AI နည်းပညာကို လူတွေရဲ့ဦးနှောက်နဲ့ ပေါင်းစပ်မယ့်နိုင်မယ့် နည်းပညာသစ်ကို ရှာဖွေမယ့် Neuralink ဆိုတဲ့ ဆေးဝါးသုတေသနကုမ္ပဏီအသစ်

date_range 01 April 2017

AI နည်းပညာကို လူတွေရဲ့ဦးနှောက်နဲ့ ပေါင်းစပ်မယ့်နိုင်မယ့် နည်းပညာသစ်ကို ရှာဖွေမယ့် Neuralink ဆိုတဲ့ ဆေးဝါးသုတေသနကုမ္ပဏီအသစ်

visibility 450 Views

                နည်းပညာသစ်ဆိုတာကလည်း ဒီဘက်နည်းပညာခေတ်ကြီးထဲမှာ တစ်ပုံတစ်ပင်ကြီးပါ။ အခု Neuralink ဆိုတဲ့ ဆေးဝါးသုတေသနကုမ္ပဏီအသစ်ဟာလည်း ဆန်းပါပေ့ဆိုတဲ့ နည်းပညာအသစ်ကိုမှ စူးစမ်းလေ့လာမယ့် ကုမ္ပဏီပါ။ ဘယ်သူပိုင်တာလည်းဆိုတော့ SpaceX ရဲ့ CEO လည်းဖြစ်၊ Tesla ရဲ့ Founder နဲ့ CEO လည်းဖြစ်တဲ့ Elon Musk ကြီးပါ။

                ကားကုမ္ပဏီနဲ့လည်း နည်းပညာနယ်ပယ်မှာ နေရာရထားပြီးပြီ၊ အာကာသပစ္စည်းပို့ဆောင်ရေးကုမ္ပဏီနဲ့လည်း အာကာကခရီးသွားသမိုင်းမှာ တဆစ်ချိုးနိုင်ခဲ့ပြီးပြီ (ဒီသတင်းကို ဒီလင့်ခ် မှာဖတ်ရှုနိုင်ပါတယ်)၊ နောက်ထပ်လည်း ဆေးဝါးသုတေသနဘက်မှာလည်း နေရာတစ်ခုရယူချင်နေတဲ့ Elon Musk ဟာ Neuralink ဆိုတဲ့ ဆေးဝါးသုတေသနကုမ္ပဏီအသစ်ကို ထပ်မံတည်ထောင်လိုက်တယ်ဆိုတာ ရှင်းရှင်းပြောရရင် နည်းပညာနယ်ပယ်မှာ ခြေလှမ်းကျဲကျဲလှမ်းထားလိုက်တာပဲ ဖြစ်ပါတယ်။

            Elon Musk ကြီးကိုယ်တိုင် Neuralink မှာ အဓိကထား စူးစမ်းလေ့လာမယ့် နည်းပညာအသစ်ကို “Neural Lace” နည်းပညာလို့ နာမည်ပေးထားပြီး၊ AI နည်းပညာကို လူတွေရဲ့ဦးနှောက်နဲ့ ပေါင်းစပ်နိုင်မယ့် နည်းပညာသစ်တစ်ခု ဖြစ်ပါတယ်။

            Elon Musk ကိုယ်တိုင် Neuralink ကို တည်ထောင်လိုက်တယ်ဆိုတာကို တရားဝင်မကြေငြာပါဘူး။ အမေရိကန်နိုင်ငံ California ပြည်နယ်မှာ ၂၀၁၆ ဂျူလိုင်လထဲက Neuralink ကို ဆေးဝါးသုတေသနကုမ္ပဏီပါဆိုပြီး တရားဝင်စာရင်းသွင်းထားတဲ့ စာရွက်စာတမ်းတွေကို The Wall Street ဂျာနယ်က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

            The Wall Street ကနေ Elon Musk ကို မေးမြန်းတဲ့အခါမှာတော့ Neuralink အတွက် ကုန်ကျစရိတ်ကို သူကိုယ်တိုင်စိုက်ထုတ်ဖို့ စီစဉ်ထားတယ်လို့ ဖြေကြားသွားပါတယ်။ အခုလက်ရှိအချိန်ထိတော့ Neuralink ကနေ ဘယ်လိုပစ္စည်းဆန်းဆန်းပြားပြားတွေ ထုတ်လုပ်မယ်ဆိုတာကတော့ မသိရှိရသေးပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက အတော်ဆုံးဆိုမှ အတော်ဆုံးဆိုတဲ့သူတွေကို အလုပ်ခန့်လိုက်တယ်ဆိုတော့ ထွက်ရှိလာမယ့် နည်းပညာအသစ်ကတော့ စောင့်မျှော်ရကျိုးနပ်မယ်လို့ ထင်ပါတယ်။

References
Gadgets 360
About Author
Assinged Tags
Artificial Intelligence SpaceX Elon Musk Tesla Neuralink
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed