Swift Playgrounds မှာ Coding ရေးပြီး စက်ရုပ်တွေ၊ Drone တွေကို လိုသလို ထိန်းချုပ်၊ ခိုင်းစေနိုင်တော့မည်

date_range 02 June 2017

Swift Playgrounds မှာ Coding ရေးပြီး စက်ရုပ်တွေ၊ Drone တွေကို လိုသလို ထိန်းချုပ်၊ ခိုင်းစေနိုင်တော့မည်

visibility 4650 Views

                အရင်လကပဲ iBooks မှာ ဆရာလမ်းညွှန်တွေပါ ပူးတွဲရှိတဲ့ Swift App Development သင်ရိုးညွှန်းတမ်းအသစ်ကို မိတ်ဆက်လိုက်တဲ့ (ဒီသတင်းကို ဒီမှာ ဖတ်ရှုပါ) Apple ဟာ ဒီနေ့မှာတော့ Swift Playgrounds မှာ Coding ရေးပြီး Bluetooth ပါဝင်တဲ့ စက်ရုပ်တွေ၊ Drone တွေအပြင်၊ ကလေးကစားစရာအရုပ်တွေကိုပါ စိတ်ကြိုက်ထိန်းချုပ်၊ ခိုင်းစေလို့ရတော့မှာဖြစ်ကြောင်း Apple Newsroom မှာ တရားဝင်ကြေငြာလိုက်ပါတယ်။

                ဒါကြောင့်မို့လို့ ကလေးတွေနဲ့ ကျောင်းသားလေးတွေဟာ Swift Playgrounds မှာ Programming အခြေခံတွေကို သင်ကြားလေ့လာရင်း မိမိရေးလိုက်တဲ့ Coding ဟာ အပြင်မှာမိမိခိုင်းစေလိုက်တဲ့အတိုင်း လုပ်နေတာကို မြင်ရတော့မှာဆိုတော့ မျိုးဆက်သစ်ကလေးငယ်တွေအနေနဲ့ Coding ပိုင်းနဲ့ Robotics ပိုင်းမှာ သူတစ်မူထူးချွန်လာတော့မှာ အသေအချာပါပဲ (ကျနော်လည်း ဆော့ချင်မိ၊ ဟီးဟီး)။

                Apple အနေနဲ့ အခု Feature အသစ်ကို နောက်တစ်ပါတ် တနင်္လာနေ့မှာ တရားဝင် Launch လုပ်သွားမှာဖြစ်ပြီး LEGO, Sphero, Parrot စတဲ့ ကလေးကစားစရာ စက်ရုပ်တွေ၊ Drone တွေ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေနဲ့လည်း ပူးပေါင်းပြီးဖြစ်ကာ Launch လုပ်ဖို့လည်း အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

                ဆက်လက်ပြီး UBTECH, Wonder Workshop အပြင် သီချင်းတစ်ပုဒ်ကို ဘယ်လိုရေးစပ်ရမလဲဆိုတာကို သင်ပေးနိုင်တဲ့ Music Cube လေးတွေရောင်းချတဲ့ Skoog ဆိုတဲ့ ကုမ္ပဏီတွေကလည်း အဆင်သင့်တော့မဖြစ်သေးပေမယ့် မောင်းတင်နေကြပြီလို့လည်း သိရပါသေးတယ်။

                Apple ရဲ့ Software Engineering လက်ထောက်အရာရှိချုပ်ဖြစ်တဲ့ Criag Federighi ကတော့

“Playgrounds ကို အသုံးပြုပြီး Programming အခြေခံကို လေ့လာသင်ကြားနေကြတဲ့ ကလေးငယ်တွေ အရေအတွက်ဟာ အခုအချိန်မှာ ၁ သန်းကျော်သွားပြီဖြစ်ပါတယ်။ အခု Playgrounds ရဲ့ Feature အသစ်ဟာ ကလေးငယ်လေးတွေကို Coding ဆိုတာဘာလဲ သင်ပေးမယ့်အပြင် သူတို့လေးတွေ ဆော့နေကြအရုပ်လေးတွေ အပြင်မှာတကယ်သက်ဝင်လှုပ်ရှားလာတာကိုပါ မြင်ရတော့မှာပါ။ Coding သင်ရတာ ဘာလောက်တောင် စိတ်လှုပ်ရှားစရာ ကောင်းသွားမလဲဗျာ”

လို့ Apple Newsroom မှာ ပြောကြားထားပါတယ်။

                Apple ရဲ့ Cupertino ရုံးခန်းမှာ LEGO က တာဝန်ရှိသူတစ်ဦးက Mindstroms EV3 Kit ဟာ Swift Playgrounds နဲ့ တွဲဖက်ပြီး ဘယ်လိုများ အလုပ်လုပ်နိုင်သလဲဆိုတာကို Demo ပြသသွားပါတယ်။ Playgrounds ကို Mindstroms EV3 နဲ့ ချိတ်ဆက်လိုက်ပြီဆိုရင် Playgrounds ထဲမှာ စက်ရုပ်ရဲ့ Actuators, Motors, Sensors စတာတွေနဲ့ ပက်သက်တာတွေကို Real-Time Data အနေနဲ့ ပြသမှာဖြစ်ပါတယ်။

                Apple နဲ့ LEGO ပူးပေါင်းမှုအတွက် LEGO ဘက်ကလည်း ကလေးတွေအနေနဲ့ Mindstorms Kit နဲ့ ပက်သက်ပြီး ပိုမိုသိရှိနားလည်စေဖို့၊ Playgrounds အတွက် သီးသန့်လုပ်ထားတဲ့ ၁၀ နာရီစာရှိတဲ့ သင်ခန်းစာတွေကိုလည်း ပြင်ဆင်ထားပါတယ်။

                အလားတူပဲ ကလေးတွေအနေနဲ့ Robotics နဲ့ Programming ပိုင်းကို တတ်ကျွမ်းစေဖို့အတွက် သင်ကြားရေးအထောက်အကူပြု ပစ္စည်းတစ်ခုအနေနဲ့ အသုံးပြုနေပြီဖြစ်တဲ့ Sphero ရဲ့ SPRK+ Orb လေးကိုလည်း Swift Playgrounds မှာ Support ပေးသွားမှာပါ။

                တစ်ဖက်မှာလည်း ပြင်သစ်က Drone ထုတ်လုပ်တဲ့ကုမ္ပဏီ Parrot မှ တာဝန်ရှိသူတစ်ဦးကလည်း Playgrounds ကို အသုံးပြုပြီး Parrot က ထုတ်လုပ်ထားတဲ့ Drone တွေကို လေထဲမှာတင် လှည့်ပြခြင်း၊ ကွေ့ပြခြင်း၊ အသုံးပြုရဲ့လက်ဖဝါးထဲကို ဆင်းသက်စေခြင်း၊ စတာတွေကို Demo အနေနဲ့ ပြသသွားပါသေးတယ်။

                အခုလောလောဆယ် Playgrounds နဲ့ အတူတွဲဖက်ပြီး စမ်းသပ်အသုံးပြုနိုင်တဲ့ စက်ရုပ်တွေနဲ့ Drone တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

Lego ရဲ့ Mindstroms Educatoin EV3 Set


Parrot ရဲ့ Mambo, Airborne, Rolling Spider Drone များ


UBTECH ရဲ့ Jimu Robot Meebot Kit


Wonder Workshop ရဲ့ Dash ဆိုတဲ့ စက်ရုပ်


Skoog ရဲ့ Music Cube


References
The Verge Apple
About Author
Assinged Tags
iOS Swift Playgrounds LEGO Sphero Parrot UBTECH Wonder Workshop Skoog
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed