Apple ကနေ ယခုလအစောပိုင်းတုန်းက WWDC 2017 ပွဲမှာ ကြေငြာသွားခဲ့တဲ့ Apple iPad Pro 10.5" နဲ့ 12.9" ၂ မျိုးစလုံးမှာ RAM 4GB ပါဝင်တယ်ဆိုတာကို Geekbench စစ်ဆေးမှုတွေကနေတစ်ဆင့် တွေ့ရှိခဲ့ပါတယ်။ Apple အနေနဲ့ သူ့ iDevices တွေမှာ RAM ဘယ်လောက်ပါလဲဆိုတာ တရားဝင်ဖော်ပြလေ့မရှိတဲ့အတွက်၊ အခုလို Benchmark နဲ့ Teardown Results တွေကိုပဲ စောင့်ကြည့်နေရတာဖြစ်ပါတယ်။
ဒီနှစ် WWDC 2017 ပွဲမှာ မိတ်ဆက်သွားတဲ့ iPad Pro 10.5" လက်မအသစ်ဟာ အရင် 9.7" iPad Pro နေရာကို အစားထိုးထားတဲ့ မော်ဒယ်အသစ်ဖြစ်ပြီး၊ 9.7" iPad Pro တုန်းက RAM 2GB ပဲ ပါဝင်ခဲ့ပေမယ့်၊ အခု 10.5" Model မှာတော့ RAM 4GB ဖြစ်သွားတာ တွေ့ရပါတယ် ။ iPad Pro 12.9" ကတော့ အရင်တုန်းကလည်း RAM 4GB ပဲ ဆိုတော့ အပြောင်းအလဲမရှိပဲ၊ Apple အနေနဲ့ iPad Pro အသေးမှာပဲ RAM တိုးမြှင့်ပေးလိုက်ပုံပေါ်ပါတယ်။
iPad Pro အသစ် ၂ မျိုးစလုံးမှာ Apple ရဲ့ လက်ရှိအကောင်းဆုံး Processor ဖြစ်တဲ့ A10X Fusion Chipset ကို အသုံးပြုပေးထားပြီး ပြီးခဲ့တဲ့ Generation ထက် 30% ပိုမိုမြန်ဆန်တာကိုတွေ့ရပါတယ်။ CPU က Cores ၆ ခုပါဝင်ပြီးတော့ High Powered Cores ၃ ခု နဲ့ Power Saving Cores ၃ ခုပါဝင်တာဖြစ်ပါတယ်။
Geekbench tests results အရ iPad Pro ၂ မျိုးစလုံးက ရမှတ်မတိမ်းမယိမ်းပဲရရှိပြီးတော့ Single-core က 3,900 points ကျော်၊ Multi-core က 9,000 points ကျော်ရရှိထားတဲ့အတွက် လက်ရှိ Mobile Device တွေထဲမှာ Performance အကောင်းဆုံးလို့တောင်ပြောလို့ရပါတယ်။
လက်ရှိ Apple iPad Pro အသစ်တွေကို ရောင်းချနေပြီဖြစ်ပြီး Store ဈေးအနေနဲ့ 10.5" က $649 ကစပြီး 12.9" Version ကတော့ $799 ကနေ စတင်ရောင်းချနေတာဖြစ်ပါတယ်။
Join Us On