လွှတ်တင်ပြီးသား အာကာသလွန်းပျံယာဉ်တွေဟာ အရင်တုန်းကဆိုရင် လွှတ်တင်ပြီးတာနဲ့ သုံးမရတော့ပါဘူး။ အာကာသခရီးသွားသမိုင်းမှာ SpaceX ဟာ လွှတ်တင်ပြီးသား အာသာသလွန်းပျံယာဉ်တွေကို ကမ္ဘာမြေပေါ်ကို အောင်အောင်မြင်မြင် ပြန်လည်ဆင်းသက်ခိုင်းနိုင်ခဲ့တာ နှစ်နှစ်နီးပါးရှိပါပြီ။
အောင်မြင်စွာပြန်လည်ဆင်းသက်နိုင်ခဲ့တဲ့ လွန်းပျံယာဉ်တွေထဲမှာ Falcon 9 လည်း အပါအဝင်ပါ။ SpaceX ဟာ Falcon 9 ကို မနေ့ကပဲ အာကာသထဲသို့ ပြန်လည်လွှတ်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Falcon 9 ကို ပြန်လည်ပြင်ဆင်မွန်းမံမှုတွေ သေသေချာချာပြုလုပ်ပြီးတဲ့ အခါမှာတော့ အမေရိကန်နိုင်ငံ၊ Florida ပြည်နယ်၊ Cape Canaveral မြို့မှာရှိတဲ့ လွန်းပျံယာဉ်လွှတ်တင်ရေးစခန်းကနေ အာကာသထဲကို ပြန်လည်လွှတ်တင်နိုင်ခဲ့ပါတယ်။
Falcon 9 ဟာ သူနဲ့အတူ အာကာသပတ်လမ်းကြောင်းထဲကို ပို့ပေးဖို့ ဆက်သွယ်ရေး Satellite တစ်ခုကို သယ်ဆောင်သွားခဲ့ပြီး Atlantic သမုဒ္ဒရာထဲမှာ အသင့်စောင့်မျှော်နေတဲ့ SpaceX ရဲ့ Drone Ship ပေါ်မှာ ပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။
ဒီတစ်ခေါက် Falcon 9 ပြန်လည်ဆင်းသက်နိုင်ခဲ့ခြင်းဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်ဆင်းသက်နိုင်ခဲ့တာကတော့ ၂၀၁၆ ခုနှစ် ဧပြီလတုန်းက ဖြစ်ပါတယ်။ ဒီလိုမျိုး လွှတ်တင်ပြီးသား အာကာသလွန်းပျံယာဉ်ကို ပြန်လည်လွှတ်တင်နိုင်ခဲ့ခြင်းဟာ အာကာသခရီးသွားသမိုင်းမှာ တဆစ်ချိုးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
SpaceX ရဲ့ CEO Elon Musk ကြီးကတော့ Falcon 9 လွှင့်တင်ခြင်း Live လွှင့်မှုအပြီးမှာ ရောက်ရှိလာပြီး SpaceX ရဲ့ တဆစ်ချိုးအောင်မြင်မှုကြီးအတွက်
“ဒါဟာ လွှင့်တင်ပြီးသား အာကာသလွန်းပျံယာဉ်ကို ပြန်လည်လွှင့်တင်နိုင်တယ်ဆိုတဲ့ သက်သေတစ်ခုပါပဲ။ လွန်းပျံယာဉ်မှာ ဈေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Orbital Class Booster ကို ပြန်လည်အသုံးချနိုင်ပြီဆိုတော့ ဒါဟာ အာကာသခရီးသွားခြင်းကို တစိတ်တပိုင်း ပြောင်းလဲလိုက်နိုင်တာပဲ ဖြစ်ပါတယ်”
လို့ ပြောကြားသွားခဲ့ပါတယ်။
Join Us On