Pirates of the Caribbean Limited Edition Galaxy S8 ကို Samsung စတင်ရောင်းချ

date_range 03 June 2017

Pirates of the Caribbean Limited Edition Galaxy S8 ကို Samsung စတင်ရောင်းချ

visibility 1600 Views

                လက်ရှိ Pirates of the Caribbean: Dead Men Tell No Tales ရုပ်ရှင် ပြသနေတဲ့အချိန်မှာ Samsung ကနေ သူတို့ရဲ့ နောက်ဆုံးထွက် Flagship ဖုန်းဖြစ်တဲ့ Samsung Galaxy S8 ကို Pirates of the Caribbean Limited Edition Galaxy S8 အနေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။


                Pirates of the Caribbean Limited Edition Galaxy S8 ကို အရိုးခေါင်းတံဆိပ်ပါဝင်တဲ့ ရတနာသေတ္တာပုံစံ ဘူးထဲမှာထည့်သွင်းထားပြီး၊ သေတ္တာဘူးထဲမှာ Collectible Ring တစ်ခုလည်း ပါဝင်မှာပါ။ ဖုန်းအနေနဲ့ သီးခြားပြောင်းလဲမှုမျိုးမပြုလုပ်ထားပေမယ့် အရိုးခေါင်းပုံထွင်းထားတဲ့ အထူး Smart Clip-on Case တစ်ခုတော့ ပါဝင်လာမှာဖြစ်ပါတယ်။


                ဖုန်းကို အထူးပြုလုပ်ပေးထားတဲ့ Smart Clip-on Case တပ်လိုက်ရင် ဖုန်းရဲ့ Theme က Pirates of the Caribbean Limited Edition Theme ဖြစ်သွားပြီး App Icon နှင့် Background တွေပါ ပြောင်းလဲသွားမှာဖြစ်ပါတယ်။

                လောလောဆယ်တော့ Pirates of the Caribbean Limited Edition Samsung Galaxy S8 ကို တရုတ်နိုင်ငံ JD.com website ကတစ်ဆင့်ရောင်းချနေပြီး ဈေးအနေနဲ့ $900 အထိရှိမှာဖြစ်ပါတယ်။


References
Business Insider
About Author
Assinged Tags
Samsung Smartphones Samsung Galaxy S8 Pirates of the Caribbean
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed