Online Media တွေအနေနဲ့ ထွက်ရှိလာတော့မယ့် Chrome အတွက် Native Ad-Blocker ကို ဝမ်းမြောက်ဝမ်းသာ လက်ခံကြောင်း သတင်းရရှိ

date_range 02 May 2017

Online Media တွေအနေနဲ့ ထွက်ရှိလာတော့မယ့် Chrome အတွက် Native Ad-Blocker ကို ဝမ်းမြောက်ဝမ်းသာ လက်ခံကြောင်း သတင်းရရှိ

visibility 200 Views

                Google အနေနဲ့ သူတို့ရဲ့ ကြော်ငြာဈေးကွက်ကို အထိခိုက်ခံပြီး Chrome မှာ Native Ad-Blocker တစ်ခုကို ထည့်သွင်းပေးဖို့အတွက် ကြိုးစားနေပါတယ် (ဒီသတင်းကို ဒီမှာ ဖတ်ရှုပါ)။

                ဒီသတင်းကြားအပြီးမှာ နည်းပညာကျွမ်းကျင်သူတွေနဲ့ Digital Marketing ကျွမ်းကျင်သူတွေဟာ Google ရူးသွားပြီလားလို့တောင် ပြောကြပါသေးတယ်။ ရှင်းရှင်းပြောရရင် Google အနေနဲ့ Online Advertising ကို အခုလိုမျိုး တင်းတင်းကျပ်ကျပ် ကိုင်တွယ်လိုက်တယ်ဆိုတာ သူတို့အတွက်ထိခိုက်မှု လုံးဝမရှိပါဘူး။

                တကယ်ထိခိုက်မှုရှိသွားမှာက Online Media လုပ်ငန်းတွေပါ (ဆုံးရှံးမှုအများကြီးတော့ မရှိပါဘူး)။ ဒါပေမယ့် ထူးထူးခြားခြားပါပဲ။ Finicial Times ကရရှိတဲ့ သတင်းအရ အမေရိကန်နိုင်ငံနဲ့ ဥရောပနိုင်ငံက Online Media တွေက Google က အခုလိုမျိုး လုပ်လိုက်တာကို ဝမ်းမြောက်ဝမ်းသာ လက်ခံ၊ ကြိုဆိုကြောင်း သိရှိရပါတယ်။

                Google အနေနဲ့လည်း YouTube မှာ ပြတဲ့ကြော်ငြာတွေက မသင့်တော်ဘူးလို့ Complain တက်တာခံခဲ့ရပြီး ဒီကိစ္စကြောင့်ပဲ အမေရိကန်ဒေါ်လာသန်း ၇၅၀ လောက် ဆုံးရှုံးခဲ့ရသလို YouTube အသုံးပြုသူတွေကိုလည်း တောင်းပန်ခဲ့ရပါတယ်။

                ဒီကိစ္စအပြီးမှာတော့ Google က Facebook, Microsoft အစရှိတဲ့ Digital Advertising ကုမ္ပဏီကြီးတွေအပြင် Publisher တွေ၊ Online Media တွေနဲ့ပါ ပူးပေါင်းပြီး အင်တာနက်အသုံးပြုသူတွေကို စိတ်အနှောင့်အယှက်ပေးနေတဲ့ ကြော်ငြာအမျိုးအစားတွေကို ပိတ်ပင်သွားမှာဖြစ်သလို (အပြည့်အစုံကို ဒီမှာ ဖတ်ရှုပါ)၊ Chrome မှာလည်း Native Ad-Blocker ထည့်သွင်းတော့မယ်လို့ ကြေငြာခဲ့ပါတယ်။

                တစ်ချို့ကျွမ်းကျင်သူတွေကတော့ Google က အခုရွေ့လိုက်တဲ့အကွက်ဟာ သူ့ကိုယှဉ်ပြိုင်လာမယ့် အခြား Digital Advertising Agency တွေကို ထိုးနှက်လိုက်တာလို့ ဆိုကြပါတယ်။ 

                ဒါပေမယ့်လည်း အင်တာနက်အသုံးပြုသူတွေဘက်က ကြည့်မယ်ဆိုရင်လည်း တစ်ချို့လောဘကြီးတဲ့ Online Media တွေကြောင့် မိမိရဲ့ Privacy လည်း ထိခိုက်နိုင်သလို၊ စိတ်အနှောင့်အယှက်လည်း ဖြစ်ရပါတယ်။ နောက်ပြီး ပိုဆိုးတာက ဒီအချက်ကြောင့်ပဲ False Advertising တွေ ပိုများလာနိုင်သလို၊ တခြားကိစ္စတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။

                Google တို့၊ Facebook တို့၊ Microsoft တို့အနေနဲ့ တစ်ကမ္ဘာလုံးက Online Advertising ဈေးကွက်ကို သူ့တို့လက်ထဲမှာပဲ ကိုင်ထားတယ်ဆိုပေမယ့် အခုလိုမျိုး အားလုံးပူးပေါင်းပြီး အင်တာနက်အသုံးပြုသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အပြင်၊ Privacy ကိုပါချိုးဖောက်မယ့် ကြော်ငြာအမျိုးအစားတွေကို တိုက်ဖျက်တဲ့အချက်ကိုတော့ အကောင်းဘက်ကနေ တွေးပေးရမှာပဲ ဖြစ်ပါတယ်။

References
Gadgets 360
About Author
Assinged Tags
Google Microsoft Facebook Chrome Ad-Blocking Tool
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed