Galaxy S8 နဲ့ S8+ ကို ကွန်ပျူတာတစ်လုံးအဖြစ် ပြောင်းလဲပေးနိုင်တဲ့ Samsung ရဲ့ DeX Dock

date_range 30 March 2017

Galaxy S8 နဲ့ S8+ ကို ကွန်ပျူတာတစ်လုံးအဖြစ် ပြောင်းလဲပေးနိုင်တဲ့ Samsung ရဲ့ DeX Dock

visibility 8290 Views

                Samsung က Galaxy S8 နဲ့ S8+ ကို မိတ်ဆက်ရင်းနဲ့ (ဒီသတင်းကို ဒီလင့်ခ် မှာဖတ်ရှုနိုင်ပါတယ်) တစ်ခါထဲပဲ S8 နဲ့ S8+ တို့ကို ကွန်ပျူတာတစ်လုံးအဖြစ် ပြောင်းလဲပေးနိုင်မယ့် DeX Dock လေးကိုလည်း မိတ်ဆက်လိုက်ပါတယ်။ ဒီ Dock လေးမှာ Monitor နဲ့ ချိတ်ဆက်နိုင်ဖို့အတွက် HDMI Port ပါဝင်ပြီး၊ Keyboard နဲ့ Mouse တွေ ချိတ်ဆက်နိုင်ဖို့အတွက် USB Port နှစ်ခုလည်း ပါဝင်ပါတယ်။

                ထူးထူးခြားခြား S8 နဲ့ S8+ ကို Dock မှာ တပ်ဆင်အသုံးပြုတဲ့အခါမှာ ဖုန်းတွေမပူအောင် လုပ်ပေးမယ့် Fan လေးပါ ပါတယ်။ ဖုန်းကို Dock နဲ့ ချိတ်ဆက်လိုက်မယ်ဆိုရင်တော့ Monitor မှာ Samsung ရဲ့ Desktop Mode ပေါ်လာမှာဖြစ်ပြီး Google ရဲ့ Chrome OS နဲ့ အနည်းငယ် ဆင်တူပါတယ်။

                Google Playstore မှာရှိတဲ့ Android App တွေဟာ အများအားဖြင့် Screen Size အကြီးစားတွေကို Support မပေးနိုင်တာကြောင့် App အကုန်လုံးတော့ ကောင်းကောင်းအလုပ်လုပ်မှာ မဟုတ်ပါဘူး။ နောက်ပြီး Browser ကလည်း တခြား Browser တွေနဲ့ သုံးလို့ရဦးမှာမဟုတ်ပဲ Samsung Browser ကိုပဲ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

                Microsoft ရဲ့ Office App တွေနဲ့ Adobe ရဲ့ Mobile Creative Suite တွေကတော့ ကောင်းကောင်းအလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ S8 နဲ့ S8+ မှာပါဝင်တဲ့ Iris Scanner နဲ့လည်း Desktop Mode ကို Log In ဝင်နိုင်ပါတယ်။ Samsung ဟာ VMware နဲ့ပူးပေါင်းပြီး Windows Desktop App တွေကို DeX မှာ အသုံးပြုလို့ရအောင်လည်း ကြိုးစားနေပါတယ်။

                ဒီလိုမျိုး Smartphone တစ်လုံးကို ကွန်ပျူတာတစ်လုံးအဖြစ် အသုံးပြုလို့ရတဲ့ Tool ကို ထုတ်လုပ်ဖို့ကြိုးစားခဲ့တာ Samsung က ပထမဆုံးမဟုတ်ပါဘူး။ Motorola ကလည်း Atrix ဆိုတဲ့ Tool လေး ထုတ်လုပ်ခဲ့ဘူးပေမယ့် အောင်မြင်မှုမရရှိခဲ့ပါဘူး။ Microsoft ကလည်း အားကျမခံ Continuum ကို ပြန်လည်ပြုပြင်နေပါတယ်။ များမကြာမီ ကာလမှာတော့ Smarphone တစ်လုံးကို တကယ့်ကွန်ပျူတာတစ်လုံးလို အသုံးပြုနိုင်မယ့် နည်းပညာသစ်တစ်ခု ပေါ်လာမယ်လို့ ခန့်မှန်းရပေမယ့် အခုလောလောဆယ်ကတော့ နောက်ပေါ်လာမယ့် နည်းပညာသစ်အတွက် ခြေလှမ်းသစ်လို့ပဲ ဆိုရမှာပါ။

References
The Verge
About Author
Assinged Tags
Samsung Samsung Galaxy S8 Galaxy S8 Galaxy S8 Plus (Snapdragon) Samsung DeX DeX Dock
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed