Sony မှ Xperia XA နဲ့ XA Ultra အတွက် Nougat Update ထုတ်ပေးမှုကို ခေတ္တဆိုင်းငံ့ထား

date_range 03 July 2017

Sony မှ Xperia XA နဲ့ XA Ultra အတွက် Nougat Update ထုတ်ပေးမှုကို ခေတ္တဆိုင်းငံ့ထား

visibility 600 Views

                Sony မှ Xperia Blog ရဲ့ ကြေညာချက်တစ်ခုအရ Xperia XA နဲ့ XA Ultra အတွက် Nougat Update ထုတ်လုပ်ပေးမှုကို ခေတ္တဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။ အသုံးပြုသူအချို့မှလည်း Update လုပ်ဖို့အတွက် System Update ကို Refresh လုပ်တဲ့အခါမှာ Nougat Update ပြုလုပ်ဖို့အတွက် ဘာမှပေါ်မလာတော့ဘူးလို့ သိရှိရပါသေးတယ်။

                Sony မှပြောကြားချက်အရ Over-The-Air Update (OTA Update) အချို့ဟာ Xperia XA နဲ့ XA Ultra အတွက် သဟဇာတမဖြစ်တဲ့အတွက် Performance ပြဿနာတွေဖြစ်နိုင်တာကြောင့် ခေတ္တခဏ ရပ်ဆိုင်းထားတာလို့သိရှိရပါတယ်။ Nougat Update ကိုလည်းသိပ်မကြာခင်မှာ ပြန်လည်ထုတ်လုပ်ပေးမှာဖြစ်ပြီး Nougat ကို Update ရရှိလိုက်တဲ့သူတွေအတွက်လည်း ဒီ Update ကို System Update ကနေပဲ ပြန်တင်လို့ရမှာပါ။ 

                ဇွန်လ တတိယအပတ်လောက်မှာ Sony ကနေ Xperia XA နဲ့ XA Ultra ကို Nougat Update  စတင်ထုတ်လုပ် ပေးခဲ့တာဖြစ်ပါတယ်။ ခန့်မှန်းခြေအရတော့ Nougat Update တင်ပြီးသူတွေလည်း အခုထပ်ထွက်ရှိလာတဲ့ Nougat Update ကို အစကနေ ပြန် Download ရဖို့ရှိပါတယ်။ ဒါပေမဲ့လည်း အသုံးပြုသူရဲ့ Data ဆုံးရှုံးမှုတော့ ရှိမှာမဟုတ်ပါဘူး။

                တကယ်တမ်းတော့ Xperia XA နဲ့ XA Ultra အတွက် Nougat Update မှာ ပြဿနာထွေထွေထူးထူးမရှိခဲ့ပေမဲ့လည်း Sony ရဲ့အရေးတယူ ပြန်လည်ပြုပြင်မွမ်းမံမှုကတော့ လေးစားစရာကောင်းပါတယ်။ Nougat Update ကို မတင်လိုက်ရတဲ့သူတွေအတွက်လည်း စိုးရိမ်စရာမရှိပဲ Sony မှ Update ပြန်လည်ထုတ်လုပ်ပေးတဲ့အချိန်ကို ခဏလောက်စောင့်လိုက်ရုံပါပဲ။ 

References
XDA Developers Xperia Blog
About Author
Assinged Tags
Android Sony Smartphones Nougat Android Nougat Android Smartphones Sony Xperia Xperia XA Xperia XA Ultra Software Update
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed