Google မှ Fake Apps တွေနဲ့ အသုံးမ၀င်တဲ့ Apps များကို Play Store ပေါ်မှရှင်းထုတ်ပစ်ရန်စီစဉ်နေ

date_range 21 May 2017

Google မှ Fake Apps တွေနဲ့ အသုံးမ၀င်တဲ့ Apps များကို Play Store ပေါ်မှရှင်းထုတ်ပစ်ရန်စီစဉ်နေ

visibility 300 Views

                Android ဟာ Open Source တစ်ခုဖြစ်တဲ့အပြင် Android App တစ်ခုကို Develop လုပ်ဖို့ကလည်း အရမ်းမခက်ခဲတာကြောင့် အခုဆို Play Store မှာ အသုံးမ၀င်တဲ့ Apps တွေ၊ Advertise အရမ်းများလွန်းတဲ့ Apps တွေနဲ့အတူ ဘာမှလည်းမလုပ်ရသေးပဲနဲ့ကို အလိုလိုလေးပင်နေပြီး သုံးမရတဲ့ Apps တွေလည်းရှိပါသေးတယ်။ 

                Play Store ကိုယ်တိုင်က ဒီလို Apps တွေပွထနေတဲ့အချိန်မှာ သုံးတဲ့ Users တွေက နားမလည်ပဲ မှားယွင်းဒေါင်းလုပ်ဆွဲမိရင် မလိုအပ်တဲ့ Malware တွေပါ၀င်ရောက်လာနိုင်သေးပါတယ်။ Google ဟာ ဒီ Issues တွေကို မသိတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့လည်း Developers တွေကို App Release ခွင့် Policy တွေ၊ Free Develop လုပ်ခွင့်ပေးထားတာတွေကိုလည်း Limit ပြန်လုပ်ခွင့်မရှိတဲ့အတွက် တခြားနည်းလမ်းတွေကို စဉ်းစားရင်းနဲ့ ကြန့်ကြာနေတာပဲဖြစ်ပါတယ်။ 

                Google ကနေပြီးတော့ အခုအခါမှာတော့ Quality မကောင်းတဲ့ Apps တွေ၊ Fake Apps တွေကို Play Store ကနေတော့ Remove လုပ်ပစ်မှာမဟုတ်ပဲ Users တွေ Search နဲ့ရှာဖွေတဲ့အခါကျရင် မပေါ်အောင်၊ မလိုအပ်ပဲ Top Charts ထဲမရောက်သွားအောင် ကြိုးစားတော့မှာပါ။ Google ဘက်ကနေ ထုတ်ပြန်ထားတဲ့ Filter rules တွေကတော့ 

  • App တွေ Respond မရှိတော့တဲ့ကြိမ်နှုန်း (ANR Rates)
  • App တွေ Crash ဖြစ်/မဖြစ်
  • Graphic rendering မှာနှေးနေတာ (Software rendering)
  • Frames တွေရပ်နေတာ
  • Wake locks တွေ၀င်နေတာ (ကိုယ့်ဖုန်းကို App တစ်ခုက တစ်နာရီထက်ပိုပြီး Active State ခေါ်ထားတာ)
  • လိုတာထက်ပိုပြီး ဖုန်းကိုနှိုးနေတာ (ကိုယ့်ဖုန်းကို App တစ်ခုက ၁၀ ကြိမ်ထက်မနည်း Active State ကိုခေါ်ဖို့ကြိုးစားတာ)

စတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး Users တွေကိုအနှောင့်အယှက်ပေးတဲ့ Apps တွေအနေနဲ့သတ်မှတ်ကာ Play Store မှာဖော်ပြချိန်နည်းပါးလာမှာပဲဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ Filter rules အရ App တစ်ခုရဲ့ Average rating က 25% ထက်လျော့နည်းနေမယ်ဆိုရင်တော့ Google ဟာ သက်ဆိုင်ရာ Developer ကို E-mail ပို့ပြီး Warning ပေးမှာပဲဖြစ်ပါတယ်။

                Play Store ပေါ်မှာ Apps ဖောင်းပွနေတဲ့ ပြဿနာဟာ Google မှကြုံတွေ့နေရတဲ့ အကြီးမားဆုံးပြဿနာတစ်ခုမို့ အခုအခါတော့ Google ဟာ သေသေချာချာကိုင်တွယ်ဖြေရှင်းတော့မှာကြောင့် Android သမားတွေအတွက်တော့ သတင်းကောင်းတစ်ခုပါပဲ။ 

References
Android Authority
About Author
Assinged Tags
Google Android Applications Android App Virus Malwares Google Play Store Malware Android Phone Google Play App Fake App Useless App Viruses
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed