OLED Display တွေ ထုတ်လုပ်ဖို့အတွက် ဒေါ်လာ ၉ ဘီလီယံခန့် ရင်းနှီးမြှပ်နှံသွားမယ့် Samsung

date_range 03 April 2017

OLED Display တွေ ထုတ်လုပ်ဖို့အတွက် ဒေါ်လာ ၉ ဘီလီယံခန့် ရင်းနှီးမြှပ်နှံသွားမယ့် Samsung

visibility 1090 Views

                အခုစျေးကွက်ထဲမှာ ထွက်ရှိထားသမျှ စမတ်ဖုန်းတွေထဲမှာ Samsung Galaxy ဖုန်းတွေရဲ့ OLED Display က အကောင်းဆုံးဆိုတာ ငြင်းမရပါဘူး။

                တောင်ကိုရီးယားသတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Investor ကနေ နောက်ဆုံးရရှိထားတဲ့သတင်းအရ Samsung Electronics ဟာ OLED Display တွေ တိုးချဲ့ထုတ်လုပ်ဖို့အတွက် Samsung Display ဌာနမှာ ဒေါ်လာ ၈.၉ ဘီလီယံလောက် ရင်းနှီးမြှပ်နှံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

                OLED Display အပေါ် ဒေါ်လာ ၉ ဘီလီယံလောက် ငွေကြးပမာဏအလုံးအရင်း မြှပ်နှံလိုက်တဲ့ အကြောင်းရင်းကတော့ တစ်ခုပဲဖြစ်နိုင်ပါတယ်။ Apple ရဲ့ အသစ်ထွက်ရှိမယ့် “iPhone 8” မှာ OLED သုံးဖို့က သေချာသလောက် ရှိနေတာကြောင့် Apple အတွက် Display အများအပြား ထုတ်လုပ်ပေးနိုင်ဖို့အတွက် ဖြစ်ပါတယ်။

                Apple ဟာ အရင် iPhone တွေတုန်းက သုံးခဲ့တဲ့ LCD Screen အစား အခုနှစ် iPhone အသစ်မှာ Samsung ရဲ့ OLED Screen ကို ပြောင်းလဲအသုံးပြုသွားဖို့ရှိပြီး၊ OLED Screen သုံး ပထမဆုံး Apple စမတ်ဖုန်း ဖြစ်လာမှာပါ။

                ၂၀၁၈ ခုနှစ်ကနေ စပြီးတော့ နောက်ထပ်ထွက်မယ့် iPhone မော်ဒယ်တွေမှာလည်း OLED Display ကိုပဲ အသုံးပြုသွားဖို့ ရှိတာကြောင့် Samsung အနေနဲ့ Display ဌာနအတွက် ဘတ်ဂျတ်အလုံးအရင်း ချပေးလိုက်တာပါ။

                Apple တင် မဟုတ်ဘဲ တခြားတရုတ်စမတ်ဖုန်းကုမ္ပဏီတွေကလည်း သူတို့ စမတ်ဖုန်းတွေမှာ OLED Display ကိုပဲ ပြောင်းလဲအသုံးပြုသွားဖို့ ကြိုးစားနေကြောင်း The Investor က ဖော်ပြထားပါတယ်။

                Apple ဟာ Samsung ဆီက OLED Display တွေကို ဝယ်ယူအသုံးပြုဖို့အတွက် စာချုပ်နှစ်ခုချုပ်ဆိုထားပြီး ဖြစ်ကြောင်း အတည်မပြုရသေးတဲ့ သတင်းတွေအရ သိရှိရပြီး၊ OLED Display ပေါင်း သန်း ၁၆၀ လောက် ဝယ်ယူမှာဖြစ်တယ်လို့ ဆိုပါတယ်။ OLED Display ပေါင်း သန်း ၆၀ အတွက်တင် Apple ဘက်က ၄.၃ ဘီလီယံ ဒေါ်လာလောက် ပေးချေခဲ့ရတယ်လို့ ဆိုတာကြောင့် အခု Samsung ရဲ့ ရင်းနှီးမြှပ်နှံမှုစရိတ်က Apple နဲ့တင် ကျေလောက်ပါတယ်။

References
BGR
About Author
Assinged Tags
Samsung iPhone OLED Display
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed