Microsoft က တရုတ်အစိုးရအတွက် Windows 10 Chinese Government Version ကို မိတ်ဆက်

date_range 26 May 2017

Microsoft က တရုတ်အစိုးရအတွက် Windows 10 Chinese Government Version ကို မိတ်ဆက်

visibility 360 Views

                ဆင်ဆာကိစ္စတွေမှာ အရမ်းတင်းကြပ်တဲ့ တရုတ်နိုင်ငံဟာ နိုင်ငံခြားနည်းပညာတွေကို လက်ခံအသုံးပြုဖို့ဆို အမြဲအကြောက်လွန်နေတဲ့ နိုင်ငံတစ်နိုင်ငံဆိုတာ တစ်ကမ္ဘာလုံး သိကြပါတယ်။

                တရုတ်နိုင်ငံလုံခြုံရေးအတွက် အမေရိကန်ကနေ Cyber နည်းပညာနဲ့ လျှို့ဝှက်စောင့်ကြည့် ထောက်လှမ်းမှာကို စိုးရိမ်တာကြောင့်လည်း ၂၀၁၄ ခုနှစ်တုန်းက တရုတ်အစိုးရ ကွန်ပျူတာတွေမှာ Microsoft ရဲ့ Windows 8 OS အသုံးပြုမှုကို ပိတ်ပင်ခဲ့ဖူးပါတယ်။

                အဲဒီ့အချိန်အတောအတွင်းမှာ တရုတ် အစိုးရ ထိပ်ပိုင်းအရာရှိများက ၎င်းတို့ လုပ်ငန်း လည်ပတ်ဖို့အတွက် customize လုပ်ထားတဲ့ Windows XP နဲ့ Ubuntu Forked Version ဖြစ်တဲ့ “Ubuntu Kylin OS” ကိုပဲ အသုံးပြုဖို့ကို တိုက်တွန်းလုပ်ဆောင်နေခဲ့တာပါ။

                အဲဒီ့အချက်တွေကြောင့်ရယ်၊ ကမ္ဘာ့အကြီးမားဆုံးဈေးကွက်ကြီး တစ်ခုဖြစ်လာမယ့် တရုတ်နိုင်ငံကို ပစ်မှတ်ထားဖို့အတွက်တို့ကြောင့် Microsoft ဟာ Windows 10 Chinese Edition တစ်ခုကို ရေးဆွဲနေကြောင်း Microsoft တရုတ်ပြည်မကြီးရုံးခွဲရဲ့ CEO က ပြီးခဲ့တဲ့နှစ်မှာ အတည်ပြုပြောကြားခဲ့ပါတယ်။ Windows 10 Chinese Version မှာ  Bloatware အနည်းဆုံးဖြစ်အောင်နဲ့  Management and Security ပိုင်း ပိုမိုကောင်းမွန်အောင် ထုတ်လုပ်ပေးဖို့ကိုလည်း Microsoft နဲ့ တရုတ်အစိုးရတို့ သဘောတူညီမှုရခဲ့ပါတယ်။

                အခုအခါမှာတော့ Microsoft ဟာ တရုတ်အစိုးရအေဂျင်စီတွေ အသုံးပြုဖို့အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့  Windows 10 Chinese Version အသစ်ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

                ပြီးခဲ့တဲ့ အင်္ဂါနေ့က ရှန်ဟိုင်းမှာ ပြုလုပ်ခဲ့တဲ့ မိတ်ဆက်ပွဲမှာ Microsoft ဟာ Surface Pro အသစ်ကို မိတ်ဆက်ရင်းနဲ့ Windows 10 China Government Edition ကိုပါ မိတ်ဆက်သွားခဲ့တာပါ။ ဒီ Operating System အသစ်ဟာ Windows 10 Enterprise Edition အပေါ်မှာပဲ အခြေခံထုတ်လုပ်ထားတာဖြစ်ပေမယ့်၊ တရုတ်အာဏာပိုင်တွေ သဘောကျအောင်လို့တော့ အနည်းငယ် ပြင်ဆင်မှု Tweaks တွေ လုပ်ပေးထားတာပါ။

                ပြောရမယ်ဆိုရင် Windows 10 Enterprise Edition မှာကိုက အစိုးရအေဂျင်စီတွေနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ လိုအပ်တဲ့ Security ၊ Identity နဲ့ Management Features တွေကို အကုန်ပါဝင်ပါတယ်။ ဒါပေမယ့် ဒီထက်ကို ပိုလုံခြုံချင်တဲ့ တရုတ်အစိုးရအတွက်ကတော့ Update တွေကို စောင့်ကြည့်စစ်ဆေးပြီး၊ လိုသလို Update ပြုလုပ်နိုင်ခွင့်၊ Microsoft ကို Sharing ပြန်လုပ်နိုင်တဲ့ Telemetry Data တွေကို ထိန်းချုပ်နိုင်မှုနဲ့ တရုတ်ကိုယ်ပိုင် Encrypted Algorithms တွေ အသုံးပြုနိုင်ခွင့်ပါ Windows 10 Chinese Edition မှာ ထည့်ပေးထားရပါတယ်။

                ဒီ့အပြင် တရုတ်အစိုးရဝန်ထမ်းတွေ မလိုအပ်ဘူးဆိုတဲ့ Microsoft OneDrive service တွေကို Windows 10 Chinese Edition မှာ အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ OneDrive က User တွေရဲ့ Documents တွေနဲ့ Files တွေကို Microsoft ကိုယ်ပိုင် Data Center မှာ သိမ်းထားတာဆိုတော့ တရုတ်အစိုးရက သူတို့ဒေတာတွေ ပါသွားမှာ စိုးရိမ်လို့ သုံးခွင့်မပေးထားတာလည်း ဖြစ်ပါတယ်။

                Windows 10 Chinese Edition ကို ဘယ်တော့ တရားဝင်ထုတ်မလဲဆိုတာကတော့ ရက်အတိအကျ ကြေငြာရခြင်းမရှိသေးပါဘူး။ ဒါပေမယ့် တရုတ်အစိုးရဌာနသုံးခုကတော့ Windows 10 Chinese Government Edition ကို သုံးသွားမှာဖြစ်ကြောင်း ကြေငြာပြီးဖြစ်ပါတယ်။

                ဒီ့အပြင် Lenovo ကုမ္ပဏီကလည်း Windows 10 China Government Edition OS သုံး စက်တွေ ထုတ်လုပ်တဲ့ ပထမဆုံး ထုတ်လုပ်သူကုမ္ပဏီဖြစ်လာဖို့အတွက် ဒီ OS သွင်းထားပြီးသား စက်တွေကို ထုတ်လုပ်သွားဖို့ရှိကြောင်း ကြေငြာခဲ့ပါတယ်။

This Article is Contributed by Uj0kEr(^_^)PKM

References
The Hacker News
About Author
Assinged Tags
Microsoft Windows 10 Operating System China Windows 10 Chinese Government Edition
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed