Quick Charge 4 ထက် ၁၅ ရာခိုင်နှုန်း ပိုမိုမြန်ဆန်တဲ့ Quick Charge 4+ ကို Qualcomm မိတ်ဆက်

date_range 03 June 2017

Quick Charge 4 ထက် ၁၅ ရာခိုင်နှုန်း ပိုမိုမြန်ဆန်တဲ့ Quick Charge 4+ ကို Qualcomm မိတ်ဆက်

visibility 200 Views

                နေ့စဉ်ဖုန်းတစ်လုံးကိုအကြာကြီးအားသွင်းနေရတဲ့အခြေအနေကို ကျနော်တို့ စမတ်ဖုန်းသုံးစွဲသူတွေအားလုံး ငြီးငွေ့နေကြမှာ အသေအချာပါပဲ။

                အားသွင်းရာမှာမြန်ဆန်တဲ့ Quick Charge 4.0 ကို Qualcomm က ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှာ မိတ်ဆက်ခဲ့ပြီးအခုအခါမှာတော့ Quick Charge 4.0 ကို အဆင့်မြှင့်တင်ထားတဲ့ Quick Chage 4+ ကို Qualcomm က ထပ်မံမိတ်ဆက်ပေးလိုက်ပါပြီ။

                Quick Charge 4+ ဟာ Snapdragon Chipset အသစ်တစ်ခုမှာ ပါဝင်လာမှာမဟုတ်ဘဲ၊ အခုထွက်ရှိပြီးသား Snapdragon 835 SoC မှာတင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Quick Charge 4+ ဟာ Software Update ပြုလုပ်ခြင်းမဟုတ်ဘဲ၊ Hardware Upgrade ပြုလုပ်ရမှာဖြစ်တဲ့အတွက် အရင်ထွက်ရှိထားတဲ့ Galaxy S8 ၊ Xiaomi Mi 6 နဲ့ HTC U11 စတဲ့ Snapdragon 835 SoC ဖုန်းတွေမှာ အဆင့်မြှင့်တင်မှုပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ နောက်ထပ်အသစ်ထွက်ရှိလာတဲ့ မျိုးဆက်သစ် Snapdragon 835 SoC အသုံးပြုမယ့် ဖုန်းတွေမှာသာ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

                လက်ရှိမှာ တနေ့က ( ဂျွန်လ ၁ ရက် ) နေ့က မိတ်ဆက်ထားတဲ့ ZTE Nubia Z17 ဖုန်းက  Quick Charge 4+ ပါဝင်တဲ့ ပထမဆုံးဖုန်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး၊ လောလောဆည်မှာ Nubia Z17 ဖုန်းတစ်လုံးမှာပဲ ဒီနည်းပညာကို မြင်တွေ့ရဦးမှာပါ။

                Quick Charge 4+ မှာတော့ Quick Charge 4.0 ကိုအခြေခံပြီး၊ အောက်ပါအဆင့်မြှင့်တင်မှု (၃) ခုကိုပြုလုပ်ထားပါတယ်။

Dual Charge

                Dual Charge ကတော့ Quick Charge အစောပိုင်း Version တွေမှာထဲကပါတဲ့ Feature တစ်ခုဖြစ်ပေမယ့်၊ အခု Version မှာတော့ Power Management IC နောက်တစ်ခု ထပ်ပါလာမှာဖြစ်ပြီး၊ အပူချိန်လျော့ချဖို့နဲ့ အားသွင်းချိန်ပိုလျော့နည်းဖို့ စွမ်းဆောင်ပေးမှာဖြစ်တာကြောင့်၊ "စွမ်းဆောင်ရည်ပိုကောင်းလာမယ်" လို့ Qualcomm က ဆိုပါတယ်။

Intelligent Thermal Balancing 

                Dual Charge ရဲ့ အဆင့်မြှင့်တင့်မှုတစ်ခုဖြစ်ပြီး၊ လျှပ်စစ်ပတ်လမ်းကြောင်းကို အပူအနည်းဆုံး Charging Pathway ကနေ အလိုအလျောက်စီးဆင်းစေကာ၊ Chipset နဲ့ Device ရဲ့ အပူချိန်ကို ထိန်းညှိလျော့ချပေးမှာဖြစ်ပါတယ်။

Advanced Safety  Features

                နောက်ဆုံးတစ်ခုကတော့ Advance Safety Features ဖြစ်ပြီးတော့ ဖုန်းရဲ့အပူချိန်ကော အားသွင်းတဲ့ USB Type C Connecter တို့ရဲ့အပူချိန်ကိုပါ စောင့်ကြည့်ပေးကာ အပူချိန်လွန်ကဲခြင်းကို ကာကွယ်ပေးတဲ့ စနစ်တို့ပဲဖြစ်ပါတယ် ။

                Qualcomm ရဲ့အဆိုအရ Quick Charge 4+ ဟာဖုန်းရဲ့အပူချိန်ကို 3-degree Celsius အထိ ပိုမိုအေးမြအောင်စွမ်းဆောင်ပေးနိုင်မဲ့အပြင်၊ အားသွင်းရာမှာလဲ ၁၅ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာစေမှာဖြစ်ပြီး၊ 30% အထိဖုန်းရဲ့ Battery အားကို ပိုမိုကြာရှည်ခံနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

                Quick Charge 4+ ဟာ ဖုန်း Battery အားကို 0% ကနေ ၅၀ % ထိကို ၁၅မိနစ်အတွင်း ပြန်လည်အားသွင်းနိုင်မယ်လို့လည်း Qualcomm က ပြောကြားထားပါတယ်။

                ZTE Nubia Z17 ဖုန်းပြီးနောက်၊ နောက်ထပ် ဘယ်စမတ်ဖုန်းတွေမှာ Quick Charge 4+ ကိုအသုံးပြုပေးထားမလဲဆိုတာကတော့ စောင့်ကြည့်ကြရမှာပါ။

This Article is Contributed by AK
References
Gadgets NDTV GSM Arena Qualcomm
About Author
Assinged Tags
Qualcomm Snapdragon 835 Quick Charging related ZTE Nubia Z17 Quick Charge Quick Charge 4 Quick Charge 4+
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed