Apple iPad Pro အသစ်ကို ကြိုတင်သုံးသပ်မိခြင်း

date_range 08 June 2017

Apple iPad Pro အသစ်ကို ကြိုတင်သုံးသပ်မိခြင်း

visibility 900 Views

                ပြီးခဲ့တဲ့ WWDC 2017 မှာ Apple ကနေ iPad Pro 12.9" ကို Upgrade ပြုလုပ်ခဲ့ပြီး ယခင် 9.7" Model ကိုလည်း 10.5" အနေနဲ့ အသစ်ပြောင်းလဲကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ထူးခြားတဲ့အချက်တစ်ခုက အခုကြေငြာသွားတဲ့ iPad Pro တွေရဲ့ ဈေးနှုန်းက ယခင် iPad Pro တွေရဲ့ ဈေးနဲ့ယှဉ်ရင် ပိုနည်းနေပါတယ်။

                အခုလို ထွက်သမျှ ဖုန်း၊ Tablet တွေအကုန်လုံးနီးပါးက ယခင်ထက်ဈေးပိုကြီးလာကြတဲ့အချိန်မှာ Apple ရဲ့ အကြံကဘာဖြစ်နိုင်မလဲ? ကျွန်တော်တို့ကတော့ ပိုကောင်းတဲ့ စွမ်းဆောင်ရည်၊ ပိုသက်သာတဲ့ဈေးတွေနဲ့ အမြင့်ပိုင်း Tablet ဈေးကွက်ကို အပိုင်သိမ်းဖို့ပဲဖြစ်မယ်လို့ ထင်မိပါတယ်။ 

                အခု iPad Pro အသစ်တွေမှာ Ground Breaking နည်းပညာတစ်ခုပါဝင်လာပါတယ်။ ဒါကတော့ 120Hz Refresh Rate ရှိတဲ့ Pro Motion နည်းပညာအသုံးပြုထားတဲ့ Display တွေပါ။ ပုံမှန် Mobile Device တွေရဲ့ Display ရဲ့ Refresh Rate က 60Hz ပဲရှိတဲ့အချိန်မှာ အခု iPad Pro မှာသုံးထားတဲ့ 120Hz က ၂ဆ ပိုများနေပါတယ်။


                Refresh Rate ပိုများတာက ကိုယ်လုပ်ဆောင်နေသမျှအရာအားလုံးကို ပိုချောမွေ့ပြီး အပြင်သဘာဝအတိုင်းပိုပြီး လက်တွေ့ဆန်လာစေပါတယ်။ ပုံမှန်ယှဉ်သုံးကြည့်တာနဲ့ သိသာမှာဖြစ်သလို ပုံဆွဲတဲ့အချိန်မှာလည်း ယခု iPad Pro တွေမှာ Industry Leading 20ms latency ပဲရှိတဲ့ Apple Pencil နဲ့ဆွဲရမှာဖြစ်တဲ့အတွက် အကောင်းဆုံးသော Experience ကို ခံစားနိုင်ပါလိမ့်မယ်။ အချို့သော နည်းပညာရှင်တွေက Apple က 120Hz Display ကို iPad Pro မှာ မိတ်ဆက်ခဲ့တာက လွန်ခဲ့တဲ့ 2010 ခုနှစ်တုန်းက Retina Display ကို စတင်မိတ်ဆက်ခဲ့သလိုပဲလို့တောင် ပြောဆိုနေကြပါပြီ။ အဲ့ဒါအပြင် True Tone Panel အသစ်ကို အသုံးပြုထားတဲ့အတွက် HDR Support ပထမဆုံးပါဝင်လာတဲ့ Apple Devices တွေဖြစ်လာပြီးတော့ Peek brightness ကလဲ တောက်ပတဲ့ 600 Nits brightness ရရှိဦးမှာပါ။ 


                Performance ပိုင်းအနေနဲ့လည်း iPad Pro တွေကို Apple A10X Fusion chipset အသုံးပြုပေးထားပြီး CPU Cores ၆ ခုနဲ့ GPU Cores ၁၂ ခုပါဝင်မှာဖြစ်ပါတယ်။ Apple ကတော့ ယခင် iPad Pro တွေထက် CPU 30%, GPU 40% စွမ်းဆောင်ရည်ပိုကောင်းလာတယ်လို့ပြောထားပါတယ်။ ကင်မရာပိုင်းမှာလည်း Tablet ဖြစ်နေပေမယ့် လျော့မထားပဲနဲ့ လက်ရှိအကောင်းဆုံး ကင်မရာဖြစ်တဲ့ iPhone 7 ရဲ့ 12MP Back Camera နဲ့ Front 7MP Selfie Camera ကို အခု iPad Pro တွေမှာတပ်ဆင်ပေးထားတာက တော်တော်လေးကို အကြိုက်တွေ့ကြပါလိမ့်မယ်။ 


                Design အရလည်း အနေနဲ့လည်း ဘေးဘောင်တွေကို ပိုပြီးပါးအောင်ပြုလုပ်ထားပြီးတော့ 6.9mm ပဲ အထူရှိတဲ့အတွက် အလွန်ပါးလွှာတယ်လို့ပြောလို့ရသလို ၁ ပေါင်ဝန်းကျင်လောက်ပဲအလေးချိန်ရှိမှာဖြစ်ပါတယ်။ Battery Life အရလည်း Apple ကတော့ ၁၀ နာရီဆက်တိုက်အသုံးပြုနိုင်မယ်လို့ ပြောထားပါတယ်။ 


                Software ပိုင်းအရကြည့်မယ်ဆိုရင်လည်း အသစ်ထွက်ရှိလာတဲ့ iOS 11 မှာ iPad Pro အတွက်ပဲ သီးသန့်ရရှိနိုင်တဲ့ Features အများအပြားပါဝင်နေပါသေးတယ်။ အဲ့ဒါတွေကတော့ Drag and Drop ကို Support ပြုလုပ်လာတယ်။ Multi-Windows ပါဝင်လာပြီးတော့ Apps တွေအကုန်လုံးကို ကြိုက်သလိုရွေ့ပြောင်းနိုင်တော့မှာဖြစ်ပါတယ်။ iOS Dock Features ကလည်း စွမ်းဆောင်ရည်မြင့်မားတဲ့ Taskbar တစ်ခုလိုအသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ iOS 11 မှာ Files App အသစ်ပါဝင်လာတာကိုကြည့်ရင် မကြာခင် iPad Pro မှာ External Storage တွေကို ချိတ်သုံးနိုင်လောက်မှာပါ။ 

                iPad Pro အသစ်ရဲ့ ဈေးတွေကတော့ 

10.5-inch iPad Pro: 
$649 for 64GB, $779 for 64GB + Cellular,
$749 for 256GB, $879 for 256GB + Cellular
$949 for 512GB, $1079 for 512GB + Cellular
12.9-inch iPad Pro: 
$799 for 64GB, $929 for 64GB + Cellular
$899 for 256GB, $1029 for 256GB + Cellular
$1099 for 512GB, $1229 for 512GB + Cellular 

                10.5-inch iPad Pro ကို Silver, Space Gray, Gold နဲ့ Rose Gold အရောင် ၄ ရောင်၊ 12.9-inch iPad Pro ကိုတော့ Silver, Space Gray နဲ့ Gold အရောင် ၃ ရောင် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ June လ ၁၂ ရက်မှာ US အပါအဝင်နိုင်ငံအချို့မှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ 

                အဲ့တော့ အကုန်လုံးကို ခြုံငုံသုံးသပ်ရရင် Apple က အသစ်ထုတ်လုပ်လိုက်တဲ့ iPad Pro 10.5" နဲ့ 12.9" ၂ မျိုးစလုံးက အရင် Generation ထက်များစွာ Performance ပိုကောင်းလာပြီးတော့ ဈေးနှုန်းအရလဲ ပိုပြီး သက်သာတယ်လို့တောင် ပြောလို့ရပါတယ်။ iPad Pro မှာပဲ သီးသန့်ရရှိနိုင်တဲ့ iOS 11 ရဲ့ Features တွေကလည်း Multi-tasking အတွက် အထူးကောင်းမွန်နေတော့ Apple က ဒီတစ်ခါ iPad Pro Tablet တွေနဲ့ အောင်မြင်မှုရဦးမယ်လို့ပဲ သုံးသပ်မိပါတယ်။ 


References
Apple Newsroom
About Author
Assinged Tags
Tablet iPad Pro 2 iPad Pro WWDC 2017 iOS 11 WWDC
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed