iPhone နဲ့ iPad များမှာအသုံးပြုတဲ့ Chip တွေကို Apple က ပြန်လည်အော်ဒါမှာယူအောင် Samsung ကြိုးစားနိုင်မလား?

date_range 16 March 2017

iPhone နဲ့ iPad များမှာအသုံးပြုတဲ့ Chip တွေကို Apple က ပြန်လည်အော်ဒါမှာယူအောင် Samsung ကြိုးစားနိုင်မလား?

visibility 3750 Views

ဘာလို့ Samsung ကို မထုတ်လုပ်ခိုင်းတော့တာလဲ?

                Apple က သူတို့ရဲ့ iPhone တွေ၊ iPad တွေမှာ အသုံးပြုမယ့် Chip တွေရဲ့ Architecture ကို သူတို့ကိုယ်တိုင် Design ဆွဲတယ်ဆိုပေမယ့် တကယ်တမ်းကျတော့ Processor ထုတ်တဲ့ ကုမ္ပဏီတွေကို ထုတ်လုပ်ခိုင်းတာ ဖြစ်ပါတယ်။ အရင်ကတော့ Samsung ကို ထုတ်လုပ်ခိုင်းတယ် ဆိုပေမယ့် iPhone 6 ကနေစပြီး Samsung ရဲ့ ပြိုင်ဘက် ထိုင်ဝမ်အခြေစိုက် ကုမ္ပဏီဖြစ်တဲ့ TSMC ကိုပဲ ထုတ်လုပ်ခိုင်းပါတော့တယ်။

                အခုအချိန်မှာတော့ TSMC က Apple အတွက် A-Series Chip တွေကို အဓိကထုတ်လုပ်ပေးနေပါတယ်။ Apple က Saumsung ကို A-Series Chip တွေမထုတ်လုပ်ခိုင်းတော့တာ အကြောင်းရှိပါတယ်။ iPhone 6s အတွက် Processor တွေကို Saumsung ကိုရော၊ TSMC ကိုရော တစ်ဝက်စီ အော်ဒါအပ်ခဲ့ပေမယ့် Samsung က ထုတ်ပေးလိုက်တဲ့ A-Series Chip တပ်ဆင်ထားတဲ့ iPhone တွေဟာ အပူချိန်တက်လွယ်ပြီး၊ Battery လည်း သိပ်မခံပါဘူး။

                TSMC ကထုတ်လုပ်ပေးလိုက်တဲ့ A-Series Chip တွေတပ်ဆင်ထားတဲ့ iPhone တွေကတော့ မည်သည့်ပြဿနာမှမရှိပဲ အလုပ်လုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှာတော့ Samsung နဲ့ Apple ကြားက စီးပွားရေးတံတားတစ်စင်း ပျက်စီးခဲ့ပြီး အခုအချိန်မှာတော့ Samsung က အဲ့ဒီ့ တံတားကို ပြန်ထိုးချင်နေပုံရပါတယ် (ပြိုင်ဘက်ဖြစ်တဲ့ TSMC ကို ဈေးကွက်မပေးချင်တာလဲ ပါပါတယ်)။

Samsung က ဘယ်လို အစီအစဉ်တွေ ရေးဆွဲနေလဲ?

                ဘာလို့လဲဆိုတော့ Samsung က 7nm Chips တွေကို ထုတ်လုပ်မယ့် အစီအစဉ်တွေကို အပူတပြင်းရေးဆွဲနေပြီး လာမည့် iPhone တွေမှာ အသုံးပြုမယ့် Chip တွေကို Apple က ပြန်လည်အော်ဒါမှာယူဖို့လည်း မျှော်လင့်နေတယ်လို့ Koera နိုင်ငံအခြေစိုက် IT News တွေရေးသားတဲ့ ET News ဆိုတဲ့ ဝဘ်ဆိုဒ်မှာ ရေးသားထားလို့ ဖြစ်ပါတယ်။ 

                Samsung က 10nm Chips တွေထုတ်လုပ်မှုကို လာမယ့်လမှာ ကြီးကြီးမားမား ရင်းနှီးမြုပ်နှံဖို့ စီစဉ်ထားပြီး လာမယ့် ၂၀၁၈ ခုနှစ်မှာလည်း 7nm Chips တွေထုတ်လုပ်မယ့် စက်ရုံကိုတည်ဆောက်သွားဉီးမယ်လို့ သိရှိရပါတယ်။ ဒီလိုမျိုး စီးပွားရေးနည်းဗျူဟာတွေ ချနေတာဟာ Samsung က သူရဲ့ ပြိုင်ဘက် Chip ထုတ်လုပ်သူတွေထက် ပိုလည်းမြန်၊ ပိုလည်း လုံခြုံစိတ်ချမှုရှိမယ့် နည်းပညာတွေကို လက်ဉီးမှုရယူထားချင်လို့ပဲ ဖြစ်ပါတယ်။

Samsung ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲ?

                ဒီလိုမျိုး နည်းဗျူဟာတွေချနေပေမယ့်လည်း Samsung က အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ Galaxy Note 7 တုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက ကုမ္ပဏီကို အကြီးအကျယ် သိက္ခာကျစေခဲ့တဲ့အပြင်၊ ယခုအချိန် 10nm နဲ့ 7nm Chip တွေထုတ်လုပ်မယ့် စက်ရုံတွေတည်ဆောက်ဖို့ အစီအစဉ်ဆွဲလို့မှမပြီးသေးပါဘူး ပြိုင်ဘက် TSMC ကုမ္ပဏီက 5nm နဲ့ 3nm Chip တွေကို ထုတ်လုပ်ဖို့အစီအစဉ်တွေ ဆွဲနေပြီဆိုတော့ Samsung ရင်ဆိုင်နေရတဲ့ ပြဿနာတွေက မသေးလှပါဘူး။

Apple က Samsung ကို Chip တွေအော်ဒါမှာယူနိုင်ချေရှိလား?

                ကျွမ်းကျင်သူတွေကတော့ TSMC က Samsung ထက် နည်းပညာပိုင်းမှာ ရှေ့ကိုကြိုရောက်နေတဲ့အချက်ကပဲ Apple က Samsung ကို A-Series Chip တွေ အော်ဒါမမှာတော့တာလို့ ပြောကြပြီး ပြန်လည်အော်ဒါမှာယူမယ့် ရာခိုင်နှုန်းကတော့ တော်တော်လေးကို နည်းဉီးမှာဖြစ်ပါတယ်။

References
9to5Mac
About Author
Assinged Tags
Samsung TSMC A-Series Chips
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed