Samsung မှ မျိုးဆက်သစ် Mobile Processor တွေကို 7nm အစား 6nm Process နှင့် ပြောင်းလဲထုတ်လုပ်မည်

date_range 29 June 2017

Samsung မှ မျိုးဆက်သစ် Mobile Processor တွေကို 7nm အစား 6nm Process နှင့် ပြောင်းလဲထုတ်လုပ်မည်

visibility 520 Views

                ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက Qualcomm ကနေ နောက်လာမယ့် Snapdragon 845 CPU အတွက် 7nm Chip တွေကို Samsung အစား TSMC နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သတင်းထွက်ပြီး အခုအချိန်မှာ Samsung ကနေ TSMC ထက်သာအောင် 7nm Chip တွေကို ပြုလုပ်နေရာကနေ 6nm ကို ၂၀၁၉ ခုနှစ်အမီ ပြောင်းလဲထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ 

                အခုလို ပြောင်းလဲလိုက်တာက 7nm Chip တွေကို လုံးဝရပ်ဆိုင်းလိုက်တာမဟုတ်ပဲ 7nm Chip အချို့ကို Samsung ရဲ့ ကိုယ်ပိုင် Chipset ဖြစ်တဲ့ Exynos CPU တွေမှာ တွေ့လာရဖို့ရှိပါတယ်။ 6nm Chip ကိုတော့ Company နဲ့ Flagship ဖုန်းတွေမှာပဲထည့်သွားပေးမှာဖြစ်တဲ့အတွက် Next Generation Galaxy S Series ဒါမှမဟုတ် Note Series မှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ Samsung အနေနဲ့ နောက်နှစ်ထဲမှာပဲ လက်ရှိ 10nm Chip တွေထက် ပိုပြီးကောင်းမွန်တဲ့ 8nm Chips တွေကို မိတ်ဆက်မှာဖြစ်တဲ့အတွက် အနာဂတ်မှာ Samsung ကနေ 8nm,7nm,6nm စတဲ့ မတူညီတဲ့ Chipset Architecture တော်တော်များများကို ထုတ်လုပ်သွားမယ်ထင်ပါတယ်။ 


                ၂၀၁၉ ခုနှစ်မှာ TSMC နဲ့ပူးပေါင်းထားတဲ့ Qualcomm ရဲ့ Snapdragon 845 CPU က 7nm ပဲသုံးထားတဲ့အချိန်မှာ Samsung ကနေ 6nm CPU ကိုပြောင်းလဲထုတ်လုပ်နေတာက Qualcomm အတွက် မှားယွင်းတဲ့ရွေးချယ်မှုဖြစ်သွားပြီလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ အခုလို သေးငယ်တဲ့ Chipset တွေကို ထုတ်လုပ်ဖို့အတွက် TSMC ရော Samsung ရော ASML စက်ပစ္စည်းတွေကိုလိုအပ်ပြီးတော့ လတ်တလော Stock ပြတ်လတ်နေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပေမယ့် Samsung က နောက်ထပ် စက်ပစ္စည်း ၂ ခုကို ဒီနှစ်ထဲမှာ မှာယူထားပြီး နောက်ထပ် ၇ ခု ကိုလည်း နှောက်နှစ်မှာ မှာယူသွားဖို့ရှိတယ်လို့သိရပါတယ်။ တော်တော်လေးကို Samsung က အမီပြန်လိုက်ဖို့ ကြိုးစားနေပုံပါပဲ။ 

                Samsung နဲ့ TSMC Company ၂ ခုစလုံးဟာ ယခင်ထဲက Chipset Architecture ပိုင်းမှာ ပြိုင်ဆိုင်လာခဲ့ကြပြီး Samsung ဟာ ယခင်က 14nm ကို အရင်ထုတ်လုပ်နိုင်ဖို့အတွက် 20nm Line ကို လုံးဝမထုတ်လုပ်ခဲ့သလို TSMC ကလည်း ယခု 7nm Chip Architecture အတွက် 10nm Chip ကို မထုတ်လုပ်ပဲ ကျော်ချခဲ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို Company ၂ ခုရဲ့ ပြိုင်ဆိုင်မှုက ကျနော်တို့ကို လက်ရှိ 10nm Chipset တွေထက် အများကြီး စွမ်းဆောင်ရည်ပိုကောင်းပြီး ပါဝါစားသက်သာတဲ့ 7nm နဲ့ 6nm Chip တွေအသုံးပြုထားတဲ့ Smartphone တွေကို လာမယ့် နှစ်အနည်းငယ်အတွင်းမြင်တွေ့ရတော့မှာဖြစ်ပါတယ်။ 

References
GSM Arena
About Author
Assinged Tags
Samsung Qualcomm TSMC 7nm Chip 10nm Chip 8nm Chip 6nm Chip Chipset Manufacturing Process
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed