Windows 10 မှာ အရေးကြီးဖိုင်တွေကို Malware တွေ ရန်ကနေ ကာကွယ်ပေးမယ့် “ Controlled Folder Access” ပါဝင်လာတော့မည်

date_range 02 July 2017

Windows 10 မှာ အရေးကြီးဖိုင်တွေကို Malware တွေ ရန်ကနေ ကာကွယ်ပေးမယ့် “ Controlled Folder Access” ပါဝင်လာတော့မည်

visibility 500 Views

                Windows 10 ရဲ့ နောက်ထပ် Major Update တစ်ခုဖြစ်တဲ့ “Fall Creators Update” ဟာ ဒီနှစ်ကုန်ပိုင်းလောက်မှာ ထွက်ရှိလာမှာဖြစ်ပြီး၊ User တွေအတွက် တကယ်အသုံးဝင်မယ့် Features အမြောက်အများ ပါဝင်လာမှာဖြစ်ပါတယ်။

                Windows 10 Fall Creators Update ဟာ အထူးသဖြင့် Security ပိုင်းကို ပိုဦးစားပေးထားပြီး၊ Malware တွေ ကနေ ကာကွယ်ပေးဖို့အတွက် AI နည်းပညာပါဝင်လာတဲ့ Windows Defender လို Features အမြောက်အများ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။

                အခုလည်း Windows Insider Program ဝင်ထားသူတွေအတွက် ကြိုတင်ထုတ်ပေးခဲ့တဲ့ Fall Creators Update Preview ( Build 16232 ) မှာ “Controllled Folder Access” ဆိုတဲ့ Feature အသစ်တစ်ခု ပါဝင်လာပြီ ဖြစ်ပါတယ်။

                “Controlled Folder Access” က သိပ်ထူးခြားတဲ့ Feature တော့ မဟုတ်ဘဲ၊ User ရဲ့ အရေးကြီးတဲ့ Files/Folders တွေကို Ransomware တွေလိုမျိုး အန္တရာယ်ရှိတဲ့ Malware တွေရန်ကနေ ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ ဒီ Feature ကို ဖွင့်ထားလိုက်တာနဲ့၊ ကိုယ်သတ်မှတ်ထားတဲ့ Apps တွေကပဲ အဆိုပါ Folders/Files ကို Read and Write လုပ်လို့ ရမှာဖြစ်ပါတယ်။ Desktop, Pictures, Movies နဲ့ Documents Folders တွေကို အစကတည်းက Default အနေနဲ့ ဒီ Feature နဲ့ ကာကွယ်ပေးထားမှာဖြစ်ပါတယ်။


                Microsoft Blog မှာ ရှင်းပြထားချက်အရ ဒီ “Controlled Access Feature” ဟာ Ransomware တွေလိုမျိုး အန္တရာယ်ရှိတဲ့ Malware တွေ Apps တွေ ရန်ကနေ အရေးကြီးတဲ့ဒေတာတွေကို ကာကွယ်ပေးဖို့အတွက် ကြိုးပမ်းချက်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

                Microsoft ရဲ့ ထပ်မံရှင်းပြချက်အရ ဒီ Feature ဟာ Protected လုပ်ထားတဲ့ Folders တွေထဲက Files တွေကို Apps တွေက ပြောင်းလဲဖို့ လုပ်နေလားဆိုတာ စောင့်ကြည့်နေမှာဖြစ်ပြီး၊ အဆိုပါ Feature ကနေ Blacklist လုပ်ထားတဲ့ Apps တစ်ခုခုက Access လုပ်ဖို့ ကြိုးစားတာနဲ့ User ကို သတိပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ User အနေနဲ့ Permission ပေးချင်တဲ့ Apps တွေကိုလည်း စိတ်ကြိုက်ရွေးချယ်ထားနိုင်ပါတယ်။

                ယခု “Controlled Folder Access” ကို နောက်လာမယ့် Windows Update ရဲ့ Virus & Threat Protection Settings ထဲက Windows Defender Security Center ထဲမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

                WannaCry တို့ Petya တို့လို Ransomware တွေရဲ့ တိုက်ခိုက်မှုဒဏ်ကို အလူးအလဲခံနေရတဲ့ Windows OS User တွေအတွက်တော့ ဒီ Feature က အကြိုက်တွေမ့ယ့် Feature တစ်ခု ဖြစ်လာနိုင်ပါတယ်။ 


References
Trusted Reviews The Verge
About Author
Assinged Tags
Windows 10 Malwares Security Windows Defender Fall Creators Update Ransomware Windows 10 Fall Creators Update Controlled Folder Access
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed