Android Nougat Update ရရှိမယ့် ဖုန်းစာရင်းကို Xiaomi ကြေငြာ

date_range 06 July 2017

Android Nougat Update ရရှိမယ့် ဖုန်းစာရင်းကို Xiaomi ကြေငြာ

visibility 13060 Views

                Xiaomi ဟာ Android 7.0 Update Nougat ထုတ်ပေးပြီးသားနဲ့ နောက်ထပ် ထပ်ထုတ်ပေးမယ့် ဖုန်းစာရင်းကို ထုတ်ပြန်ကြေငြာလိုက်ပြီဖြစ်ပါတယ်။

                Android 7 Nougat ရရှိမယ့် Xiaomi ဖုန်းစာရင်းမှာ စုစုပေါင်း ဖုန်း ၁၄ မျိုး ပါဝင်ပြီး၊ Redmi Note 4 မော်ဒယ်တော့ မပါဝင်ဘဲ Note 4X ပဲ ပါဝင်လာတာ တွေ့ရပါတယ်။ မော်ဒယ်အဟောင်းတွေဖြစ်တဲ့ Mi Note Pro, Mi4c ဖုန်းတွေကိုလည်း ဒီစာရင်းမှာ တွေ့မြင်နိုင်မှာပါ။

                Android 7.1 အထိ Update ရရှိမယ့်ဖုန်းတွေမှာတော့ နောက်ဆုံးထွက်ထားတဲ့ Mi Max 2, Mi 6, Redmi 4X နဲ့ Mi 5c ဖုန်းမော်ဒယ်လေးမျိုးကို တွေ့မြင်ရမှာပါ။

                Xiaomi အနေနဲ့ ထုတ်ပြီးသား ဖုန်းတွေကို Android Nougat Update ပေးတာက တခြား ဖုန်းထုတ်လုပ်သူတွေနဲ့ယှဉ်ရင် နည်းနည်းနောက်ကျတယ်လို့ ဆိုနိင်ပါတယ်။ ဒါပေမယ့် နောက်ထပ်ထွက်ရှိလာမယ့် Xiaomi ဖုန်းတွေမှာတော့  Andrid 7.0 Nougat တပါတည်း ပါဝင်လာနိုင်ပါတယ်။

                Android 7 Update ရရှိမယ့် ဖုန်းစာရင်း အပြည့်အစုံကတော့

Android 7.0 Nougat ရရှိပြီးသား (သို့မဟုတ်) ရရှိမယ့် Device များ

  1. Mi Max
  2. Mi 5
  3. Mi 5s
  4. Mi 5s Plus
  5. Mi 4c
  6. Mi 4s
  7. Mi Note Pro
  8. Mi Note 2
  9. Mi MIX
  10. Redmi Note 4X

Android 7.1 ရရှိမယ့် Device များ

  1. Mi 6
  2. Mi Max 2
  3. Mi 5c
  4. Redmi 4X


ဒီစာရင်းမှာ ကိုယ့်ဖုန်းမပါလည်း စိတ်တော့မပျက်ပါနဲ့။ MIUI 9 Update ကနေ Android Nougat ရဲ့ Features တစ်ချို့ကို ရရှိနိုင်ပါတယ်။


References
GizmoChina Gadgets NDTV
About Author
Assinged Tags
Xiaomi Smartphones Android Nougat Mi Max 2 Android 7.0 Android 7.1 Android 7 Android Update
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed