iOS ပေါ်သို့ ရောက်လာဖွယ်ရှိတဲ့ Google Assistant app

date_range 16 May 2017

iOS ပေါ်သို့ ရောက်လာဖွယ်ရှိတဲ့ Google Assistant app

visibility 250 Views

                သိပ်မကြာခင်မှာပဲ Google ဟာ Google Assistant App ကို iOS အတွက်ပါ ထုတ်လုပ်ပေးတော့မယ်လို့ Android Police က ပြောကြားလိုက်ပြီး၊ iOS အသုံးပြုသူများအဖို့ သိပ်မဝေးတော့တဲ့အချိန်မှာ Siri အပြင် နောက်ထပ် Google Assistant တစ်မျိုးကိုပါ အသုံးပြုလို့ရလာနိုင်ခြေရှိပါတယ်။

                Google Assistant ကို လောလောဆည် Android Marshmallow နဲ့ Nougat ဖုန်းတွေမှာ ရနေပြီဆိုပေမယ့်၊ ဖုန်းတိုင်းမှာ ရရှိသေးတာမဟုတ်ပါဘူး။ အခုတော့ Android ဖုန်းတွေတောင် Assistant အကုန်မရခင်မှာ၊ iOS အတွက် ထုတ်ပေးတော့မှာဖြစ်ပါတယ်။

                Google Allo app ဟာ Hangouts အပြင်နောက်ထပ် အသစ်ထပ်ပြီးပြုလုပ်လိုက်တဲ့ Smart Messaging App တစ်ခုဖြစ်သလို ကိုယ့်ပုံကိုယ် Selfie ဆွဲပြီး Custom Sticker လေးတွေပြုလုပ်နိုင်တဲ့ Feature နဲ့အတူရေပန်းစားခဲ့ပါတယ်။ ထူးခြားချက်ကတော့ Allo ထဲမှာ Google Assistant လေးပါ၀င်ခဲ့ပြီး Chat-Based Bot တစ်ခုဖြစ်တဲ့အပြင် တကယ့် Google Assistant features အပြည့်ကိုလည်း ရရှိမှာမဟုတ်ပါဘူး။ လောလောဆည် Google Assistant မရသေးလို့ စမ်းသုံးချင်ရင်တော့ Allo မှာပဲ အသုံးပြုနိုင်မှာပါ။

                Google Assistant SDK အရလည်း Developers တွေဟာ Voice Recognition System ကို အသစ်ထပ်ပြီးပြုလုပ်စရာမလိုပဲ  Hardware ပေါ်မှာ ထည့်သွင်းထားတဲ့ Voice Recognition System က Commands တွေကိုပဲယူသုံးပြီး Google Assistant မှာ လွယ်လွယ်ကူကူ Execute လုပ်ခိုင်းလို့ရတာကြောင့် iOS မှာ Google Assistant ကိုမြင်တွေ့ရဖို့ ရာခိုင်နှုန်းပိုများပါတယ်။

                Siri ကလည်း Assistant features တွေစုံတဲ့အပြင် Google Assistant ကိုပါ iOS ပေါ်မှာအသုံးပြုလို့ရဦးမယ်ဆိုတော့ iPhone/iPad သမားများအတွက် Assistant နှစ်ခု ဘယ်သူကပိုပြီး အသုံး၀င်လဲဆိုတာကို မျက်မြင်ကိုယ်တွေ့စမ်းသပ်လို့ရလာမှာပါ။ 

References
Android Authority Android Police
About Author
Assinged Tags
Google Google Assistant iPhone iOS iPad Siri
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed