S8 နဲ့ S8+ မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာလေးတွေကို ဖြေရှင်းပေးနိုင်မယ့် Software Update ကို ဒီတစ်ပါတ်အတွင်း Release လုပ်ပေးမယ့် Samsung

date_range 26 April 2017

S8 နဲ့ S8+ မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာလေးတွေကို ဖြေရှင်းပေးနိုင်မယ့် Software Update ကို ဒီတစ်ပါတ်အတွင်း Release လုပ်ပေးမယ့် Samsung

visibility 120 Views

                S8 နဲ့ S8+ အသုံးပြုသူတစ်ချို့အနေနဲ့ အခုလောလောဆယ်မှာ ပြဿနာလေးနှစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ ပထမတစ်ခုကတော့ Display ဟာ သာမန်ထက်ပိုပြီး အနီရောင်သန်းနေတဲ့ ပြဿနာဖြစ်ပြီး (အသေးစိတ်ကို ဒီမှာ ဖတ်ရှုပါ)၊ ဒုတိယတစ်ခုကတော့ Wi-Fi ချိတ်မရတဲ့ ပြဿနာဖြစ်ပါတယ်။

                အရင်တစ်ပါတ်ကပဲ Samsung အနေနဲ့ Display ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် Software Update ကို ဧပြီလအကုန်မှာ Release လုပ်ပေးသွားမယ်လို့ ပြောခဲ့ပေမယ့် ဒီနေ့မှာတော့ Software Update ကို ဒီတစ်ပါတ်အတွင်းမှာပဲ Release လုပ်ပေးသွားမယ်လို့ သတင်းရရှိပါတယ်။

                ထွက်ရှိလာမယ့် Software Update ဟာ ယခုလက်ရှိ S8 နဲ့ S8+ အသုံးပြုသူတစ်ချို့ ရင်ဆိုင်နေရတဲ့ ပြဿနာနှစ်ခုကို အဓိကဖြေရှင်းပေးသွားမှာ ဖြစ်ပေမယ့် အခုအချိန်ထိအောင် Samsung ဘက်က တစ်ချို့ S8 နဲ့ S8+ တွေမှာ အပြစ်အနာအဆာရှိနေတယ်ဆိုတာကို ဝန်မခံသေးပါဘူး။

                Display ပြဿနာကို ကြုံတွေ့နေရတဲ့ အသုံးပြုသူတစ်ချို့အတွက် အခု Sotware Update ဟာ Display ပြဿနာကို ဖြေရှင်းပေးနိုင်ရုံတင်မဟုတ်ပဲ Display အတွက် Color Setting ကိုလည်း လိုအပ်သလို ညှိယူအသုံးပြုလို့ရမယ်လို့ Samsung က ဆိုထားပါတယ်။

                Wi-Fi ချိတ်မရတဲ့ ပြဿနာကို ဖြေရှင်းပေးမယ့် Software Update ကတော့ တစ်ကမ္ဘာလုံးကို Release လုပ်ပေးသွားမှာ မဟုတ်ပါဘူး။ တောင်ကိုရီးယားတစ်နိုင်ငံထဲကိုပဲ Release လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့်တော့ မြန်မာနိုင်ငံက Samsung ပရိသတ်တွေအနေနဲ့ ဒီပြဿနာကို စိတ်ပူစရာမလိုဘူးလို့တော့ ခန့်မှန်းရပါတယ်။

                ဆက်လက်ပြီး တစ်ချို့အသုံးပြုသူတွေဟာ Wireless Charging မှာလည်း ပြဿနာရှိနေတယ်လို့ Samsung ကို Report လုပ်ကြပါသေးတယ်။ Samsung ရဲ့ Wireless Chargin Pad ကို အသုံးပြုပြီး အားသွင်းတာတောင်မှ ဖုန်းကအားမဝင်ဘူးလို့ ဆိုကြပါတယ်။

References
Gadgets 360
About Author
Assinged Tags
Samsung Galaxy S8 Galaxy S8 and S8+
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed