Jackie Chan Limited Edition နဲ့ ထုတ်လုပ်လိုက်တဲ့ Xiaomi Mi 6

date_range 04 July 2017

Jackie Chan Limited Edition နဲ့ ထုတ်လုပ်လိုက်တဲ့ Xiaomi Mi 6

visibility 17360 Views

                စမတ်ဖုန်းကုမ္ပဏီတွေဟာ သူတို့ရဲ့ Flagship စမတ်ဖုန်းတွေကို  Edition အမျိုးမျိုးနဲ့ ထုတ်ပေးလေ့ရှိတာကို အားလုံးပဲ သတိထားမိကြမှာပါ။ အထူးသဖြင့် Samsung အနေနဲ့ S7 Edge ကို Batman Edition , Olympic Edition အစရှိသဖြင့် ထုတ်ပေးခဲ့ဖူးသလို၊ ယခုနှစ်မှာလည်း S8 ကို Pirates Of The Caribbean Edition ဆိုပြီး ထုတ်လုပ်ပေးခဲ့ပါသေးတယ်။

                ယခုအခါမှာတော့ Xiaomi ကလည်း သူတို့ရဲ့ နောက်ဆုံး Flagship စမတ်ဖုန်းဖြစ်တဲ့ Mi 6 ကို တရုတ်နိုင်ငံရဲ့ ကမ္ဘာကျော် Kung Fu မင်းသားဖြစ်တဲ့ Jackie Chan ကို ဂုဏ်ပြုတဲ့အနေနဲ့၊ "Jackie Chan Limited Edition Mi 6" ကို ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

 

                Xiaomi Mi 6 Jackie Chan Limited Edition ကို Jackie Chan နဲ့ သူရဲ့ Stunt အဖွဲ့ နှစ်၄၀ ပြည့်အထိမ်းအမှတ်နဲ့ ထုတ်လုပ်ပေးလိုက်တာဖြစ်ပြီး၊ ဖုန်းရဲ့ဘူးကိုတော့ အတော်လေးကို သေသပ်လှပတဲ့အမည်းရောင် Classic Design နဲ့ Jackie Chan ရဲ့ လက်မှတ်ကို ဘူးအပြင်ဘက်နဲ့ အတွင်းဘက် နှစ်ခုစလုံးမှာ ပါရှိမှာဖြစ်ပါတယ်။ ဒီ့အပြင် ဘူးအတွင်းမှာတော့ Jackie Chan ရဲ့  Autograph စာအုပ်တစ်အုပ်ပါ လက်ဆောင်ပါရှိမှာဖြစ်ပါတယ်။ ဘူးအတွင်းရှိ ဖုန်းကိုတော့ မြင်တွေ့ရသေးခြင်းမရှိပေမဲ့ MIUI Theme ကိုတော့ Jackie Chan Style Theme နဲ့ ဖုန်းရဲ့နောက်ကျောဘက်မှာပါ Jackie Chan Signature ပါလာနိုင်ခြေရှိပါတယ်။

                Jackie Chan Limited Edition Mi 6 နဲ့ အစောပိုင်းထွက်ရှိထားတဲ့ Mi 6 တို့ရဲ့ Specification တို့ကတော့ ကွာခြားသွားခြင်းရှိမှာမဟုတ်ပဲ RAM 6GB , Storage ROM 128 GB နဲ့ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

                Xiaomi အနေနဲ့ Jackie Chan Limited Edition Mi 6 ကို 3199 Yuan နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး၊ မြန်မာငွေကျပ် ၆သိန်း ၅သောင်း ဝန်းကျင်သာရှိတဲ့အတွက် ပုံမှန် Mi 6 ဈေးနဲ့ သိပ်မကွာတာကြောင့် Jackie Chan ပရိတ်သတ်တွေအတွက် သတင်းကောင်းတစ်ပုဒ်လို့ ဆိုရမှာပါ။

                အကယ်လို့ ခင်ဗျားကော Mi 6 ဖုန်းတစ်လုံးဝယ်ဖို့ စိတ်ကူးနေတယ်ဆိုရင် ရိုးရိုး Mi ဝယ်မလား၊ Jackie Chan Limited Edition Mi ပဲ ဝယ်မလားဆိုတာ ရွေးချယ်ပေးသွားပါဦး။

This Article is Contributed by AK
References
Xiaomi Phone Xiaomi Today
About Author
Assinged Tags
Xiaomi Smartphones Xiaomi Mi 6 Jackie Chan Jackie Chan Limited Edition Mi 6
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed