Apple က icloud.net Domain ကို တိတ်တဆိတ် ဝယ်ယူ

date_range 22 February 2017

Apple က icloud.net Domain ကို တိတ်တဆိတ် ဝယ်ယူ

visibility Views

                Apple က သူတို့ရဲ့ “iCloud” ပက်သက်ပြီး သူတို့ဆီမှာ မရှိသေးတဲ့ Domain Name တစ်ခုကို မကြာသေးမီကမှ တိတ်တဆိတ် ဝယ်ယူလိုက်ပါတယ်။

                လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းကလည်း “icloud.com" ဆိုတဲ့ Domain ကို ဒေါ်လာ ၅.၂ သိန်း နဲ့ “Xcerion” ဆိုတဲ့ ဆွီဒင်ကုမ္ပဏီကနေ ဝယ်ယူခဲ့ဖူးသလို၊ ယခုအချိန်မှာဆိုရင် Apple ဟာ သူတို့ရဲ့ “iCloud” အတွက် Domain Name ပေါင်း ၁၀၀ ကျော်လောက် ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

                ယခု ဝယ်ယူလိုက်တဲ့ “icloud.net" Domain ဟာလည်း ၂၀၁၁ ခုနှစ်ကတည်းက အစပြုခဲ့တဲ့ “Social Network” ဝဘ်ဆိုဒ်လေး တစ်ခုဖြစ်ပါတယ်။ ဘယ်လောက်နဲ့ ဝယ်လိုက်တာဆိုတာကို ဘယ်သူမှ အတိအကျ မသိနိုင်ပေမယ့် Mac Rumors ဆိုတဲ့ ဝဘ်ဆိုဒ်ကတော့ ဒေါ်လာ ၁.၅ သိန်းနဲ့ ဝယ်ယူလိုက်တယ်လို့ ဆိုထားပါတယ်။

                အောက်ကပုံကတော့ ယခင် "icloud.net" ရဲ့ Service တွေကို ဖျက်သိမ်းတော့မှာဖြစ်ကြောင်း ကြေငြာထားတဲ့ပုံ ဖြစ်ပါတယ်။


                “icloud.net" ရဲ့ ယခင်ပိုင်ရှင်ကတော့ “icloud.net ဆိုတဲ့ Social Network ဝဘ်ဆိုဒ်လေးကတော့ သူရဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ပါတယ်။ အခုတော့ နားချိန်တန်ပြီပေါ့ဗျာ” လို့ ပြောကြားခဲ့ပါတယ်။

                အောက်ကပုံကတော့ https://who.is မှာ Apple က “icloud.net" ဆိုတဲ့ Domain ကို ပိုင်ဆိုင်ကြောင်း အထောက်အထားကို ပြထားတာပဲ ဖြစ်ပါတယ်။


References
Mac Rumors Tech Crunch
About Author
Assinged Tags
iCloud
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed