ကွေးလို့ရတဲ့ OLED Display အရေအတွက်ပေါင်း သန်း ၇၀ ကို Samsung ကနေ အော်ဒါမှာယူလိုက်တဲ့ Apple

date_range 04 April 2017

ကွေးလို့ရတဲ့ OLED Display အရေအတွက်ပေါင်း သန်း ၇၀ ကို Samsung ကနေ အော်ဒါမှာယူလိုက်တဲ့ Apple

visibility 5720 Views

                မျိုးဆက်သစ် iPhone ထွက်ရှိလာမယ့်ရက် နီးလာလေလေ၊ Apple ဘက်က ဘယ်လိုတွေစီစဉ်ထားလဲဆိုတာ ပိုပိုသိလာလေပါပဲ။ Nikkei က ထွက်ရှိလာတဲ့ Report အရ Apple က နောက်ထွက်မယ့် iPhone အတွက် ကွေးလို့ရတဲ့ OLED Display အရေအတွက်ပေါင်း သန်း ၇၀ ကို Samsung ကနေ အော်ဒါမှာယူလိုက်တယ်လို့ သိရှိရပါတယ်။

                Apple ဘက်က OLED Display အရေအတွက်ပေါင်း သန်း ၇၀ ကို မှာယူထားပေမယ့်လည်း Samsung ဘက်ကတော့ ဒီနှစ်အကုန်မှာ OLED Display အရေအတွက်ပေါင်း ၉၅ သန်းအထိ ထုတ်လုပ်သွားဖို့ ပြင်ဆင်ထားပါတယ် (ဒီသတင်းကို ဒီမှာ ဖတ်ရှုပါ)။ Samsung ဆီကနေ Apple က OLED Display တွေမှာယူရတဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ Samsung က အကောင်းဆုံး OLED Display တွေထုတ်လုပ်နိုင်လို့ပါ လို့ဆိုကြပါတယ်။

                မျိုးဆက်သစ် iPhone မှာ အသုံးပြုမယ့် Display အတွက် ထုတ်လုပ်ပေးမယ့်ကုမ္ပဏီကို လိုက်လံရှာဖွေရာမှာ Apple ဘက်က အကြိုက်မတွေ့ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ဘယ်ကုမ္ပဏီကိုမှအော်ဒါမအပ်တော့ပဲ Samsung ကိုပဲ အော်ဒါအပ်လိုက်ပါတော့တယ်။

                Display တွေကို အော်ဒါမှာယူလိုက်ပေမယ့် Apple ဘက်က Samsung ကို Chip တွေတော့ မထုတ်ခိုင်းတော့ပါဘူး။ အဲ့ဒီအတွက်လည်း Samsung ဘက်က Apple ဆီကနေ Chip အော်ဒါတွေပြန်လည်ရရှိအောင် ကြိုးစားနေပါတယ် (ဒီဆောင်းပါးကို ဒီမှာ ဖတ်ရှုပါ)။ အခုထွက်ရှိလာတဲ့ Galaxy S8 နဲ့ S8+ မှာ Samsung က 10nm Chip တွေအသုံးပြုပြလိုက်တာကြောင့် 10nm Chip တွေကို နောက်မျိုးဆက်သစ် iPhone တွေမှာ အသုံးပြုချင်နေတဲ့ Apple ဘက်ကလည်း Samsung ဆီက ပြန်လည်အော်ဒါမှာယူနိုင်ချေရှိပါတယ်။

                OLED Display တွေ ထုတ်လုပ်ရာမှာ နာမည်ကြီးတဲ့ Samsung ဆီကနေ Apple က OLED Display တွေ အော်ဒါမှာယူလိုက်ပြီဆိုတော့ နောက်ထပ်ထွက်ရှိလာမယ့် မျိုးဆက်သစ် iPhone တွေရဲ့ Display တွေကတော့ Quality ကောင်းမွန်ပြီး၊ ပိုပြီးကြည်လင်ပြတ်သားမယ်ဆိုတာကတော့ မလွဲမသွေပါပဲ။

References
9to5Mac
About Author
Assinged Tags
Samsung iPhone Samsung Galaxy S8 OLED Display
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed