မျိုးဆက်သစ် Mac Pro အသစ်ကို ၂၀၁၈ မှာ မိတ်ဆက်သွားဖို့ရှိတဲ့ Apple

date_range 05 April 2017

မျိုးဆက်သစ် Mac Pro အသစ်ကို ၂၀၁၈ မှာ မိတ်ဆက်သွားဖို့ရှိတဲ့ Apple

visibility 500 Views

                နှစ်ပေါင်းများစွာ မပြုမပြင်ပဲအထားခံခဲ့ရတဲ့ Mac Pro ဟာ အသုံးပြုသူတိုင်းရဲ့ Complain တက်ခြင်းကို ခံခဲ့ရပါတယ်။ မပြုမပြင်ပဲထားခဲ့တာဖြစ်တဲ့အတွက် Performance လဲမတိုးတက်လာတာကြောင့် Apple အဆိုအရ Performance ကိုပဲ ဦးစားပေးထားပါတယ်ဆိုတဲ့ Mac Pro ဟာ အသုံးပြုသူ Professional တွေရဲ့ Complain တက်တာကို ခံရတာဖြစ်ပါတယ်။

                နောက်ထပ် Complain တက်ကြတဲ့အချက်ကတော့ Mac Pro ထဲမှာပါဝင်တဲ့ Hardware အစိတ်အပိုင်းတွေဟာ Upgrade လုပ်လို့အဆင်မပြေပါဘူး။ Performance ကိုပဲဦးစားပေးပြီး အသုံးပြုမယ့်သူတွေ အတွက်ကတော့ ဒီအချက်က တော်တော်လေး စိတ်ပျက်စရာပါပဲ။ Upgrade လုပ်ချင်တယ်ဆိုရင်တောင် Apple ဆီကပဲ ပြန်လည်ဝယ်ယူရမှာဖြစ်ပြီး (အပြင်က Hardware တွေထည့်လဲလိုက်ရင် တစ်ချို့ကသိပ်အဆင်မပြေပါဘူး)၊ ဈေးကလည်းကြီးတာကြောင့် အသုံးပြုသူတွေအတွက် လုံးဝအဆင်မပြေခဲ့ပါဘူး။

                ဒီအဆင်မပြေမှုတွေအားလုံးကို Apple ရဲ့ Marketing Chief ဖြစ်တဲ့ Phil Schiller ကိုယ်တိုင် တောင်းပန်ခဲ့ပြီး လာမယ့် ၂၀၁၈ ခုနှစ်မှာ ဒီဇိုင်းအသစ်၊ Performance လည်းမြင့်မားမယ့် Mac Pro အသစ်ကို မိတ်ဆက်သွားဖို့ရှိတယ်လို့ ကတိပေးသွားခဲ့ပါတယ်။

                ဆက်လက်ပြီး မျိုးဆက်သစ် Mac Pro အသစ်နဲ့အတူ Apple ကိုယ်ပိုင်ပြုလုပ်ထားတဲ့ Monitor အသစ်ကိုလည်း မိတ်ဆက်သွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။ Apple အနေနဲ့ Apple Monitor ကို မထုတ်လုပ်တော့တာလည်း ကြာခဲ့ပြီဖြစ်ပါတယ်။ နောက်ပြီး ဒီနှစ်အကုန်ပိုင်းမှာလည်း iMac အသစ်ကို မိတ်ဆက်သွားဖို့ ရှိတယ်လို့ Phil Chiller က ပြောကြားခဲ့ပါသေးတယ်။ 

“Mac Pro ကို Upgrade မလုပ်ပေးဖြစ်ခဲ့တာအတွက် ကျနော်တို့ဘက်က အနူးအညွှတ်တောင်းပန်ပါတယ်။ ဒါကြောင့်မို့လို့လည်း Mac Pro ကို Performance ပိုကောင်းလာအောင် ကျနော်တို့အင်ဂျင်နီယာတွေ အစွမ်းကုန်ကြိုးစားနေပါတယ်။”

လို့ Mac Pro အသစ်အတွက် Apple ဘက်က ကြိုးစားနေတဲ့အကြောင်းကို Phil Schiller က ပြောကြားသွားခဲ့ပါတယ်။

                Mac Pro မှာ ပါဝင်တဲ့ Hardware အစိတ်အပိုင်းတွေကို Upgrade လုပ်ဖို့မလွယ်ကူတဲ့ အချက်နဲ့ပက်သက်ပြီးလည်း Phil Schiller ကပဲ

“ဒီကိစ္စနဲ့ပက်သက်ပြီးတော့လည်း ကျနော်တို့ဘက်က Mac Pro အသုံးပြုသူတွေ Hardware Upgrade လုပ်လို့အဆင်ပြေအောင် ပြုလုပ်သွားမယ်လို့လည်း ကတိပေးပါတယ်။ အရင် Mac Pro တုန်းက အသုံးပြုခဲ့တဲ့ Cooling System ဒီဇိုင်းကြောင့် Hardware Upgrade ပြုလုပ်ဖို့ မလွယ်ခဲ့တဲ့အချက်ကိုလည်း ကျနော်တို့ဘက်က တောင်းပန်ပါတယ်”

လို့ ပြောကြားခဲ့ပါသေးတယ်။

                iPhone ကိုပဲ ဦးစားပေးပြီး Upgrade တွေလုပ်ခဲ့တာဖြစ်တာကြောင့် Mac ပရိသတ်တွေအတွက် စိတ်မချမ်းသာစရာဖြစ်ခဲ့ရပေမယ့် အခုလိုမျိုး Mac ဘက်ကိုပါ ဦးစားပေးပြီး လုပ်ဆောင်သွားမှာဖြစ်တာကြောင့် Mac ပရိသတ်တွေအတွက်ကတော့ ဝမ်းသာစရာသတင်းပါပဲ။

References
Gadgets 360 MacRumors
About Author
Assinged Tags
Mac Pro iMac
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed