တစ်နှစ်လျှင် အွန်လိုင်းမှ ရောင်းရငွေ ဒေါ်လာ (၁၂) ဘီလီယံ ရရှိအောင် မစွမ်းဆောင်နိုင်ပါက ရာထူးကို စွန့်လွှတ်မည်ဟု Lenovo ၏ CEO ပြောကြား

date_range 23 July 2017

တစ်နှစ်လျှင် အွန်လိုင်းမှ ရောင်းရငွေ ဒေါ်လာ (၁၂) ဘီလီယံ ရရှိအောင် မစွမ်းဆောင်နိုင်ပါက ရာထူးကို စွန့်လွှတ်မည်ဟု Lenovo ၏ CEO ပြောကြား

visibility 580 Views

                Lenovo ထုတ်ကုန်တွေကို အွန်လိုင်းမှ ရောင်းချရမှု ပမာဏ မြင့်တက်လာအောင် ကြိုးစားနိုင်မယ်လို့ CEO ဖြစ်သူ Yang Yuanqing က ယုံကြည်နေပါတယ်။ အဲ့ဒီ့လို မစွမ်းဆောင်နိုင်ခဲ့ရင် CEO ရာထူးကို စွန့်လွှတ်မယ် လို့လည်း ပြောဆိုခဲ့ပါတယ်။

                Yang Yuanqing ဟာ အသက် (၂၅) နှစ် အရွယ်မှာ အရောင်းကိုယ်စားလှယ် တစ်ဦးအနေနဲ့ Lenovo မှာ စတင် လုပ်ကိုင်ခဲ့ပါတယ်။ ထို့နောက် ဖြန့်ချိရေး မန်နေဂျာ ရာထူးကို အလျင်အမြန်ပဲ တိုးတက် ရရှိခဲ့ပါတယ်။ Lenovo နဲ့ Microsoft ဆက်ဆံရေးမှာ အရေးပါတဲ့လူ တစ်ယောက်ဖြစ်ခဲ့ပြီး၊ တရုတ်နိုင်ငံနဲ့ ကမ္ဘာတလွှားမှာ Lenovo ကို လူအများ သိရှိအောင် ကြိုးပမ်းခဲ့ပါတယ်။ (၂၀၀၉) ခုနှစ်မှာတော့ Lenovo ရဲ့ CEO ဖြစ်လာခဲ့ပြီး၊ (၂၀၁၄) ခုနှစ်မှာ Motorola ကုမ္ပဏီကို ဝယ်ယူခဲ့ပါတယ်။

                ဒီလို ကြိုးစားခဲ့ပေမယ့် Smartphone ဈေးကွက်မှာတော့ အောင်မြင်မှု မရရှိသေးပါဘူး။ Lenovo အဓိကထုတ်လုပ်တဲ့ Computer တွေကလည်း HP နဲ့ Dell လို အမေရိကန် ထုတ်ကုန်တွေနဲ့ ယှဉ်ပြိုင်နေရဆဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် CEO ဖြစ်သူ Yang ကတော့ ကုမ္ပဏီရဲ့ အနာဂတ်အတွက် ယုံကြည်မှု အပြည့်အဝ ရှိနေပါတယ်။ Yang ဟာ Press Conference တစ်ခုမှာ Investor တွေကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးဖို့နဲ့ ကုမ္ပဏီအတွက် ရေတို၊ ရေရှည် ရည်မှန်းချက်တွေကို ချပြခဲ့ပါတယ်။

                တစ်နှစ်လျှင် အွန်လိုင်းမှ ရောင်းရငွေ ဒေါ်လာ (၁၂) ဘီလီယံ အထိ တိုးတက်ရရှိအောင် (၃) နှစ်အတွင်း ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ Lenovo ဟာ တရုတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး Online Retailer ဖြစ်တဲံ JD.com နဲ့ ပူးပေါင်းပြီး ဒီရည်မှန်းချက်ကို အကောင်အထည် ဖော်မှာ ဖြစ်ပါတယ်။

“ကျွန်တော် ဒီရာထူးကို မစွန့်လွှတ်ချင်ပါဘူး။ ရည်မှန်းချက်အတိုင်း ဖြစ်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ဒီအတွက် စိတ်ပူစရာလည်း မလိုပါဘူး… Investor တွေဟာ စိတ်ရှည်ရှည်ထားဖို့ လိုပါတယ်။ ကျွန်တော်တို့ ရလဒ် တစ်ခုကို လိုချင်ရင် အချိန်အတိုင်းအတာ တစ်ခုတော့ ပေးရပါမယ်။”

                လို့လည်း Yang က ပြောကြားခဲ့ပါသေးတယ်။

                Lenovo ဟာ PC တွေ ထုတ်လုပ်ရာမှာ Fujitsu နဲ့ ပူးပေါင်းမယ် ဆိုတဲ့ ကောလာဟလ တချို့လည်း ထွက်နေပါတယ်။ Yang ကတော့ ဒီကိစ္စဟာ ဆွေးနွေးဆဲ အဆင့်သာ ရှိသေးတယ်လို့ ဆိုပါတယ်။ Smartphone ဈေးကွက်မှာ နေရာတစ်ခု ရရှိဖို့နဲ့ PC ဈေးကွက်ကို ပိုမို ထိုးဖောက်နိုင်ဖို့ အတွက် Lenovo ကတော့ ဆက်လက် ကြိုးစားနေဦးမှာပါ။

References
Android Authority
About Author
Assinged Tags
Smartphones PC Lenovo Lenovo Laptops CEO Yang Yuanqing Fujitsu
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed