China Development Forum မှာ Globalization နဲ့ User Privacy တို့ရဲ့ ကောင်းကွက်တွေကို ထောက်ပြသွားတဲ့ Tim Cook

date_range 20 March 2017

China Development Forum မှာ Globalization နဲ့ User Privacy တို့ရဲ့ ကောင်းကွက်တွေကို ထောက်ပြသွားတဲ့ Tim Cook

visibility 350 Views

                တရုတ်နိုင်ငံမှာ Research and Development Center နှစ်ခုကို တည်ဆောက်ဖို့စီစဉ်နေတဲ့ Apple ရဲ့ CEO Tim Cook ဟာ တရုတ်နိုင်ငံအစိုးရကိုယ်တိုင်က Sponsor ပေးထားတဲ့ China Development Forum မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

                တစ်နာရီလောက်ကြာခဲ့တဲ့ ဒီမိန့်ခွန်းမှာ Cook က Topic တွေအများကြီး ပြောကြားခဲ့ပေမယ့် Globalization နဲ့ User Privacy တို့နဲ့ ပက်သက်တဲ့အကြောင်းတွေကိုတော့ အသားပေးပြီး ပြောကြားသွားပါတယ်။ The Wall Street ဂျာနယ်ရဲ့အဆိုအရတော့ Cook မိန့်ခွန်းရဲ့ အဓိကအချက်က Globalization ပဲဖြစ်ပါတယ်။

“Globalization ဆိုတာ ကမ္ဘာတစ်ဝန်းလုံးအတွက် ကောင်းမွန်တယ်ဆိုသော်လည်း သူရဲ့ကောင်းမွန်တဲ့ အချက်တွေအကုန်လုံး ကမ္ဘာပေါ်မှာရှိသမျှနိုင်ငံတွေအကုန်လုံး တန်းတူညီမျှမရရှိပါသေးပါဘူး။ Globalization ကနေနောက်ဆုတ်သွားတာက နောက်ဆုတ်သွားတဲ့နိုင်ငံကို အကျိုးမပြုတဲ့အပြင် အဲ့ဒီ့နိုင်ငံတွင်းမှာ နေထိုင်နေကြတဲ့ ပြည်သူတွေအတွက်လည်း မကောင်းပါဘူး။ ပြည်သူတွေအကုန်လုံးကို မျက်စိပိတ်၊ နားပိတ်နေခိုင်းလိုက်တာနဲ့ အတူတူပါပဲ။”

လို့ Cook က Globalization ကိုမျက်ကွယ်မပြုသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

                CNBC သတင်းဌာနကတော့ Cook က တရုတ်အစိုးရကို တရုတ်နိုင်ငံသူ၊ နိုင်ငံသားတွေအပေါ် ထုတ်ပြန်ထားတဲ့ တင်းကျပ်ထားတဲ့ စည်းကမ်းတွေကို အနည်းငယ်ဖြေလျော့ပေးပြီး Globalize ဖြစ်အောင်လုပ်ဖို့ တိုက်တွန်းချင်ပုံရတယ်လို့ ဆိုထားပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ Cook က သူ့မိန့်ခွန်းမှာ

“တရုတ်နိုင်ငံအနေနဲ့လည်း ကမ္ဘာနဲ့အဆက်အသွယ်မဖြတ်သင့်ပဲ Globalization တံခါးလေးကို အနည်းငယ်ဟပေးလိုက်ရင် သိပ်ကောင်းမှာပဲ”

လို့ ပြောကြားခဲ့လို့ပါ။

User Privacy နဲ့ပက်သက်ပြီးတော့လည်း Cook က

“လူတစ်ဉီးတစ်ယောက်ချင်းစီနဲ့ ပက်သက်တဲ့သတင်းအချက်အလက်ဆိုတာ သက်ဆိုင်တဲ့သူရဲ့ လက်ထဲမှာပဲရှိသင့်ပြီး သူတစ်ဉီးတစ်ယောက်ထဲကပဲ သူနဲ့ပက်သက်တဲ့သတင်းအချက်အလက်ကို ထိန်းချုပ်ပိုင်ခွင့်ရှိသင့်တယ်”

လို့ ပြောကြားခဲ့ပါသေးတယ်။

                Apple အနေနဲ့လည်း အမေရိကန်အစိုးရရဲ့ Globalization မဆန်မှုတွေကြောင့် တရုတ်နိုင်ငံမှထုတ်လုပ်မှုတွေအကုန်လုံးကိုရပ်ဆိုင်းပြီး ချက်ခြင်းလက်ငင်း အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းလိုက်ရတဲ့အချက်ကို Globalization ကနောက်ဆုတ်ခြင်းရဲ့ ဆိုးကျိုးတစ်ခုအနေနဲ့ ထောက်ပြသွားခဲ့ပါတယ် (အဲ့ဒီ့သတင်းကို ဒီလင့်ခ် မှာဖတ်ရှုနိုင်ပါတယ်)။

                ဒီမိန့်ခွန်းပြီးတဲ့နောက် Cook က တရုတ်နိုင်ငံရဲ့ အင်တာနက်အသုံးပြုမှုထိန်းသိမ်းရေး အမှုဆောင်အရာရှိချုပ် Xu Lin နဲ့ တံခါးပိတ်အစည်းအဝေးတစ်ခုမှာ Security နဲ့ အင်တာနက်အသုံးပြုမှု စည်းကမ်းတွေအကြောင်းကို ဆက်လက်ဆွေးနွေးသွားခဲ့ပါတယ်။ တံခါးပိတ်အစည်းအဝေးတစ်ခုဖြစ်တာကြောင့် သူတို့နှစ်ယောက်ဘာတွေပြောခဲ့ကြလည်း ဆိုတာကတော့ ဘယ်သူမှသိမှာမဟုတ်ပါဘူး။

References
9to5Mac
About Author
Assinged Tags
Tim Cook Security Cyber Security Globalization Cyber Laws User Privacy China
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed