Spotify Music Streaming Service သုံးစွဲသူ သန်း ၁၄၀ ပြည့်

date_range 17 June 2017

Spotify Music Streaming Service သုံးစွဲသူ သန်း ၁၄၀ ပြည့်

visibility 340 Views

                ကမ္ဘာ့အကြီးမားဆုံး Music Streaming Service တစ်ခုဖြစ်တဲ့ Spotify ဟာ ယနေ့ (ဂျွန်လ ၁၅ ရက်နေ့) မှာ သုံးစွဲသူပေါင်း သန်း ၁၄၀ ပြည့်ပြီလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။မနှစ်က ဒီအချိန်မှာ သုံးစွဲသူ သန်း ၁၀၀ ခန့်သာ ရှိတဲ့အတွက်၊ User ဦးရေက တစ်နှစ်ထဲမှာ ကြောက်မက်ဖွယ် သန်း ၄၀ အထိ တိုးတက်လာခဲ့တာပါ။

                Spotify ကိုယ်တိုင်က Paid Subscribers တွေ ဘယ်လောက်ရှိပြီလဲဆိုတာကို ထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ပေမယ့် အချိုးချတွက်ကြည့်မယ်ဆိုရင် အနည်းဆုံး သန်း ၅၀ ကျော်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒီအရေအတွက်ဟာ Spotify ကို ကမ္ဘာ့အကြီးမားဆုံး Paid Music Streaming Service ပါဖြစ်သွားစေပြီး၊ ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ Apple Music က အခုအချိန်ထိ သုံးစွဲသူ ၂၇ သန်းဝန်းကျင်ပဲ ရှိနေပါသေးတယ်။ 

                Spotify Music က ဒီလောက်ထိအောင်မြင်မှုတွေရရှိလာတာဟာ သီချင်းအပုဒ် သန်း ၃၀ ကျော် ရှိနေတာကြောင့်တင်မဟုတ်ဘဲ၊ အခြား Music Streaming Service တွေလို ၁ လ၊ ၃လ အစမ်း Trial ကာလ မရှိပဲ အချိန်အကန့်အသတ်မရှိနားထောင်နိုင်တာ၊ Quality နဲ့ တခြား Features တစ်ချို့အပေါ်သာ မူတည်ပြီး Free နဲ့ Paid Subscription ခွဲခြားပေးထားတာတွေကြောင့် ဖြစ်မယ်လို့ ယူဆရပါတယ်။

References
GSM Arena
About Author
Assinged Tags
Applications Spotify Music Streaming Service Music
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed