Windows Store ပေါ် တရားဝင်ရောက်ရှိလာပြီဖြစ်တဲ့ Spotify

date_range 21 June 2017

Windows Store ပေါ် တရားဝင်ရောက်ရှိလာပြီဖြစ်တဲ့ Spotify

visibility 180 Views

                Microsoft ဟာ ပြီးခဲ့တဲ့လက Build Developers Conference ပွဲမှာ Spotify App ကို Windows Store မှာ တွေ့မြင်ရတော့မှာဖြစ်ကြောင်း ကြေငြာခဲ့ပြီးနောက်၊ ယနေ့မှာ Spotify App က Store ပေါ် တရားဝင် ရောက်ရှိလာပြီဖြစ်ပါတယ်။ Spotify ရဲ့ Music Streaming Service ပြိုင်ဘက် Apple ကလည်း Windows Store မှာ iTunes App ထည့်ပေးတော့မှာဆိုတော့ Windows 10S Users တွေအတွက် တော်တော်အဆင်ပြေသွားမှာပါ။

                အရင်တုန်းက Spotify ကို Download လုပ်ချင်တယ်ဆိုရင် သူ့ Website ကနေပဲ Download လုပ်ခဲ့ရတာဖြစ်ပေမယ့်၊ အခုတော့ Windows Store မှာတင် App ရှာပြီး Download လုပ်နိုင်ပြီဖြစ်ပါတယ်။ 

                Spotify အနေနဲ့ သူ့ Desktop App ကို Microsoft ရဲ့ Centennial Desktop Bridge tool သုံးပြီး Windows Store ထဲ ပြောင်းထည့်ပေးထားတာကြောင့်၊ Xbox One စက်နဲ့ Windows ဖုန်းတွေမှာတော့ အသုံးပြုနိုင်မှာ မဟုတ်ဘဲ၊ Windows 10 မှာပဲ အသုံးပြုနိုင်မှာပါ။

                ရိုးရိုး Desktop App နဲ့ အခု Windows Store ပေါ်က App မှာ ကွာခြားချက်ဆိုလို့ Update ထွက်တဲ့အခါ Windows Store ကနေတဆင့် Update လုပ်ရမှာပဲ ကွာသွားမှာပါ။

                လောလောဆည်တော့ Windows Store ကနေ Spotify App ကို ရှာကြည့်ရာမှာ ပေါ်မလာသေးတာ တွေ့ရပါတယ်။ တကယ်လို့ Download လုပ်လို့ရရင်လည်း ကျနော်တို့နိုင်ငံအတွက် Spotify က Service မပေးထားတာကြောင့် Spotify Account ပြုလုပ်ဖို့အတွက် VPN သုံးရဦးမှာပါ။

References
The Verge Windows Central
About Author
Assinged Tags
Spotify Windows App Related Windows Store Related Music Streaming Service
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed