Android ကို ပူးပေါင်းတည်ထောင်ခဲ့သူ Andy Rubin ရဲ့ ပထမဆုံး Smartphone ကို မနက်ဖြန် မိတ်ဆက်မည်

date_range 29 May 2017

Android ကို ပူးပေါင်းတည်ထောင်ခဲ့သူ Andy Rubin ရဲ့ ပထမဆုံး Smartphone ကို မနက်ဖြန် မိတ်ဆက်မည်

visibility 2400 Views

                Android OS ကို ပူးတွဲတည်ထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ Andy Rubin ဟာ မနက်ဖြန် မေလ ၃၀ ရက်နေ့မှာ သူရဲ့ Company အသစ်ဖြစ်တဲ့ Essential Company ကနေ Android စနစ်သုံး Smartphone တစ်လုံးကို မိတ်ဆက်သွားမှာဖြစ်တယ်လို့ အတည်ပြုကြေငြာလိုက်ပါတယ်။

                လွန်ခဲ့တဲ့ ၂ လခန့် မတ်လ ၂၇ ရက်နေ့က Andy Rubin ကိုယ်တိုင် ဒီနှစ်ဇန်နဝါရီလကမှ တည်ထောင်ထားတဲ့ Essential Company ကနေ High-end Smartphone တစ်ခုကို ပြုလုပ်နေကြောင်း Twitter ကနေ ကြေငြာခဲ့ပြီးနောက်၊ အခုမှ စမတ်ဖုန်းမိတ်ဆက်မယ့်ရက်ကို အတိအကျထုတ်ပြောလိုက်တာပါ။


                လောလောဆယ် Teaser Image တွေအရတော့ Audy Rubin ရဲ့ Smartphone အသစ်ဟာ Xiaomi Mi Mix, Samsung S8 တို့လို ဘေးဘောင်ပါးလွှာတဲ့ Bezeless Display ဖုန်းတစ်ခုဖြစ်ဟန်တူပြီး Screen ရဲ့ အနားစောင်းတွေကိုပါ ကွေးညွတ်ထားပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကလည်း AR Camera ဒါမှမဟုတ် 360-degree Camera ကိုပါ ဖုန်းအပေါ်ထိပ်ဘက်မှာ တပ်ဆင်နိုင်မယ်ဆိုပြီး Twitter မှာတင်ခဲ့ပါသေးတယ်။ 


                အခုလောလောဆယ်ထိတော့ Essential Company ကိုယ်တိုင်က ဘာမှတရားဝင်ထုတ်ပြောထားခြင်းမရှိသေးဘူးဆိုတော့ မနက်ဖြန်ဖုန်းကို ကြေငြာတော့မှပဲ နာမည်ကအစ ဖုန်းထဲမှာပါဝင်တဲ့ Specifications တွေအထိ အကုန်သိနိုင်မှာဆိုတော့ စိတ်ဝင်စားစရာကောင်းနေပါတယ်။ 

References
The Verge
About Author
Assinged Tags
Android Smartphones Android Smartphones Andy Rubin Essenial
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed