iPhone 7 Plus ကလွဲပြီးတော့ တခြား Android Flagship ဖုန်းတွေကို Battery-Life Test မှာအနိုင်ယူခဲ့တဲ့ Samsung Galaxy S8+

date_range 06 April 2017

iPhone 7 Plus ကလွဲပြီးတော့ တခြား Android Flagship ဖုန်းတွေကို Battery-Life Test မှာအနိုင်ယူခဲ့တဲ့ Samsung Galaxy S8+

visibility 2400 Views

                PhoneArena ဆိုတဲ့ Website က ပြုလုပ်ခဲ့တဲ့ Battery-Life Test မှာ Samsung Galaxy S8+ ဟာ iPhone 7 Plus ကလွဲပြီးတော့ တခြား Android Flagship ဖုန်းတွေကို Battery-Life Test မှာအနိုင်ယူခဲ့ပါတယ်။ S8 နဲ့ S8+ ဖုန်းတွေဟာ တရားဝင်ထွက်ရှိတာလည်း မကြာသေးသလို Feature တွေလည်း တော်တော်လေးစုံစုံလင်လင် ပါဝင်လာတဲ့ Samsung ရဲ့ Flagship Smartphone တွေဆိုတာကတော့ ငြင်းလို့မရပါဘူး။

                S8 နဲ့ S8+ တို့ရဲ့ Battery-Life ဟာ S7 နဲ့ S7 Edge တို့ထက် ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိပြီးနောက်မှာတော့ (ဒီသတင်းကို ဒီမှာ ဖတ်ရှုပါ) ကျွမ်းကျင်သူတွေဟာ S8+ ရဲ့ Battery-Life ကို တခြား Android Flagship Smartphone တွေအပြင်၊ Apple ရဲ့ iPhone 7 Plus နဲ့ပါ ဆက်လက်နှိုင်းယှဉ်စမ်းသပ်ခဲ့ပါတယ်။ နှိုင်းယှဉ်စမ်းသပ်လို့ ရရှိခဲ့တဲ့ရလဒ်ကို အောက်ကဓာတ်ပုံမှာ ကြည့်ရှုနိုင်ပါတယ်။


                ရရှိခဲ့တဲ့ရလဒ်ကိုကြည့်ခြင်းအားဖြင့် Samsung ရဲ့ S8+ ဟာ Google ရဲ့ Pixel XL ထက်တောင် Battery-Life ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိရပါတယ်။ Google ရဲ့ Pixel XL ဆိုတာ ၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံး Smarphone တစ်လုံးပါ။ ဒီဖုန်းထက်တောင် Battery-Life ပိုမိုကောင်းမွန်ခဲ့တဲ့ S8+ ဟာ iPhone 7 Plus ရဲ့ Battery-Life ကိုတော့ မယှဉ်နိုင်ခဲ့ပါဘူး။

                ရလဒ်အရ iPhone 7 Plus က ၉ နာရီ၊ ၅ မိနစ်ထိအောင် အသုံးခံနိုင်ခဲ့ပြီး၊ S8+ ကတော့ ၈ နာရီပဲ အသုံးခံခဲ့ပါတယ်။ ဒါကတော့ OS မတူတဲ့ ဖုန်းနှစ်လုံးကို စမ်းသပ်ထားတာ ဖြစ်တာကြောင့် ဘယ်ဖုန်းကတော့ဖြင့် ပိုကောင်းပါတယ်ဆိုပြီး မှတ်ယူလို့မရပါဘူး။ S8 နဲ့ S8+ မှာ Android Flagship Smartphone တွေထဲမှာတော့ Battery-Life ပိုမိုကောင်းမွန်တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

                နောက်ပြီး iPhone 7 Plus မှာ Fast Charging တွေ၊ Wireless Charging တွေ မပါဝင်သေးပါဘူး။ S8 နဲ့ S8+ မှာတော့ ဒီလို Feature တွေပါဝင်တာကြောင့် Battery ကုန်သွားတယ်ဆိုရင်တောင် ခဏလေးနဲ့ပြန်အားသွင်းလို့ရမှာပါ။ တိတိကျကျပြောရရင် 100% အထိပြန်အားသွင်းဖို့ ၁ နာရီနဲ့ မိနစ် ၄၀ ပဲ ကြာမှာပါ။ နောက်ပြီး PhoneArena ရဲ့ စမ်းသပ်ချက်အရ Samsung ရဲ့ Adaptive Charging နည်းပညာဟာလည်း S8 နဲ့ S8+ မှာ ပိုမိုကောင်းမွန်လာတယ်လို့ သိရှိရပါတယ်။

References
9to5Mac
About Author
Assinged Tags
Samsung Google Samsung Galaxy S8 Pixel XL iPhone 7 Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed