာကြောင့် ပြောင်းလဲအသုံးပြုဖို့အဆင်မပြေပါဘူး။ ပြီးတော့ Hangouts လောက်လည်း SMS Feature ကိုဦးစားမပေးထားတဲ့အပြင် သူတို့ကုမ္ပဏီရဲ့ Service ကိုပိုမိုအသုံးပြုဖို့သာအခြေခံထားတာကြောင့် Best Alternative App တွေတော့မဟုတ်ကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Hangouts App ရဲ့ SMS Feature ကိုရုတ်သိမ်းလိုက်ပြီး နောက်ထပ်လည်း SMS Features အတွက်အစီအစဉ်မထားရှိပေးတဲ့ Google အတွက် အနည်းငယ်အားမလိုအားမရတော့ဖြစ်မိပါတယ်။

References
Android Police
About Author
Assinged Tags
Google Facebook Android Android App Messenger Android Phone Google Hangouts Hangouts Facebook Messenger Signal
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed