iOS 10.3 ယနေ့ထွက်ရှိ

date_range 28 March 2017

iOS 10.3 ယနေ့ထွက်ရှိ

visibility 14240 Views

                iOS 10.3 အတွက် Beta Version ၇ ခုတိတိထွက်ရှိပြီးနောက်မှာတော့ iPhone တွေ၊ iPad တွေ၊ iPod Touch တွေမှာ iOS 10.3 ကို Update လုပ်လို့ရပါပြီ။

                ပါဝင်လာတဲ့ Feature အသစ်တွေကတော့ Find My iPhone App ကို အသုံးပြုပြီး AirPods တွေကို ပြန်ရှာနိုင်ခြင်း၊ CarPlay ကိုပြန်လည်ပြုပြင်ထားခြင်း၊ File System အသစ်တစ်ခု ပြောင်းသွားခြင်း၊ စသည်ဖြင့် ပြောင်းလဲမှုတွေ၊ Feature အသစ်တွေနဲ့ပါ။

                iOS 10.3 ဟာ Find My iPhone App ကို အသုံးပြုပြီး AirPods တွေကို ပြန်ရှာနိုင်တဲ့ Feature အသစ်လေးပါလာတဲ့ ပထမဆုံး iOS Version ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ပထမဆုံးအနေနဲ့ iOS 10.3 မှာ iCloud Analytics ဆိုတဲ့ Feature လေးလဲ ပါဝင်လာပါတယ်။

                နောက်ထပ် Feature လေးကတော့ Developer တွေအတွက်ပဲ ဖြစ်ပါတယ်။ App အတွက်အသုံးပြုထားတဲ့ Icon တွေကို လွယ်လွယ်ကူကူ ပြောင်းလဲနိုင်တော့မှာဖြစ်ပြီး မိမိရေးထားတဲ့ App ကို Review လုပ်သွားခဲ့တယ်ဆိုရင်လည်း အဲ့ဒီ့ Review ကို Reply ပြန်နိုင်မှာပါ။

                အခု iOS 10.3 မှာ iOS အသုံးပြုသူတွေဟာ App Store ထဲက App တွေရဲ့ Review တွေကို “Helpful” ဒါမှမဟုတ် “Not Helpful” ပေးပြီး Feedback ပေးနိုင်မှာပါ။

                iOS 10.3 မှာ 32-Bit App တွေကို Support ပေးတော့မှာမဟုတ်ပါဘူး။ အကယ်လို့ မိမိသုံးနေတဲ့ App တစ်ခုဟာ 32-Bit ဖြစ်နေခဲ့တယ်ဆိုရင် အဲ့ဒီ့ App ကို ဖွင့်လိုက်ပြီဆိုတာနဲ့

“ဒီ App ဟာ နောက်ထပ်ထွက်ရှိလာမယ့် iOS Version တွေမှာ အလုပ်လုပ်မှာ မဟုတ်ပါဘူး။ ဒီ App ရေးတဲ့ Developer ဟာလည်း App ကို 64-Bit ပြောင်းပေးဖို့ လိုအပ်ပါတယ်”

ဆိုတဲ့ Warning တက်လာမှာ ဖြစ်ပါတယ်။ 32-Bit App တွေကို Support မလုပ်တော့ဘူးဆိုတာ Apple က Developer တွေကို ၂၀၁၅ ဖေဖော်ဝါရီလထဲက Warning ပေးခဲ့တာ ဖြစ်ပါတယ်။

                App တွေအဖွင့်၊ အပိတ်လုပ်တဲ့အခါမှာ အသုံးပြုထားတဲ့ Animation လေးတွေကိုလည်း ပြောင်းလဲထားပါတယ်။ App တိုင်းတော့သိသာမှာ မဟုတ်ပေမယ့် ဖွင့်ရတာနှေးတဲ့ App တွေဆိုရင်တော့ Animation တွေပြောင်းထားတာကို သိသိသာသာ မြင်ရမှာဖြစ်ပါတယ်။

                Settings ထဲမှာ အခုဆိုရင် မိမိရဲ့ Apple ID က ထိပ်ဆုံးက ဖြစ်သွားပါပြီ။ အဲ့ဒီ့ထဲကို ဝင်လိုက်မယ်ဆိုရင်တော့ အရင်ကထက် ပိုပြီးရှင်းလင်းတဲ့ UI နဲ့ ကိုယ့်ရဲ့ Apple ID ကို မြင်ရမှာဖြစ်ပါတယ်။ ဒီထဲမှာပဲ ကိုယ့်ရဲ့ Apple ID နဲ့ ပက်သတ်တဲ့ အချက်အလက်တွေကို ရှာဖွေလို့ရမှာလည်း ဖြစ်ပါတယ်။

                Apple ID Settings ထဲမှာပဲ iCloud ဆိုတဲ့ Menu လေးပါဝင်ပြီး၊ ဝင်လိုက်မယ်ဆိုရင်တော့ မိမိ iCloud ထဲမှာ Storage ဘယ်လောက်လွတ်သေးတယ်၊ ဘာတွေ Store လုပ်ထားတာလည်း ကြည့်ရှုလို့ရမှာပါ။ UI ပုံစံကတော့ macOS မှာ Storage ပြတဲ့ ပုံစံလိုမျိုးလေးပါ။

                Developer တွေအတွက် SiriKit ကို ထုတ်ပေးခဲ့တာ ကြာပါပြီ။ အခု Update မှာလည်း SiriKit ကို Update လုပ်ပေးလိုက်ပါတယ်။ ဒီတော့ Siri ကို ယခုထက် ပိုပြီး Intelligent ဖြစ်လာမယ်လို့တော့ ခန့်မှန်းရပါတယ် (ကျနော်ကိုယ်တိုင်လည်း Siri ကို သိပ်မကြိုက်ပါဘူး။​ တခြား AI တွေနဲ့ယှဉ်ရင် Weak ပါသေးတယ်)။

                iOS 10.3 မှာ ကျနော်အမြင်အရတော့ အဓိကပြောင်းလဲမှုက File System ကို ပြောင်းလိုက်ခြင်းပဲလို့ ထင်ပါတယ်။ HFS File System ကို ၁၉၉၈ ခုနှစ်ထဲက အသုံးပြုလာခဲ့တဲ့ Apple ဟာ မနှစ်ကထဲက APFS File System ကို ပြောင်းလဲအသုံးပြုဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အခု iOS Update မှာတော့ File System ကို ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။

                အခုပြောင်းလဲလိုက်တဲ့ File System ဟာ SSD Storage အတွက် Optimize လုပ်ထားတာ ဖြစ်တဲ့အတွက် iPhone တွေ၊ iPad တွေမှာ Data Transfer Speed ဟာ အရင်ကထက်တော့ မြန်မှာဖြစ်ပါတယ်။ နောက်ပြီး အခု File System က Encryption ကိုလည်း ပိုပြီးကောင်းမွန်အောင် လုပ်ထားတာဆိုတော့ Security ပိုင်းကလည်း အရင်ကထက် ပိုမိုကောင်းမွန် သွားမှာပါ။

                အပေါ်က Feature အသစ်တွေအကုန်လုံးက နည်းနည်းအရေးကြီးတဲ့ဟာတွေဖြစ်ပြီး၊ Minor Feature လေးတွေလည်း ကျန်ရှိပါသေးတယ်။ TechX ရဲ့ ပရိတ်သတ်တွေထဲက iOS အသုံးပြုနေတဲ့သူတွေကိုတော့ iOS 10.3 ကို ​Update လုပ်စေချင်ပါတယ်။ 

                အခု iOS အသစ်ကြောင့် Update လုပ်ခိုင်းတာတော့ မဟုတ်ပါဘူး။ iOS Version အသစ်ထွက်တာနဲ့ကို Update လုပ်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နည်းပညာကုမ္ပဏီတွေ Software Update ထုတ်ပေးရတဲ့ ရည်ရွယ်ချက်ကိုက ပိုကောင်း၊ ပိုမြန်၊ ပိုပြီးလုံခြုံတဲ့ OS တစ်ခုကို အသုံးပြုစေချင်လို့ပါ။

                Size ကတော့ကြီးပါတယ်။ 647.7 MB တောင်ရှိပါတယ်။ မိမိ iPhone ဒါမှမဟုတ် iPad မှာ Settings ထဲက၊ General ထဲက၊ Software Update ထဲကို ဝင်ပြီး Update လုပ်နိုင်သလို iTunes နဲ့ ချိတ်ဆက်ပြီးတော့လည်း Update လုပ်နိုင်ပါတယ် (ကျနော်လည်း Update လုပ်ပြီးပါပြီ)။

References
Forbes
About Author
Assinged Tags
iPhone iOS iPad
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed