Samsung က Google ရဲ့ Play Music ကို Default Music App အနေနဲ့ အသုံးပြုတော့မည်

date_range 22 April 2017

Samsung က Google ရဲ့ Play Music ကို Default Music App အနေနဲ့ အသုံးပြုတော့မည်

visibility 600 Views

                ဒီနေ့မှာပဲ Samsung နဲ့ Google ကုမ္ပဏီနှစ်ခုလုံးက Samsung က ထုတ်လုပ်တဲ့ Smartphone တွေမှာ Google ရဲ့ Play Music ကို Default Music App အနေနဲ့ အသုံးပြုတော့မည်ဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။

                ဒီလိုမျိုး နည်းပညာကုမ္ပဏီကြီးနှစ်ခု ပူးပေါင်းခဲ့တာဟာ Galaxy S8 ကို ကြေငြာပြီးတဲ့ အချိန်ကစခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုပူးပေါင်းမှုဟာ Galaxy S7 ထဲက စခဲ့တာလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ Play Music က S7 မှာထဲက Default Music App ဖြစ်ခဲ့လို့ပါ။

                Samsung ဘက်က Google နဲ့ ဒီလိုမျိုးပူးပေါင်းခဲ့တာဆိုတာကလည်း Samaung က ထုတ်လုပ်တဲ့ Smartphone တွေကို အသုံးပြုတဲ့သူတွေအနေနဲ့ Google ရဲ့ ဝန်ဆောင်မှု App တွေနဲ့ တခြား App တွေနဲ့ မရောစေချင်လို့ ဖြစ်ပါတယ်။ 

                Google အနေနဲ့ S7 တုန်းက Play Music ကို Default Music App အနေနဲ့ပဲ ထားပေးခဲ့တယ်ဆိုပေမယ့် ဘာမှထူးထူးခြားခြား ပြောင်းလဲမှုတွေကို မလုပ်ပေးခဲ့ပါဘူး။ ယခုမှာတော့ Google ဘက်က Samsung ပရိသတ်တွေအတွက် ပြောင်းလဲမှုလေးတွေ လုပ်ပေးထားပါတယ်။

                ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်၊ S8 ကို ကိုင်ဆောင်တဲ့ User ဟာ Play Music ကို အသုံးပြုပြီး သီချင်းအပုဒ်ပေါင်း တစ်သိန်းကို Cloud Server ထဲ Upload လုပ်ထားနိုင်ပါတယ်။ ဒီလိုမျိုး Upload လုပ်ထားခြင်းအားဖြင့်လည်း User အနေနဲ့ မည်သည့်နေရာ၊ မည့်သည့်အချိန်မဆို Internet ရှိပြီဆိုတာတဲ့ မိမိ Upload လုပ်ထားတဲ့ သီချင်းတွေကို နားဆင်နိုင်မှာ ဖြစ်ပါတယ်။

                သီချင်းအပုဒ်ရေတစ်သိန်းဆိုတာ S8 ကိုင်ဆောင်တဲ့သူတွေကိုပဲ ပေးမှာဖြစ်ပါတယ်။ သာမန် Play Music အသုံးပြုသူကတော့ Google ရဲ့ စံနှုန်းအတိုင်း သီချင်းအပုဒ်ရေ ငါးသောင်းကိုပဲ Upload လုပ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး S8 ကိုင်ဆောင်သူတွေအနေနဲ့ Play Music ကို သုံးလတိတိ Free သုံးခွင့်ရရှိမှာဖြစ်ပြီး ဒီအခွင့်အရေးဟာ Google ရဲ့ Pixel ဖုန်းကိုင်ဆောင်သူတွေနဲ့ တန်းတူရရှိတာ ဖြစ်ပါတယ်။

                ဆက်လက်ပြီး Google က Samsung ပရိသတ်တွေအတွက် သီးသန့် Special Features တွေ ထည့်သွင်းပေးသွားမယ်လို့လည်း ကတိပေးသွားခဲ့ပါတယ်။ Google အနေနဲ့ Play Music ဟာ Bixby ကိုလည်း Support ပေးသွားမှာဖြစ်တယ်လို့လည်း ကတိပေးသွားပါသေးတယ်။ Samsung ရဲ့ Samsung Music App ကတော့ PlayStore မှာ ရှိနေဦးမှာဖြစ်ပြီး၊ အသုံးပြုချင်သူတွေအနေနဲ့ Download ပြန်လုပ်ရမှာ ဖြစ်ပါတယ်။

                Google အနေနဲ့ Samsung နဲ့ အခုလိုမျိုး ပူးပေါင်းလိုက်တယ်ဆိုတာကလည်း အခုလောလောဆယ် နာမည်ရပြီးသား Music Store တွေဖြစ်တဲ့ Spotify, Apple Music နဲ့ Amazon Music တို့နဲ့ ယှဉ်ပြိုင်ချင်လို့ ဖြစ်ပါတယ်။ Samsung ကိုယ်တိုင်လည်း Spotify ကို ယှဉ်ပြိုင်ဖို့ကြိုးစားခဲ့ပြီး အောင်မြင်မှုမရရှိတာကြောင့် မနှစ်ကသြဂုတ်လတုန်းက ရပ်ဆိုင်းပစ်ခဲ့ရပါတယ်။

References
The Verge
About Author
Assinged Tags
Samsung Google Galaxy S8 Galaxy S8 and S8+ Google Play Store Google Play Music Spotify Apple Music Amazon Music
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed