Windows Store မှာ iTunes နှင့်အတူ Ubuntu အပြင် အခြား Linux System များပါ၀င်လာမည်

date_range 14 May 2017

Windows Store မှာ iTunes နှင့်အတူ Ubuntu အပြင် အခြား Linux System များပါ၀င်လာမည်

visibility 460 Views

                Microsoft ကနေပြီးတော့ Windows 10 Fall Creators Update တွေနဲ့အတူ တခြား Features အမြောက်အများကိုလည်း မိတ်ဆက်ပေးလျက်ရှိရာ အခုအခါမှာတော့ Windows Store မှာတင်ပဲ iTunes ကိုပါထည့်သွင်းပေးမယ်လို့သိရှိရပါတယ်။

                Apple နဲ့ Microsoft ဘယ်လိုတွေ သဘောတူညီမှုရယူခဲ့လဲမသိသလို iTunes Windows App အနေနဲ့လည်း Design ပုံစံတွေ ၊ Screenshot တွေလည်း မထွက်ပေါ်သေးပါဘူး။ ဒီ့အပြင် ဘယ်တော့ စ Launch မှာလည်းဆိုတာကိုလည်း မသိရှိရသေးပါဘူး။ 

                Windows Store မှာထည့်သွင်းပေးမယ် ဆိုတဲ့အတွက် Education ပိုင်းကိုဦးတည်ထားတဲ့ Windows 10 S မှာပါ အသုံးပြုလို့ရလာနိုင်ဖွယ်ရှိပါတယ်။  iTunes App အနေနဲ့လည်း သူ့ရဲ့ Function တွေအကုန်လုံး (Device Syncing၊ App Downloads၊ Apple Music နဲ့ iTunes Store တွေ) ကိုပါ Support ပေးဖို့ရှိပါတယ်။  App အနေနဲ့ ထုတ်လုပ်ရာမှာ အခက်အခဲ ရှိလာနိုင်မလားလို့ မေးခွန်းထုတ်စရာရှိပေမဲ့ Microsoft’s Project Centenial Desktop App Conversion Tool ကြောင့် Apple ဟာ သူ့ရဲ့ ယခင် Windows မှာရှိတဲ့ iTunes ကိုပဲ App အနေနဲ့ Convert အလွယ်တကူ ပြောင်းလဲနိုင်လာမှာပဲဖြစ်ပါတယ်။

                Linux Distribution အနေနဲ့ကလည်း Microsoft ကနေ အစောပိုင်းကာလကတည်းက Bash Shell ကို Windows 10 ရဲ့ Beta Feature အနေနဲ့ Developer Mode မှာထည့်သွင်းပေးထားတာကြောင့် အခက်အခဲမရှိပဲ  Fedora နဲ့ SUSE Linux တွေကို Supporting လုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ လက်ရှိအနေနဲ့ကတော့ စမ်းချင်တယ်ဆိုပါက Ubuntu Linux ကို Bash Shell ကနေ စမ်းသပ်နိုင်ပါတယ်။ အခုလောလောဆယ်တော့ Store မှာ Officially မတင်ပေးထားပေမဲ့ နောက်ပိုင်းမှာတော့ End Users တွေပါ အသုံးပြုလို့ရလာမှာပါ။ ဒါပေမယ့် Environment နှစ်ခုအနေနဲ့ အချင်းချင်း Communicate လုပ်လို့ရမှာမဟုတ်ပဲ Independent အနေနဲ့ပဲ Run မှာဖြစ်ပါတယ်။ 

References
Gadgets 360
About Author
Assinged Tags
Windows Operating System iTunes Linux related Windows App Related Windows Store Related Platforming Related Operating System Related News & Articles
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed