Refurbished Galaxy Note 7 စမတ်ဖုန်းတွေကို ပြန်လည်ရောင်းချသွားမှာဖြစ်ကြောင်း Samsung ပြောကြား

date_range 29 March 2017

Refurbished Galaxy Note 7 စမတ်ဖုန်းတွေကို ပြန်လည်ရောင်းချသွားမှာဖြစ်ကြောင်း Samsung ပြောကြား

visibility 8600 Views

                Samsung ဟာ ဘက်ထရီချို့ယွင်းချက်ကြောင့် မီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ Galaxy Note 7 စမတ်ဖုန်းကို Refurbish လုပ် ( ပြန်လည်ပြင်ဆင်မွမ်းမံ) ပြီး ပြန်လည်ရောင်းချတော့မှာဖြစ်ကြောင်း တရားဝင်ကြေငြာလိုက်ပါတယ်။

                Samsung ဟာ လွန်ခဲ့တဲ့နှစ်၊ အောက်တိုဘာတုန်းက Galaxy Note 7 စမတ်ဖုန်းအလုံးရေ ၄ သန်းကျော်ကို ပြန်သိမ်းခဲ့ရပေမယ့်၊ Refurbish လုပ်ပြီး ပြန်လည်ရောင်းချမှာမဟုတ်ကြောင်း အစက ကြေငြာထားခဲ့ပြီး၊ အခုမှ အစီအစဉ်ပြန်ပြောင်းလိုက်တာ ဖြစ်ပါတယ်။

                Galaxy Note 7 ဖုန်းတွေကို Refurbish/Recycle လုပ်ပြီး ရောင်းချမယ့် Samsung ရဲ့ အစီအစဉ်မှာ Eco-friendly ဖြစ်စေဖို့အတွက် (သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိအောင်လို့) မူဝါဒသုံးခု ချမှတ်ထားတယ်လို့ ဆိုပါတယ်။

                ပထမဆုံးအနေနဲ့ သိမ်းထားတဲ့ Note 7 ဖုန်းတွေကို Refurbished ဒါမှမဟုတ် Rental ဖုန်းတွေအဖြစ် ပြန်သုံးနိုင်မလား ဆိုတာ စိစစ်ရွေးချယ်ဆုံးဖြတ်သွားမှာပါ။

                ဒုတိယမူဝါဒကတော့၊ ပြန်လည်အသုံးပြုနိုင်သေးတဲ့ အစိတ်အပိုင်းတွေကို ပြန်လည်အသုံးပြုဖို့အတွက် ဖြုတ်ပစ်မှာဖြစ်ပါတယ်။

                နောက်ဆုံးတစ်ခုအနေနဲ့ Recylce ပိုင်း ကျွမ်းကျင်တဲ့ ကုမ္ပဏီတွေက ဖုန်းရဲ့ Metal ကိုယ်ထည်၊အစိတ်အပိုင်းတွေကို သဘာဝပတ်ဝန်းကျင်ကို မထိခိုက်တဲ့ နည်းလမ်းတွေနဲ့ ပြန်လည်အသုံးပြုနိုင်ဖို့အတွက် သတ္တုပြန်ထုတ်သွားမှာဖြစ်ပါတယ်။

                Samsung ရဲ့ သိမ်းထားတဲ့ Note 7 စမတ်ဖုန်းတွေကို ပြန်လည်အသုံးချဖို့ စီစဉ်ပုံကတော့ တော်တော်အကွက်စေ့ပါတယ်။

                ပြန်လည်မွမ်းမံပြင်ဆင်ထားတဲ့ Note 7 ဖုန်းတွေကို Refurbished ဖုန်းအနေနဲ့ ရောင်းမလား၊ Rental ဖုန်းအနေနဲ့ ရောင်းမလားဆိုတာကိုတော့ စျေးကွက်တစ်ခုချင်းစီက အာဏာပိုင်တွေရဲ့ ဆုံးဖြတ်မှု၊ Carriers ကုမ္ပဏီတွေ၊ စျေးကွက်ဝယ်လိုအားတွေအပေါ် မူတည်သွားမှာဖြစ်တယ်လို့ Samsung က သတင်းထုတ်ပြန်ထားပါတယ်။

                Galaxy Note 7 ဖုန်းလက်ကျန်အလုံးတွေက အစိတ်အပိုင်းတွေ၊ ဥပမာ - ကင်မရာအစိတ်အပိုင်းနဲ့ Semiconductors တွေကို ပြန်ဖြုတ်ထုတ်ရာမှာ ဒီအပိုင်းမှာ ကျွမ်းကျင်တဲ့ ကုမ္ပဏီတွေကနေ ပြန်ဖြုတ်ပေးသွားမှာဖြစ်ပြီး၊ Sample Product တွေမှာ ပြန်လည်အသုံးပြုသွားမှာဖြစ်ပါတယ်။

                Recycling မှာတော့ Note 7 ဖုန်းရဲ့ ကျန်တဲ့အစိတ်အပိုင်းတွေမှာ ပါဝင်တဲ့ တန်ဖိုးရှိသတ္တုတွေ ( ကြေးနီ၊ ခဲ၊ ရွှေ နဲ့ ငွေ သတ္တုတွေ) ကိုတော့ သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့နည်းလမ်းတွေနဲ့ Recycling လုပ်ရာမှာ ကျွမ်းကျင်ကုမ္ပဏီတွေက ပြန်လည်ထုတ်ယူသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

                လတ်တလောရရှိထားတဲ့ သတင်းတွေအရ Samsung ဟာ Note 7 ဖုန်းတွေကို တခြားနာမည်တစ်မျိုးနဲ့ ပြန်လည်ထုတ်လုပ်သွားနိုင်သလို၊ ဘက်ထရီကိုလည်း အပူမလွန်ကဲအောင်လို့ ပိုသေးတဲ့ဘက်ထရီကို အသုံးပြုသွားနိုင်တယ်လို့ သိရပါတယ်။ စျေးနှုန်းနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထပ်မံသိရှိရတာနဲ့ တပြိုင်နက် ကျနော်တို့ ဖော်ပြပေးသွားပါမယ်။

References
Samsung Newsroom The Verge
About Author
Assinged Tags
Samsung Smartphones Refurbished Galaxy Note 7
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed