စုစုပေါင်းကင်မရာလေးလုံး ပါဝင်လာဖွယ်ရှိတဲ့ Gionee S10 စမတ်ဖုန်းရဲ့ ဓာတ်ပုံများ ပေါက်ကြား

date_range 10 May 2017

စုစုပေါင်းကင်မရာလေးလုံး ပါဝင်လာဖွယ်ရှိတဲ့ Gionee S10 စမတ်ဖုန်းရဲ့ ဓာတ်ပုံများ ပေါက်ကြား

visibility 760 Views

                တရုတ်စမတ်ဖုန်းကုမ္ပဏီ Gionee ကနေ မကြာမီမိတ်ဆက်မယ့် နောက်ထပ် Flagship စမတ်ဖုန်းကတော့ ထူးထူးခြားခြားပါပဲ။

                တခြားပြိုင်ဘက်စမတ်ဖုန်းတွေလို တစ်ဖက်က Dual Camera ၊ နောက်တစ်ဖက်က Single Camera မဟုတ်ဘဲ၊ ရှေ့ကောနောက်ကော ကင်မရာနှစ်လုံးစီနဲ့ စုစုပေါင်း ကင်မရာလေးလုံးတိတိ ပါဝင်လာဖွယ်ရှိနေပါတယ်။

                ဧပြီလထဲမှာ Gionee S10 လို့ ယူဆရတဲ့ စမတ်ဖုန်းရဲ့ ဒီဇိုင်းဓာတ်ပုံတွေ တရုတ်မှတ်ပုံတင်ရုံး Website TENAA ကနေ ပေါက်ကြားခဲ့ပြီးနောက်မှာ၊ အခုအခါ S10 တကယ့်ဖုန်းဓာတ်ပုံတွေနဲ့ တခြားအချက်အလက်တွေ ထပ်မံထွက်ပေါ်လာပါပြီ။

                ဓာတ်ပုံထဲက ရွှေရောင် Gioness စမတ်ဖုန်းမှာ ရှေ့ကော နောက်ကော ကင်မရာနှစ်လုံးစီ ပါဝင်တာကို ထင်ထင်ရှားရှားတွေ့မြင်ရမှာဖြစ်ပြီး၊ ဒီဇိုင်းကတော့ သာမန်မြင်တွေ့နေကြ ဒီဇိုင်းအတိုင်းပါပဲ။ 

                TENAA မှာ တင်ထားတဲ့အချက်အလက်တွေအရ Gionee S10 စမတ်ဖုန်းမှာ ၅.၅ လက်မအကျယ် FullHD Display ၊ 4GB RAM ၊ MediaTek 6755 octa-core Processor ၊ 64GB Internal Storage တို့ ပါရှိလာနိုင်ဖွယ်ရှိပြီး၊ Android 7.0 Nougat နဲ့ ဖြစ်မှာပါ။ ဘက်ထရီအနေနဲ့ 3700mAh ဘက်ထရီပါဝင်လာမှာဖြစ်ပြီး၊ နောက်ကင်မရာနှစ်ခုလုံးက 13MP Camera တွေဖြစ်နိုင်ပါတယ်။ ရှေ့ကင်မရာရဲ့ Megapixel အတိအကျကိုတော့ မသိရသေးပါဘူး။

References
Gadgets NDTV GSM Arena
About Author
Assinged Tags
Dual Front and Back Camera Setups Smartphone Gionee Gionee S10
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed