Nougat မိသားစု၀င်တွေဖြစ်သွားတဲ့ Sony Xperia XA နဲ့ XA Ultra

date_range 18 June 2017

Nougat မိသားစု၀င်တွေဖြစ်သွားတဲ့ Sony Xperia XA နဲ့ XA Ultra

visibility 1900 Views

                Sony ကနေ Xperia XA နဲ့ XA Ultra စမတ်ဖုန်းတွေအတွက် Android Nougat (7.0) ကို မေလ ၁၇ ရက်နေ့က System Update အနေနဲ့ထုတ်လုပ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ Xperia XA နဲ့ XA Ultra စမတ်ဖုန်းတွေမှာ Nougat ရဲ့ မြန်ဆန်မှုတွေနဲ့အတူ Split-Screen Feature တွေပါ အသုံးပြုလာနိုင်တော့မှာပါ။ 

                Sony အနေနဲ့ ဇွန်လ ၂၀၁၆ မှာ Xperia XA နဲ့ XA Ultra ကို စတင်ထုတ်လုပ်ပေးခဲ့ပြီး Factory Firmware အနေနဲ့တော့ Android 6.0.1 (Marshmallow) ပါ၀င်ခဲ့ပါတယ်။ ဖုန်း စတင်ထုတ်လုပ်ပြီးနောက်ပိုင်း Software Update အနည်းငယ်မှလွဲ Android Version Update ကိုမပေးခဲ့သေးပဲ တစ်နှစ်အကြာမှသာ ဒီ Android Nougat Update ကိုပေးခဲ့တာပါ။  


                Sony ရဲ့ Android Version Update မှာတော့ Android Nougat Features ထဲမှ တစ်ခုဖြစ်တဲ့ Doze Mode က အစ ဘာမှပြုပြင်ပြောင်းလဲထားခြင်းမရှိတာမို့ Nougat Experience ကိုအပြည့်အ၀ခံစားရမှာပါ။ Camera အသုံးပြုရတာလည်း ပိုမိုကောင်းမွန်ပြီး မြန်ဆန်လာမယ်လို့ဆိုပါတယ်။ Apps Installation သိသိသာသာမြန်ဆန်လာတာနဲ့အတူ Gaming Performance ပါ အနည်းငယ်ကောင်းမွန်လာမှာမို့ Xperia XA နဲ့ XA Ultra အသုံးပြုသူတွေအနေနဲ့ Nougat Update ကိုတင်သင့်တယ်လို့အကြံပြုပါတယ်။

                Sony ဟာ Xperia Z3 တုန်းက စတင်ထုတ်လုပ်ပြီး နှစ်နှစ်တောင်မပြည့်သေးတဲ့အချိန်မှာ Legacy Device အဖြစ်သတ်မှတ်လိုက်တာကြောင့် Android Nougat Update ကို မရရှိခဲ့ပါဘူး။ ဒါကြောင့်မို့လို့ Mid-Range စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Sony Xperia XA နဲ့ XA Ultra အနေနဲ့ Nougat Update ဟာ နောက်ဆုံး Android Version Update ဖြစ်ဖို့များပါတယ်။ Android O ထိတော့ Sony ဘက်ကနေ Update ဆက်လက်ထုတ်ပေးမယ် မထင်တော့ပါဘူး။  

References
XDA Developers
About Author
Assinged Tags
Android Nougat Android Nougat Android Smartphones Sony Xperia Update Android Phone Xperia XA Xperia XA Ultra Software Update
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed