15.6-Inch NanoEdge Display, Fingerprint Sensor တို့နဲ့ ထွက်ရှိလာတဲ့ ဒေါ်လာ ၇၀၀ တန် Asus Vivobook မော်ဒယ်အသစ်

date_range 27 June 2017

15.6-Inch NanoEdge Display, Fingerprint Sensor တို့နဲ့ ထွက်ရှိလာတဲ့ ဒေါ်လာ ၇၀၀ တန် Asus Vivobook မော်ဒယ်အသစ်

visibility 780 Views

                Asus ဟာ Vivobook S စီးရီးကို ပြီးခဲ့တဲ့ Computex 2017 ပွဲမှာ မိတ်ဆက်ခဲ့ပြီးနောက်၊ အခုအခါ S စီးရီး မော်ဒယ်အသစ် Ultrabook တစ်လုံးကို ထပ်မံထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

                MacBook Air အလား ထင်မှတ်ရတဲ့ Asus Vivobook S S510 မှာ ၁၅.၆ လက်မအကျယ် Full HD (1920 x 1280 pixels) NanoEdge Display ပါဝင်ပြီး၊ မျက်နှာပြင်ဘေးဘောင် တော်တော်လေးကျဉ်းမြောင်းတာကို တွေ့ရမှာဖြစ်ပါတယ်။ အထူက ၀.၇ လက်မသာရှိတာကြောင့် MacBook Air လောက်ပဲဖြစ်ပြီး၊ အလေးချိန်က ၁.၆ ကီလိုဂရမ်ရှိပါတယ်။ Computex ပွဲမှာ အရင်မိတ်ဆက်ခဲ့တဲ့ VivoBook Pro S15 တုန်းကတော့ အလူမီနီယမ်ကိုယ်ထည်အပြည့်နဲ့ မဟုတ်ဘဲ၊ အောက်ခြေက ပလတ်စတစ်နဲ့ ဖြစ်တာ တွေ့ခဲ့ရတာကြောင့် အခု S510 ကလည်း ဒီအတိုင်းပဲဖြစ်နိုင်ပါတယ်။

                Ultrabook တွေ ထုံးစံအတိုင်း ပါဝါသုံးစွဲမှုနည်းတဲ့ Intel Core i7-7500 U စီးရီး Processor ကို အသုံးပြုထားပြီး၊ 8GB DDR4 RAM နဲ့ 1TB HDD တို့ ပါဝင်ပါတယ်။ OS ကတော့ Windows 10 ပါပဲ။

                Touchpad မှာ Fingerprint Sensor ပါဝင်တာကြောင့် Windows Hello စနစ် အသုံးပြုနိုင်မှာဖြစ်ပြီး၊ တခြား Connectivity တွေအနေနဲ့ USB 3.1 Type-C, USB 3.0, USB 2.0, Wi-Fi 802.11 ac, HDMI နဲ့ SD Card Reader တို့ ပါဝင်ပါတယ်။ Ultrabook တွေ ထုံးစံအတိုင်း Ethernet Port တော့ တွေ့ရမှာမဟုတ်ပါဘူး။ Asus ရဲ့အဆိုအရ အား ၆၀ ရာခိုင်နှုန်းကို ၄၉ မိနစ်အတွင်း သွင်းနိုင်တဲ့ Lithium Polymer ဘက်ထရီလည်း ပါဝင်တယ်လို့ သိရပါတယ်။

                Asus Vivobook S S510 ကို ဒေါ်လာ ၇၀၀ စျေးနှုန်းနဲ့ Asus website မှာ စတင်ရောင်းချထားတာ တွေ့ရပါတယ်။

References
Gadgets NDTV Pocket-lint
About Author
Assinged Tags
Asus Laptop Ultrabook Asus Vivobook Asus Vivobook S
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed