Apple က iPhone နဲ့ iPad ကို Touchscreen MacBook အဖြစ်ပြောင်းလဲဖို့ ပြင်ဆင်နေ

date_range 24 March 2017

Apple က iPhone နဲ့ iPad ကို Touchscreen MacBook အဖြစ်ပြောင်းလဲဖို့ ပြင်ဆင်နေ

visibility 7250 Views

                ၂၀၁၆ ခုနှစ်ထုတ် Mac တွေမှာ ပါဝင်လာတဲ့ Touch Bar ဟာ တကယ်တော့ Apple ရဲ့ စမ်းသပ်ချက်တစ်ပါ။ ဘာကို စမ်းသပ်တာလဲဆိုတော့ Mac တွေကို Touchscreen နဲ့ သုံးရင်အဆင်ပြေမလားပေါ့ (ကျနော်ကတော့ လုံးဝမကြိုက်ပါဘူး Touch Bar ကို)။ ဒါပေမယ့် လာမယ့်အနာဂါတ် Mac မျိုးဆက်သစ်တွေမှာ Touch Bar နဲ့ မဟုတ်ပဲ၊ Touchscreen ပါဝင်လာအောင် ကြိုးစားနေပါတယ်။

                နည်းပညာသစ်တွေကို တိုးတိုးတိတ်တိတ်ပဲ လုပ်တတ်တဲ့ Apple ခမျာ မီဒီယာတွေကိုတော့ ဖုံးကွယ်လို့မရပါဘူး။ Apple Insider ဆိုတဲ့ အွန်လိုင်းမီဒီယာတစ်ခုက Apple က မူပိုင်ခွင့်တင်ထားတဲ့ စာရွက်စာတမ်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

                ဒီမူပိုင်ခွင့်နဲ့ ပက်သက်တဲ့ စာရွက်စာတမ်းတွေထဲမှာ Apple က iPhone နဲ့ iPad ထည့်လို့ရမယ့် Dock လေးတွေပါဝင်တဲ့ Laptop ဒီဇိုင်းမူကြမ်းပုံစံ ပါဝင်ပါတယ်။ ဒီမူကြမ်းပုံစံအရဆိုရင် အခုလက်ရှိ Mac တွေရဲ့ Trackpad နေရာမှာ iPhone ကို ထည့်သွင်းအသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ 

                iPhone ကို တပ်ဆင်ပြီးသွားပြီဆိုရင်တော့ iPhone ကို Mac အတွက် Trackpad အနေနဲ့ အသုံးပြုလို့ရနိုင်မှာ ဖြစ်ပါတယ်။ ဒီ ဒီဇိုင်းမူကြမ်းဟာ ရှင်းရှင်းပြောရရင် HP ရဲ့ LapDock ကို ခိုးထားသလိုပါပဲ။ သူနဲ့လည်း အလုပ်လုပ်ပုံတူညီမှာ ဖြစ်ပါတယ်။ ဒါကတော့ iPhone အတွက် ဒီဇိုင်းမူပိုင်ခွင့်မူကြမ်းပုံစံလေးပေါ့။

                iPad အတွက် ဒီဇိုင်းကတော့ Mac ရဲ့ Display နေရာမှာ iPad တပ်ဆင်လို့ရမယ့် Dock ပါဝင်မှာဖြစ်ပြီး၊ iPad ကို တပ်ဆင်လိုက်မယ်ဆိုရင်တော့ iPad ကနေ Mac အတွက် Display လိုပုံစံမျိုးဖြစ်သွားပြီး Laptop တစ်လုံးလို အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ 

                ဒီမူပိုင်ခွင့်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလထဲက တင်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီမူပိုင်ခွင့် စာရွက်စာတမ်းတွေထဲမှာပါတဲ့ ဒီဇိုင်းတွေအတိုင်း Apple က ထုတ်လုပ်လိမ့်မယ်လို့တော့ မမျှော်လင့်ပါနဲ့။ Apple မှမဟုတ်ပါဘူး နည်းပညာကုမ္ပဏီကြီးတွေ အကုန်လုံးနီးပါး ဒီလိုမျိုးမူပိုင်ခွင့်တွေတင်၊ ပြီးရင် အဲ့ဒီ့အတိုင်း မလုပ်ကြပါဘူး။ 

                သူတို့ရဲ့ နည်းပညာသစ်တွေ သူများဆီပါမှာကလည်း ကြောက်ရတယ်ဆိုတော့ မူပိုင်ခွင့်တင်ထား ပြီးမှအခြေအနေမကောင်းရင် မလုပ်ဘူးပေါ့။ သူများလုပ်ပြန်တော့လည်း ငါတို့ကမူပိုင်ခွင့်တင်ပြီးသားဆိုပြီး တရားစွဲလို့ရတာဆိုတော့လည်း မူပိုင်ခွင့်ကို တင်ကြသည်ပေါ့။

References
The Verge
About Author
Assinged Tags
iPhone macOS iPad MacBook
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed