ပြန်လည်ပြုပြင်ရန် လုံးဝမဖြစ်နိုင်တဲ့ Microsoft ရဲ့ Surface Laptop

date_range 18 June 2017

ပြန်လည်ပြုပြင်ရန် လုံးဝမဖြစ်နိုင်တဲ့ Microsoft ရဲ့ Surface Laptop

visibility 1660 Views

                Microsoft ရဲ့ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Surface Laptop အသစ်ဟာ ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Ultrabook တစ်ခုလို့ပြောလို့ရပါတယ်။ ဒီဇိုင်းလှပတဲ့အပြင် သယ်ဆောင်ရလွယ်ကူတာကြောင့် အကောင်းဘက်ကို ပိုပြီးဝေဖန်ခံခဲ့ရတဲ့ Laptop တစ်ခုဖြစ်ပါတယ်။ 

                ဒါပေမယ့် iFixit ရဲ့ Teardown အရ Microsoft ရဲ့ Surface Laptop ကလုံးဝပြန်ပြုပြင်ဖို့ မဖြစ်နိုင်ဘူးဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ Surface Laptop မှာ စက်ရဲ့အတွင်းပိုင်းကိုဖွင့်စရာ Screw လုံးဝမပါဝင်သလို ဖွင့်မယ်ဆိုရင် Alcantara fabric Keyboard ကို ဆွဲခွာရမှာဖြစ်ပါတယ်။


                စက်အတွင်းပိုင်းမှာလည်း ဘယ်အရာမှ ဖြုတ်လို့မလွယ်အောင်ပြုလုပ်ထားပြီး Keyboard ကိုလည်း ကော်နဲ့အသေကပ်ထားတာပါ။ Motherboard ကလည်း Thermal pads တွေနဲ့ဖုံးအုပ်ထားပြီး Battery ကိုလည်း အခြား အစိတ်အပိုင်းအကုန်လုံးဖြုတ်ပြီးမှ ဖြုတ်လို့ရတယ်လို့ပြောခဲ့ပါတယ်။ Battery ကလည်း စက်ရဲ့ Casing မှာ အသေ ကော်နဲ့ကပ်ထားတာဖြစ်ပါတယ်။ 

                Microsoft ရဲ့ ပြီးခဲ့တဲ့နှစ်တွေက ထုတ်လုပ်ခဲ့တဲ့ Surface Book က iFixit ရဲ့ ပြန်လည်ပြုပြင်နိုင်မှုအမှတ် ၁၀ မှတ်မှာ ၁ မှတ်ပဲရခဲ့ပေမယ့် အခုထွက်ရှိလာတဲ့ Surface Laptop ကိုတော့ ၁၀ မှတ်မှာ အမှတ်လုံးဝမရခဲ့ပါဘူး.. ဝ မှတ်ပါ။ iFixit ကတော့ Microsoft Surface Laptop ဟာ ပြုပြင်ဖို့အတွက် Design ထုတ်ထားတာမဟုတ်ဘူးလို့ပဲ ထုတ်ပြန်ခဲ့ပါတယ်။

                Surface Laptop ဟာ အထဲက အစိတ်အပိုင်းတွေကို Upgrade ပြုလုပ်ဖို့ထက် စက်ကိုတောင် မဖျက်ဆီးပဲနဲ့ ဖွင့်လို့မရတဲ့ Laptop လို့ သတ်မှတ်ရမှာပဲဖြစ်ပါတယ်။

References
The Verge iFixit
About Author
Assinged Tags
Microsoft Laptop Surface Laptop Teardown
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed