iOS 10.3 မှာ iCloud Syncing Feature ကို အလိုလျှောက်သွားဖွင့်တဲ့ Minor Bug ရှိနေ

date_range 05 April 2017

iOS 10.3 မှာ iCloud Syncing Feature ကို အလိုလျှောက်သွားဖွင့်တဲ့ Minor Bug ရှိနေ

visibility 1650 Views

                ဒီနေ့မှာပဲ Apple က iCloud အသုံးပြုသူတစ်ချို့ကို iOS 10.3 မှာ iCloud Syncing Feature ကို အလိုလျှောက်သွားဖွင့်တဲ့ Minor Bug ရှိနေတဲ့အကြောင်းကို Email ပို့ကာ Warning ပေးခဲ့ပါတယ်။ ဖျက်ပြီးသား Safari Browsing History တွေကို iCloud ထဲမှာ နှစ်ပါတ်လောက်ထိ သိမ်းထားတဲ့ Minor Bug လေးက (ဒီသတင်းကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်) အခုအချိန်ထိအောင် ရှိနေပါသေးတယ်။

                ဒီလိုမျိုး iCloud မှာ Minor Bug ရှိနေခြင်းကြောင့်လည်း TechX က Apple Product အသုံးပြုသူတွေရဲ့ Privacy အထိခိုက်ရအောင် ဒီ Syncing Feature ကို ဘယ်လိုပိတ်မလဲဆိုတဲ့ How To ဗီဒီယိုလေးလည်း တင်ဆက်ခဲ့ပါသေးတယ် (ဒီဗီဒီယိုကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်)။

                iOS 10.3 ကို Update လုပ်လိုက်တာနဲ့ ဒီလို Minor Bug ရှိနေသေးတဲ့ iCoud Syncing Feature ကိုမှ အလိုအလျှောက်သွားဖွင့်တယ်ဆိုတော့ ဒါဟာမဖြစ်သင့်တဲ့ Minor Bug လို့ဆိုနိုင်ပါတယ်။

                Apple က ပို့ပေးတဲ့ Warning Email ထဲမှာတော့ iOS 10.3 ကို Update လုပ်ပြီးသား အသုံးပြုသူတွေကို iCloud Syncing Feature ကို ပိတ်ဖို့အကြံပေးထားပါတယ်။ ဒါပေမယ့် ဘယ် iCloud ဝန်ဆောင်မှုကို သွားပြီးအကျိုးသက်ရောက်မှုရှိမလဲဆိုတာတော့ အတိအကျမသိရှိရသေးပါဘူး။ နောက်ဆုံးရရှိတဲ့ သတင်းအရတော့ iCloud Photo Library, iCloud Keychain နဲ့ Find My iPhone စတဲ့ ဝန်ဆောင်မှုတွေကိုတော့ အကျိုးသက်ရောက်မှုမရှိဘူးလို့ သိရှိရပါတယ်။

Warning Email ထဲမှာတော့

“iOS 10.3 Software Update မှာ Minor Bug လေးရှိနေတာကို ကျနော်တို့တွေ့ရှိထားပါတယ်။ ဒီ့အတွက်ကြောင့်လည်း Update လုပ်ပြီးသား အသုံးပြုသူတွေကို iCoud Syncing Feature ကိုပိတ်ပေးဖို့ အကြံပြုပါတယ်။ iCould Settings ထဲကိုသွားပြီး သင်အသုံးပြုချင်တဲ့ iCloud ဝန်ဆောင်မှုကိုသာ ဖွင့်ထားစေချင်ပါတယ်။ အကယ်လို့ မိမိကိုယ်တိုင် မလုပ်တတ်ဘူးဆိုရင်လည်း AppleCare ကို ဆက်သွယ်နိုင်ပါတယ်။

The iCloud Team

လို့ ရေးသားထားပါတယ်။

                iOS 10.3 ကို မတ်လ ၂၇ ရက်နေ့မှာ စတင် Release လုပ်ခဲ့တာဖြစ်ပြီး iCloud Storage ပိုင်းကိုလည်း အများကြီးပြုပြင်မှုတွေ လုပ်ခဲ့ပါတယ် (ဒီသတင်းကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်)။ ဒီ့အတွက်ကြောင့်လည်း iCloud Syncing Feature ကိုအလိုလျှောက်သွားဖွင့်တဲ့ ပြဿနာလေးလည်း ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

References
MacRumors
About Author
Assinged Tags
iOS Safari iCloud Browser History Syncing Feature Cloud Technology
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed