Qualcomm မှ မျိုးဆက်သစ်  7nm Architecture Processor တွေအတွက် Samsung အစား TSMC နဲ့ လက်တွဲ

date_range 14 June 2017

Qualcomm မှ မျိုးဆက်သစ် 7nm Architecture Processor တွေအတွက် Samsung အစား TSMC နဲ့ လက်တွဲ

visibility 460 Views

                နောက်ဆုံးရရှိထားတဲ့ သတင်းများအရ နောက်ထွက်လာမယ့် Mobile CPU တွေရဲ့ Architecture ဖြစ်လာမယ့် 7nm Architecture Processor တွေအတွက် Qualcomm ကနေ Samsung အစား Taiwan Semiconductor Manufacturing Company Limited (TSMC) နဲ့ ပြောင်းလဲ လက်တွဲပြီး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ 

                အဆိုပါ သတင်းအရ ဒီတစ်ခေါက်က Samsung အတွက် Processor ထုတ်လုပ်တဲ့ပိုင်းမှာနောက်ထပ် Partner တစ်ယောက်ကို ဆုံးရှုံးတာပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ကလည်း Apple ကနေ နောက် iPhone အသစ်အတွက် ရေရှည်လက်တွဲခဲ့တဲ့ Samsung အစား TSMC နဲ့ပဲ ပြောင်းလဲလက်တွဲသွားခဲ့ပါတယ်။ ယခု Qualcomm ပါ လက်တွဲဖြုတ်သွားတဲ့အတွက် Samsung အနေနဲ့ ကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရဖို့ရှိနေပါတယ်။ Samsung ဟာ Semi Conductor ဈေးကွက်ကနေ မနှစ်ကတင် ဝင်ငွေ $4.44 Billion ရရှိခဲ့ပြီး 40% ($1.78 Billion) က Qualcomm တစ်ဦးထဲဆီက ရရှိခဲ့တာဖြစ်တဲ့အတွက် နောက်လာမယ့်နှစ်မှာတော့ Financial Performance တွေ ကျိန်းသေကျဆင်းတော့မှာဖြစ်ပါတယ်။


                TSMC ကတော့ လက်ရှိမှာ Apple ရဲ့ A10 chip (16nm) နဲ့ A11 (10nm) Chip တွေကို ထုတ်လုပ်ပေးနေသလို၊ Mediatek ရဲ့ နောက်ထပ်ထွက်လာမယ့် Helio X30 7nm chip ကိုပါ ထုတ်လုပ်ပေးသွားမှာဆိုတော့ Samsung ထက် သာနေတယ်လို့ ဆိုရမှာပါ။

                Qualcomm ဟာ အရင်က 14nm Architecture သုံး Flagship Processor တွေဖြစ်တဲ့ Snapdragon 820, 821 နဲ့ အခုနောက်ဆုံးထွက်ရှိထားတဲ့ 10nm Architecture သုံး Snapdragon 835 တို့အတွက် Samsung နဲ့ ပူးတွဲလုပ်ဆောင်ခဲ့ပေမယ့်၊ နောက်ထပ်ထုတ်မယ့် 7nm Chip တွေအတွက်ကိုတော့ TSMC ကို ပြောင်းအပ်ခဲ့တာ အကြောင်းရှိပါတယ်။

                Qualcomm အနေနဲ့လည်း ယခင်က TSMC ကို Snapdragon 808 နဲ့ 810 ထုတ်လုပ်မှုတွေအတွက် ပူးပေါင်းခဲ့ဖူးပြီး ယခု 7nm Architecture အတွက် Samsung အစား TSMC ကို ရွေးချယ်တာက TSMC ဟာ 10nm Architecture Processor ကို လုံးဝထုတ်လုပ်ချင်းမရှိတော့ပဲ 7nm ကိုပဲ အာရုံစိုက်ထုတ်လုပ်နေတာဖြစ်ပြီး 2018 မကုန်ခင် အမြောက်အများထုတ်လုပ်လာနိုင်မယ်လို့ ခန့်မှန်းထားကြတဲ့အတွက် လက်ရှိမှာ အမြန်ဆုံး 7nm ကိုထုတ်လုပ်နိုင်တဲ့သူဖြစ်တာကြောင့်လို့ပဲ ခန့်မှန်းရပါတယ်။ 

                တဖက်ကလည်း Samsung ကနေ 10nm နှင့် 7nm Production lines တွေအတွက် $7 Billion မြုပ်နှံထားခဲ့ပြီး TSMC ထက် လအနည်းငယ်နောက်ကျပြီး 7nm ကို အမြောက်အများထုတ်လုပ်လာဖို့ရှိပါတယ်။ ဒါပေမယ့် မကြာသေးမီကထွက်ရှိထားတဲ့သတင်းတွေအရ Samsung က 7nm Architecture အစား 10nm ကို အနည်းငယ် Improve လုပ်ထားတဲ့ 8nm ကို အရင်ရောင်းချမယ်လို့ သိရပါတယ်။ ဒီအချက်ကလည်း Qualcomm က လက်တွဲဖြုတ်သွားခဲ့တဲ့ အကြောင်းရင်းတစ်ခုဖြစ်နိုင်သလို၊ နောက်အသစ်ထွက်မယ့် Samsung Galaxy S9 Exynos Version မှာ 8nm Architecture ကို အခြေခံတည်ဆောက်ထားတဲ့ Exynos Processor ကို မြင်လာရဖို့ရှိပါတယ်။

References
Android Authority GSM Arena
About Author
Assinged Tags
Samsung Qualcomm MediaTek TSMC A-Series Chips Qualcomm Chipset 7nm Chip 10nm Chip 8nm Chip 16nm Chip Helio X30
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed