၂၀၁၈ မှာ လကမ္ဘာဆီသို့ လည်ပတ်သူနှစ်ယောက် ခေါ်ဆောင်သွားမယ့် SpaceX

date_range 01 March 2017

၂၀၁၈ မှာ လကမ္ဘာဆီသို့ လည်ပတ်သူနှစ်ယောက် ခေါ်ဆောင်သွားမယ့် SpaceX

visibility 40 Views

                Elon Musk ရဲ့ SpaceX ကုမ္ပဏီကတော့ နောက်လာမယ့်နှစ်ကို အကြီးအကျယ်ပြောင်းလဲပစ်ဖို့ ကြိုးစားနေပုံရပါတယ်။ ဒီနေ့ပဲ အမည်မဖော်လိုတဲ့သူနှစ်ယောက်က SpaceX ကို လာမယ့် ၂၀၁၈ ခုနှစ်နှောင်းပိုင်းအတွက် စီစဥ်ထားတဲ့ လကမ္ဘာဆီသွားမယ့် ခရီးစဥ်မှာ လိုက်ပါဖို့အတွက် ကြိုတင်ငွေသွင်းထားတယ်လို့ SpaceX မှ ကြေငြာလိုက်ပါတယ်။

                အဲ့ဒီ့ ကြိုတင်ငွေထဲမှာတော့ လိုက်ပါမည့်သူနှစ်ဦးရဲ့ ကျန်းမာရေး လေ့ကျင့်ခန်းတွေ၊ ကိုယ်ခန္ဓာ ကျန်းမာကြံခိုင်ခြင်း စစ်ဆေးမှုတွေ လည်းပါဝင်မှာဖြစ်ပြီး၊ ဒီနှစ်ထဲမှာလည်း အာကာသထဲမှာ နေထိုင်နိုင်အောင် လေ့ကျင့်ခန်းတွေလည်း ပေးသွားမှာပါ။ ဒါပေမယ့် ဒီကြိုတင်ငွေက ဘယ်လောက်လဲဆိုတာကိုတော့ မပြောသွားပါဘူး။

                ဒီခရီးစဥ်ဟာ လကမ္ဘာကိုပတ်ရုံလေးပဲဖြစ်ပြီး လကမ္ဘာပေါ်ကို ဆင်းသက်မယ့် အစီအစဥ်တော့ မပါပါဘူး။ “လကို တစ်ပတ်ပတ်ပြီး၊ အာကာသထဲ အနည်းငယ်ပြသပြီးတာနဲ့ ကမ္ဘာမြေကို ပြန်လည်ဆင်းသက်မှာပါ” လို့ SpaceX ရဲ့ CEO Elon Musk က ပြောကြားခဲ့ပါတယ်။ ခရီးစဥ် အစ/အဆုံး တစ်ပါတ်ကြာမြင့်မှာ ဖြစ်ပါတယ်။

                သူကပဲ ဆက်လက်ပြီး “ဒီခရီးစဥ်အောင်မြင်သွားရင်တော့၊ များမကြာမီကာလတွေမှာ လူသားတွေအကုန်လုံးအတွက် လကမ္ဘာဆီသို့ အလည်အပါတ်ခရီးစဥ်တွေ အများအပြား ပေါ်ပေါက်လာမှာဖြစ်ပါတယ်” လို့ လည်းပြောသွားပါသေးတယ်။

                ဒီခရီးစဥ်အတွက် SpaceX ရဲ့ Dragon Capsule တွေကို အသုံးပြုမှာဖြစ်ပြီး၊ ကုမ္ပဏီကတော့ “အစထဲက ဒီ Capsule တွေဟာ လူတွေတင်ဖို့အတွက် ဦးတည်ချက်ထားပြီး ဒီဇိုင်းဆွဲခဲ့တာပါလို့” ပြောထားပါသေးတယ်။ 

References
CNet Engadget
About Author
Assinged Tags
SpaceX Elon Musk Dragon Capsule Science Space Travel
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed