၂၀၁၈ မှာ အာကာသလည်ပတ်သူများကို သယ်ဆောင်သွားမယ့် Capsule ရဲ့ အတွင်းဒီဇိုင်းပိုင်းကို ပြသသွားတဲ့ Blue Origin

date_range 02 April 2017

၂၀၁၈ မှာ အာကာသလည်ပတ်သူများကို သယ်ဆောင်သွားမယ့် Capsule ရဲ့ အတွင်းဒီဇိုင်းပိုင်းကို ပြသသွားတဲ့ Blue Origin

visibility 200 Views

                SpaceX ရဲ့ CEO Elon Musk တစ်ယောက် ၂၀၁၈ ခုနှစ်ကျရင် အာကာသလည်ပတ်သူနှစ်ယောက်ကို လကမ္ဘာပေါ်သို့ ခေါ်ဆောင်သွားမယ်လို့ သတင်းကြားထဲက (ဒီသတင်းကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်) Amazon သူဌေး Jeff Bezos ကလည်း အားကျမခံ သူပိုင်တဲ့ Blue Origin ဆိုတဲ့ ကုမ္ပဏီကနေလည်း လကမ္ဘာကို ပစ္စည်းတွေပို့ပေးတဲ့ ဝန်ဆောင်မှုတစ်ခု လုပ်ပေးနိုင်ဖို့ ပြင်ဆင်ခဲ့ပါတယ် (ဒီသတင်းကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်)။

                အရင်ကတော့ Jeff Bezos က လကမ္ဘာဆီသို့ ပစ္စည်းတွေပို့ပေးတဲ့ ဝန်ဆောင်မှုတစ်ခု လုပ်နိုင်ဖို့ကြိုးစားခဲ့တယ် ဆိုပေမယ့် ယခုမှာတော့ အာကာသထဲကို လည်ပတ်သူတွေ ခေါ်သွားနိုင်ဖို့ပါ ပြင်ဆင်နေပါပြီ။ လိုက်ပါမယ့် အာကာသလည်ပတ်သူတွေဟာ New Shepard လွန်းပျံယာဉ်ထဲက Capsule ထဲကနေ လိုက်ပါသွားရမှာ ဖြစ်ပါတယ်။

                New Shepard ဆိုတာ Blue Origin ရဲ့ အာကာသထဲကို လည်ပတ်သူတွေခေါ်ဆောင်သွားမယ့် လွန်းပျံယာဉ်ရဲ့နာမည်ဖြစ်ပြီး ဒီလွန်းပျံယာဉ်ထဲက Capsule ရဲ့ အတွင်းဒီဇိုင်းပိုင်းကို မတ်လ ၂၉ ရက်နေ့က ပြသသွားပါတယ်။ 

                New Shepard ဟာ SpaceX ရဲ့ Falcon 9 လိုပဲ (Falcon 9 အကြောင်းကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်) ပြန်လည်အသုံးပြုနိုင်တဲ့ လွန်းပျံယာဉ်ဖြစ်ပြီး လွှတ်တင်လိုက်၊ ပြန်လည်အသုံးပြုလိုက် လုပ်နေခဲ့တာ ၅ ကြိမ်တိုင်တိုင် ရှိခဲ့ပါပြီ။ ဒါပေမယ့် ၅ ကြိမ်စလုံး လူတွေတော့ လိုက်ပါခဲ့ခြင်းမရှိပါဘူး။ 

                Blue Origin အနေနဲ့ ၂၀၁၈ ခုနှစ်မှာ အာကာသထဲ လည်ပတ်ချင်သူများကို ခေါ်ဆောင်သွားနိုင်ဖို့ စီစဉ်ထားပါတယ်လို့ CEO Jeff Bezos က ပြောထားပါတယ်။ New Shepard ရဲ့ Capsule အတွင်းဒီဇိုင်းပိုင်းဟာ SpaceX က Crew Dragon ဆိုတဲ့လွန်းပျံယာဉ်ရဲ့ Capsule အတွင်းဒီဇိုင်းနဲ့ ကွဲပြားပါတယ်။


                ဘာလို့လဲဆိုတော့ Crew Dragon က နိုင်ငံတကာအာကာသစခန်းကို အာကာသယာဉ်မှုးတွေ ပို့ပေးတာဆိုတော့ Capsule က သက်တောင့်သက်သာတော့ ရှိမှာမဟုတ်ပေမယ့် New Shepard က အာကာသခရီးသွားခြင်းကိုပဲ ဦးစားပေးထားတာကြောင့် Capsule က သက်တောင့်သက်သာရှိမှာ ဖြစ်ပါတယ်။


Bezos ကတော့ အခု Capsule အတွင်းဒီဇိုင်းပိုင်းနဲ့ ပက်သက်ပြီး

“လိုက်ပါမယ့် ခရီးသည်တွေထိုင်မယ့် ထိုင်ခုံတိုင်းရဲ့ ရှေ့မှာ မှန်ပြတင်းပေါက်တွေရှိမှာပါ။ နောက်ပြီး ဒီမှန်ပြတင်းပေါက်တွေဟာ လွန်းပျံယာဉ်တွေမှာ တပ်ဆင်တဲ့ မှန်ပြတင်းပေါက်တွေထဲမှာ အကြီးဆုံးပါပဲ။ ထိုင်ခုံတွေမှာတော့ Blue Origin ရဲ့ Logo အနေနဲ့ ငှက်မွှေးပုံလေး ထိုးပေးထားပါတယ်။ ငှက်မွှေးပုံကို Logo အနေနဲ့ ဘာကြောင့်ရွေးချယ်ရတာလဲဆိုတော့ အားအင်အပြည့်၊ မာန်အပြည့်နဲ့ ပျံသန်းမယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ပါ”

လို့ ပြောကြားသွားပါတယ်။


References
The Verge
About Author
Assinged Tags
SpaceX Elon Musk Space Travel Jeff Bezos Blue Origin Space Transportation International Space Station
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed