ဖျက်ပြီးသား Safari Browser History တွေကို iCloud ထဲမှာ လပေါင်းများစွာ သိမ်းထားဟုဆို

date_range 11 February 2017

ဖျက်ပြီးသား Safari Browser History တွေကို iCloud ထဲမှာ လပေါင်းများစွာ သိမ်းထားဟုဆို

visibility 150 Views

                Apple Device သုံးသူတွေဟာ သူတို့ရဲ့ Browser History တွေကို Permanent ဖျက်လိုက်ပြီဆိုတာနဲ့ iCloud မှာပါ ဖျက်ပစ်လိုက်တယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် Apple ရဲ့ Cross-Device Browser Syncing System ကြောင့် ပျက်သွားပြီလို့ ထင်ရတဲ့ Browser History တွေကို iCloud ထဲမှာ လပေါင်းများစွာ (ဒါမှမဟုတ်) တစ်နှစ်လောက်ထိအောင် သိမ်းထားတယ်ဆိုတာ သုံးစွဲသူတွေ မသိလိုက်ပါဘူး။

                iCloud မှာ အဲ့လိုဖြစ်နေတယ်ဆိုတာကို iOS Device တွေအတွက် Apple က ကာကွယ်ထားတဲ့ အချက်အလက်တွေကို ဆွဲထုတ်ပေးနိုင်တဲ့ Cracking Tools တွေကို Develop လုပ်နေတဲ့ Elcomsoft ဆိုတဲ့ Software Company က လေ့လာသူတွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

                Elcomsoft ရဲ့ CEO ဖြစ်တဲ့ Vladimir Katalov က “ကျွန်တော်တို့ Company ကနေပြီးတော့ တစ်နှစ်လောက်ရှိနေပြီဖြစ်တဲ့ ဖျက်ပြီးသား Browser History တွေကို iCloud ထဲကနေ ဆွဲထုတ်နိုင်ခဲ့တယ်” လို့ Forbes Magazine ကို ပြောခဲ့ပါတယ်။

                သူကပဲဆက်လက်ပြီးတော့ “Apple က ဖျက်ပြီးသား Browser History တွေကို iCloud ရဲ့ သီးသန့် အချက်အလက်သိမ်းစနစ် တစ်ခုဖြစ်တဲ့ Thombstone ဆိုတဲ့ စနစ်မှာ သိမ်းထားပါတယ်။ iCloud မှာ သုံးစွဲသူရဲ့ Device တွေအကုန်လုံးက Browsing အချက်အလက်တွေကို သိမ်းဆည်းဖို့အပြင် သုံးစွဲသူ ဖျက်လိုက်တဲ့ Browsing History တွေကိုပါ ဖျက်ပေးဖို့အတွက် Feature ပါဝင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ Elcomsoft က လေ့လာသူတွေက သုံးစွဲသူ ဖျက်ထားတာ တစ်နှစ်လောက်ရှိပေမယ့်လည်း iCloud ထဲမှာ မဖျက်ရသေးတာကို တွေ့ရှိခဲ့တဲ့အတွက် iCloud မှာ Error တက်နေတယ်ဆိုတာ သေချာပါတယ်” လို့ Elcomsoft Company ရဲ့ Phone Breaker Software ကို မိတ်ဆက်တဲ့နေ့မှာ ပြောကြားခဲ့ပါတယ်။


အပေါ်ကပုံကတော့ Elcomsoft ရဲ့ Phone Breaker Software နဲ့ Safari Browsing History တွေကို ဆွဲထုတ်ထားတဲ့ပုံ ဖြစ်ပါတယ်။

                အဲ့ဒီမိတ်ဆက်ပွဲအပြီးမှာ Forbes Magazine က လေ့လာသူတွေကလည်း Elcomsoft ရဲ့ Phone Breaker Software ကို သုံးပြီး နိုဝင်ဘာ ၂၀၁၅ လောက်ထဲက ဖျက်ထားတဲ့ Browsing History ၇၀၀၀ နီးပါး ရှာတွေ့ခဲ့ပါတယ်။

                ဒါပေမယ့် Forbes Magazine နဲ့ Elcomsoft တို့ရဲ့ iCloud မှာဖြစ်နေတဲ့ ပြဿနာကို လူထုကိုချပြပြိး မကြာခင်မှာပဲ Apple ကနေ တိတ်တိတ်ဆိတ်ဆိတ်လေးပဲ ဖြေရှင်းလိုက်ပါတယ်။ ဖျက်ပြီးသား Browser History တွေနှစ်ပါတ်တိတိပြည့်သွားရင် iCloud Server ထဲကနေ ဖျက်ပေးလိုက်တာပါ။ 

                Elcomsoft Company ရဲ့ Blog မှာတော့ “Apple ကလုပ်တာ ကျွန်တော်တို့သဘောမကျပါဘူး။ ဖျက်ပြီးသား Browser History တွေကို နှစ်ပါတ်ပြည့်တာနဲ့ Server ထဲက ဖျက်ပစ်မယ့်အစား၊ အဲ့ဒီ့ အချက်အလက်တွေကို Hacker တွေဖောက်လို့မလွယ်တဲ့ တခြား Server မှာ သွားသိမ်းထားတာ ပိုကောင်းမယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ အခုလောလောဆယ်ကတော့ သုံးစွဲသူတွေဖျက်ထားတဲ့ Browsing History တွေဟာ နှစ်ပါတ်တိုင်တိုင် iCloud ထဲမှာ ရှိနေဦးမှာပါ” လို့ ရေးထားပါတယ်။

                Forbes Magazine ကလည်း “Apple က iOS 9.3 နဲ့ အထက်၊ Safari 9.1 နဲ့အထက်တို့မှာ သုံးစွဲသူတွေဖျက်ထားတဲ့ Browsing HIstory တွေထဲက URL တွေကို Plaintext နဲ့ မသိမ်းထားပဲ ဖတ်ဖို့မလွယ်တဲ့ Hashes တွေပြောင်းပြီး သိမ်းထားပေမယ့်လည်း Elcomsoft Company ရဲ့ Phone Breaker Software ကတော့ Safari Version အသစ်တွေမှာ အလုပ်လုပ်ဦးမှာပဲ” လို့ ပြောထားပါသေးတယ်။

                Apple က iCloud ပြဿနာကို ယခုလို ဖြေရှင်းပေးလိုက်ပေမယ့်လည်း သုံးစွဲသူတွေအနေနဲ့ မိမိတို့ ဖျက်ထားတဲ့ Browser History တွေဟာ နှစ်ပါတ်အတွင်း iCloud ထဲမှာပဲ ရှိနေသေးတယ်ဆိုတာကို သတိပြုသင့်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ မိမိတို့ရဲ့ Browsing History တွေကို iCloud ထဲမှာ နှစ်ပါတ်လောက်ထားဖို့ အဆင်မပြေဘူးဆိုရင် ဒီလင်ခ့် ကို နှိပ်ပြီး iCloud ရဲ့ Syncing Feature ကို ဘယ်လိုပိတ်မလဲ ဖတ်ရှု့နိုင်ပါတယ်။

References
MacRumors
About Author

Related

Assinged Tags
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed