နောက်တစ်ပတ်ထဲမှာ ၉.၇ လက်မ iPad Pro 2 ကို မိတ်ဆက်ဖွယ်ရှိတဲ့ Apple

date_range 16 March 2017

နောက်တစ်ပတ်ထဲမှာ ၉.၇ လက်မ iPad Pro 2 ကို မိတ်ဆက်ဖွယ်ရှိတဲ့ Apple

visibility 250 Views

                ဂျပန်နိုင်ငံအခြေစိုက် Blog တစ်ခုဖြစ်တဲ့ Mac Otakara ဆိုတဲ့ Blog လေးမှာ ဂျပန်နိုင်ငံက Apple အကြောင်းကျွမ်းကျင်တဲ့ ဂျပန်နိုင်ငံသား ဈေးကွက်လေ့လာသူတစ်ချို့က လာမယ့်အပတ်ထဲမှာ ၉.၇ လက်မ iPad Pro 2 ကို Apple မှ မိတ်ဆက်သွားဖွယ်ရှိတယ်လို့ ခန်းမှန်းထားကြကြောင်း ရေးသားထားပါတယ်။

                ဒီ ဂျပန်နိုင်ငံသား ဈေးကွက်လေ့လာသူတစ်ချို့က သူတို့ခန့်မှန်းတာဟာ Apple က နှစ်စဉ်လုပ်ရမယ့် Event တစ်ခုကို Schedule မလုပ်သေးလို့ ဒီလိုခန့်မှန်းမှုမျိုး လုပ်ရတာလို့လည်း ရှင်းလင်းထားပါသေးတယ်။

                Apple က သူတို့ Event တစ်ခုခုလုပ်တော့မယ်ဆိုရင် သက်ဆိုင်ရာ Media တွေကို ၁၀ ရက်ကြိုပြီး အကြောင်းကြားလေ့ရှိပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဒီကောလဟာလသတင်းဟာ မှန်ကန်မယ်လို့တော့ ယုံကြည်ရပါတယ်။

                နောက်ထပ်ထွက်ရှိလာမယ့် ဒုတိယမျိုးဆက် iPad Pro ကို iPad Pro 2 လို့ အမည်ပေးမယ်လို့ ယူဆရပါတယ်။ နောက်ပြီး ဒုတိယမျိုးဆက် iPad Pro ကို မိတ်ဆက်ပွဲနဲ့ ပွဲထုတ်သွားမှာမဟုတ်ပဲ၊ သာမန် သတင်းစာရှင်းလင်းပွဲလောက်နဲ့ပဲ ပွဲထုတ်သွားမယ်လို့လည်း ခန့်မှန်းရပါတယ်။

References
MacRumors
About Author
Assinged Tags
iPad Pro 2 iPad Pro
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed